ရေဘဝဲမန်ဒီရဲ့ ဆိုးရွားလွန်းတဲ့အမှားအတွက် ချဲလ်ဆီးပရိသတ်တွေ ပေါက်ကွဲနေကြ

ချဲလ်ဆီးပရိသတ်တွေကတော့ လိဒ်ကို ၃ ဂိုးပြတ်အရေးနိမ့်တဲ့ပွဲစဉ်မှာ ဆိုးဆိုးရွားရွားမှားခဲ့တဲ့ သူတို့ဂိုးသမားမန်ဒီကို ပေါက်ကွဲနေကြပါတယ်။ မန်ဒီရဲ့အမှားကြောင့် အယ်လန်ရုဒ်မှာ အိမ်ရှင်အသင်း အရေးကြီးတဲ့ ဦးဆောင်ဂိုးရသွားခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာ ဆီနီဂေါဂိုးသမားဟာ သူ့ဆီပြန်ပေးတဲ့ဘောလုံးကို အသာဖမ်းထိန်းပြီး ပြိုင်ဘက်ကစားသမား အာရွန်ဆန်ကို လှည့်ထွက်ဖို့ကြိုးစားပေမယ့် ငြိသွားခဲ့တာကြောင့် အမေရိကန်ကွင်းလယ်လူက ဂိုးသမားမရှိတဲ့ဂိုးပေါက်ထဲကို

သာသာယာယာ ကန်သွင်းသွားခဲ့ပါတယ်။ တူချယ်ရဲ့အသင်းဟာ မန်ဒီကြောင့် ဦးဆောင်ဂိုးပေးလိုက်ရသလို ရိုဒရီဂိုနဲ့ ဟာရီဆန်တို့ဂိုးတွေကိုလည်း ထပ်မံခွင့်ပြုခဲ့ရပြီး စိတ်ပျက်စရာရလဒ်ပိုင်ဆိုင်ခဲ့ရတာပါ။ ချဲလ်ဆီး ပရိသတ်တွေကတော့

မန်ဒီရဲ့အမှားကို ခွင့်မလွှတ်ကြပါဘူး။ “ ဒါ မန်ဒီ့ဆီကလာတာ။ ကျွန်တော် မအံ့သြပါဘူး။ အခုခေတ်ဘောလုံးနဲ့ သက်သောင့်သက်သာမရှိတာကို မြင်လိုက်ရရုံပါပဲ ” လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာရေးထားပါတယ်။ နောက်တစ်ယောက်ကလည်း

“ ပြောရရင် အကြာကြီးပဲ။ မန်ဒီရဲ့ဘောလုံးပေးပုံက ကြောက်စရာကြီးပါ ” လို့ ဝေဖန်ထားပါတယ်။ ဒါ့အပြင် “ မန်ဒီ ဘာတွေးနေတာလဲ။ သူတစ်ယောက်ပဲ သိပါလိမ့်မယ်။ တကယ်လို့ သူဟာ ပြင်းထန်တဲ့ဖိအားတွေအောက်မှာရှိနေရင်

ဒီလိုဖြစ်မှာမဟုတ်ဘူး ” ၊ “ မန်ဒီ ဘောလုံးပေးပုံဟာ ဒီကမ္ဘာသာမက စကြာဝဠာမှာပါ အဆိုးဆုံးဖြစ်နိုင်တယ် ” ၊ “ စိတ်တော့မကောင်းပါဘူး။ ဒါပေမဲ့ မန်ဒီဟာ ကီပါကိုကျော်ပြီး ပွဲမထွက်သင့်ပါဘူး။ အထူးသဖြင့် ထိတ်လန့်စရာတွေ အကြာကြီးကြုံတွေ့နေရချိန်မျိုးဖြစ်နေလို့ပါ ” စတဲ့ မှတ်ချက်တွေလည်း

ပလူပျံသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ တစ်ဂိုးမှ ပြန်မသွင်းနိုင်ခဲ့သလို ပွဲပြီးကာနီးမှာလည်း နောက်ခံလူကူလီဘာလီ နှစ်ဝါတစ်နီနဲ့အထုတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက စပါးနဲ့သရေကျခဲ့တာကြောင့် နိုင်ပွဲလိုအပ်နေချိန်မှာ လိဒ်ကိုရှုံးနိမ့်ခဲ့ရတာကလည်း ဖိအားတွေပိုတိုးစေခဲ့ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ လိဒ္ကို ၃ ဂိုးျပတ္အေရးနိမ့္တဲ့ပြဲစဥ္မွာ ဆိုးဆိုး႐ြား႐ြားမွားခဲ့တဲ့ သူတို႔ဂိုးသမားမန္ဒီကို ေပါက္ကြဲေနၾကပါတယ္။ မန္ဒီရဲ႕အမွားေၾကာင့္ အယ္လန္႐ုဒ္မွာ အိမ္ရွင္အသင္း အေရးႀကီးတဲ့ ဦးေဆာင္ဂိုးရသြားခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာ ဆီနီေဂါဂိုးသမားဟာ သူ႔ဆီျပန္ေပးတဲ့ေဘာလုံးကို အသာဖမ္းထိန္းၿပီး ၿပိဳင္ဘက္ကစားသမား အာ႐ြန္ဆန္ကို လွည့္ထြက္ဖို႔ႀကိဳးစားေပမယ့္ ၿငိသြားခဲ့တာေၾကာင့္ အေမရိကန္ကြင္းလယ္လူက ဂိုးသမားမရွိတဲ့ဂိုးေပါက္ထဲကို သာသာယာယာ ကန္သြင္းသြားခဲ့ပါတယ္။

တူခ်ယ္ရဲ႕အသင္းဟာ မန္ဒီေၾကာင့္ ဦးေဆာင္ဂိုးေပးလိုက္ရသလို ႐ိုဒရီဂိုနဲ႔ ဟာရီဆန္တို႔ဂိုးေတြကိုလည္း ထပ္မံခြင့္ျပဳခဲ့ရၿပီး စိတ္ပ်က္စရာရလဒ္ပိုင္ဆိုင္ခဲ့ရတာပါ။ ခ်ဲလ္ဆီး ပရိသတ္ေတြကေတာ့ မန္ဒီရဲ႕အမွားကို ခြင့္မလႊတ္ၾကပါဘူး။ “ ဒါ မန္ဒီ့ဆီကလာတာ။ ကြၽန္ေတာ္ မအံ့ၾသပါဘူး။

အခုေခတ္ေဘာလုံးနဲ႔ သက္ေသာင့္သက္သာမရွိတာကို ျမင္လိုက္ရ႐ုံပါပဲ ” လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာေရးထားပါတယ္။ ေနာက္တစ္ေယာက္ကလည္း “ ေျပာရရင္ အၾကာႀကီးပဲ။ မန္ဒီရဲ႕ေဘာလုံးေပးပုံက ေၾကာက္စရာႀကီးပါ ” လို႔ ေဝဖန္ထားပါတယ္။

ဒါ့အျပင္ “ မန္ဒီ ဘာေတြးေနတာလဲ။ သူတစ္ေယာက္ပဲ သိပါလိမ့္မယ္။ တကယ္လို႔ သူဟာ ျပင္းထန္တဲ့ဖိအားေတြေအာက္မွာရွိေနရင္ ဒီလိုျဖစ္မွာမဟုတ္ဘူး ” ၊ “ မန္ဒီ ေဘာလုံးေပးပုံဟာ ဒီကမာၻသာမက စၾကာဝဠာမွာပါ အဆိုးဆုံးျဖစ္ႏိုင္တယ္ ” ၊

“ စိတ္ေတာ့မေကာင္းပါဘူး။ ဒါေပမဲ့ မန္ဒီဟာ ကီပါကိုေက်ာ္ၿပီး ပြဲမထြက္သင့္ပါဘူး။ အထူးသျဖင့္ ထိတ္လန႔္စရာေတြ အၾကာႀကီးႀကဳံေတြ႕ေနရခ်ိန္မ်ိဳးျဖစ္ေနလို႔ပါ ” စတဲ့ မွတ္ခ်က္ေတြလည္း ပလူပ်ံသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ တစ္ဂိုးမွ ျပန္မသြင္းႏိုင္ခဲ့သလို ပြဲၿပီးကာနီးမွာလည္း ေနာက္ခံလူကူလီဘာလီ ႏွစ္ဝါတစ္နီနဲ႔အထုတ္ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက စပါးနဲ႔သေရက်ခဲ့တာေၾကာင့္ ႏိုင္ပြဲလိုအပ္ေနခ်ိန္မွာ လိဒ္ကိုရႈံးနိမ့္ခဲ့ရတာကလည္း ဖိအားေတြပိုတိုးေစခဲ့ပါတယ္။