ရေပန်းစားနေတဲ့အတိုင်း FIFA The Best ဆုကို မက်ဆီ ဆွတ်ခူးခဲ့

PSG အသင်းရဲ့ အာဂျင်တီးနား,နာမည်ကျော်ကစားသမား မက်ဆီဟာ

၂၀၂၂ ခုနှစ်အတွက် FIFA The Best ဆုကို ဆွတ်ခူးခဲ့ပြီး ၂၀၁၉
နောက်ပိုင်း ဒုတိယအကြိမ်မြောက် ရရှိခဲ့ပါတယ်။

ဆုပေးပွဲမတိုင်ခင်ကတည်းက ၂၀၂၂ ခုနှစ်ရဲ့ FIFA The Best ဆုကို
မက်ဆီ ရယူသွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အခု သတင်
းထွက်နေတဲ့အတိုင်းပဲ မက်ဆီက နာမည်ကျော်ကစားသမားတွေဖြစ်တဲ့
ဘန်ဇီမာ၊ ဘာပေတို့ကို ကျော်ဖြတ်ပြီးတော့ ဆုရရှိခဲ့တာဖြစ်ပါတယ်။

အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ၂၀၂၂ ခုနှစ်အတွင်း
ကလပ်နဲ့ နိုင်ငံအသင်းအတွက် (၄၁)ပွဲကစား၊ (၁၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု
(၁၈)ကြိမ်ပြုလုပ်ခဲ့ပြီး PSG အသင်းနဲ့ ပြင်သစ်လီဂူး၊ ပြင်သစ်စူပါဖလားတွေ

ရယူခဲ့သလို အာဂျင်တီးနားအသင်းအတွက် ကြီးကျယ်ခမ်းနားတဲ့
အောင်မြင်မှုအဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးခဲ့ပါတယ်။

ဒါက မက်ဆီရဲ့ လက်ရွေးစင်ကစားသမားဘ၀ ဒုတိယမြောက် အဓိကဆုဖလား
ဖြစ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုကိုလည်း ရယူခဲ့ပါတယ်။
အဲဒါကြောင့် မက်ဆီဟာ ၂၀၂၂ ခုနှစ်အတွင်း ရီးယဲလ်နဲ့အတူ လာလီဂါ၊
ချန်ပီယံလိဂ်ဆုဖလားတွေ ရရှိခဲ့သူ ဘန်ဇီမာ၊ PSG နဲ့ ပြင်သစ်လီဂူး၊ ပြင်သစ်
စူပါဖလားတွေအပြင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြခဲ့သူ

ဘာပေတို့ကို ကျော်ဖြတ်ပြီး FIFA The Best ဆု ရရှိခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် FIFA The Best ဆုကို (၂)ကြိမ်ရရှိတဲ့သူတွေထဲမှာ စီရော်နယ်လ်ဒို

(၂၀၁၆၊ ၂၀၁၇)၊ လီဝန်ဒေါစကီး (၂၀၂၀၊ ၂၀၂၁)တို့နဲ့အတူ မက်ဆီကလည်း
တစ်ဦးအပါအဝင်ဖြစ်လာပါတယ်။ FIFA The Best ဆုကို မက်ဆီ ဆွတ်ခူးခဲ့သလို
ကျန်တဲ့အကောင်းဆုံးဆုတွေကိုလည်း အာဂျင်တီးနားကစားသမားတွေ ပိုင်ဆိုင်ခဲ့
ကြပါတယ်။

အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူခဲ့တဲ့ နည်းပြစကာလိုနီဟာ
၂၀၂၂ အကောင်းဆုံးနည်းပြဆုရရှိခဲ့ပြီး ဒီဆုရရှိတဲ့ ပထမဆုံးအာဂျင်တီးနားလူမျိုး
နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အကောင်းဆုံးဂိုးသမားဆုကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း
အတွက် လက်စွမ်းပြကာကွယ်မှုတွေလုပ်ပြခဲ့တဲ့ အီမီလီယာနိုမာတီနက်ဇ်

(အက်စတွန်ဗီလာ)က ဘိုနို(မော်ရိုကို/ဆီဗီလာ)၊ ကော်တွာ
(ဘယ်လ်ဂျီယံ/ရီးယဲလ်)တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့ပါတယ်။

[Zawgyi]

PSG အသင္းရဲ႕ အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမား မက္ဆီဟာ
၂၀၂၂ ခုႏွစ္အတြက္ FIFA The Best ဆုကို ဆြတ္ခူးခဲ့ၿပီး ၂၀၁၉
ေနာက္ပိုင္း ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့ပါတယ္။

ဆုေပးပြဲမတိုင္ခင္ကတည္းက ၂၀၂၂ ခုႏွစ္ရဲ႕ FIFA The Best ဆုကို
မက္ဆီ ရယူသြားမယ္လို႔ သတင္းေတြထြက္ေပၚခဲ့ၿပီး အခု သတင္
းထြက္ေနတဲ့အတိုင္းပဲ မက္ဆီက နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့
ဘန္ဇီမာ၊ ဘာေပတို႔ကို ေက်ာ္ျဖတ္ၿပီးေတာ့ ဆုရရွိခဲ့တာျဖစ္ပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ ၂၀၂၂ ခုႏွစ္အတြင္း
ကလပ္နဲ႔ ႏိုင္ငံအသင္းအတြက္ (၄၁)ပြဲကစား၊ (၁၇)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ

(၁၈)ႀကိမ္ျပဳလုပ္ခဲ့ၿပီး PSG အသင္းနဲ႔ ျပင္သစ္လီဂူး၊ ျပင္သစ္စူပါဖလားေတြ
ရယူခဲ့သလို အာဂ်င္တီးနားအသင္းအတြက္ ႀကီးက်ယ္ခမ္းနားတဲ့
ေအာင္ျမင္မႈအျဖစ္ ၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံဆု ဆြတ္ခူးခဲ့ပါတယ္။

ဒါက မက္ဆီရဲ႕ လက္ေ႐ြးစင္ကစားသမားဘ၀ ဒုတိယေျမာက္ အဓိကဆုဖလား
ျဖစ္ခဲ့ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ေ႐ႊေဘာလုံးဆုကိုလည္း ရယူခဲ့ပါတယ္။
အဲဒါေၾကာင့္ မက္ဆီဟာ ၂၀၂၂ ခုႏွစ္အတြင္း ရီးယဲလ္နဲ႔အတူ လာလီဂါ၊
ခ်န္ပီယံလိဂ္ဆုဖလားေတြ ရရွိခဲ့သူ ဘန္ဇီမာ၊ PSG နဲ႔ ျပင္သစ္လီဂူး၊ ျပင္သစ္

စူပါဖလားေတြအျပင္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ေျခစြမ္းျပခဲ့သူ
ဘာေပတို႔ကို ေက်ာ္ျဖတ္ၿပီး FIFA The Best ဆု ရရွိခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ FIFA The Best ဆုကို (၂)ႀကိမ္ရရွိတဲ့သူေတြထဲမွာ စီေရာ္နယ္လ္ဒို
(၂၀၁၆၊ ၂၀၁၇)၊ လီဝန္ေဒါစကီး (၂၀၂၀၊ ၂၀၂၁)တို႔နဲ႔အတူ မက္ဆီကလည္း
တစ္ဦးအပါအဝင္ျဖစ္လာပါတယ္။ FIFA The Best ဆုကို မက္ဆီ ဆြတ္ခူးခဲ့သလို
က်န္တဲ့အေကာင္းဆုံးဆုေတြကိုလည္း အာဂ်င္တီးနားကစားသမားေတြ ပိုင္ဆိုင္ခဲ့
ၾကပါတယ္။

အာဂ်င္တီးနားအသင္းနဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံဆု ရယူခဲ့တဲ့ နည္းျပစကာလိုနီဟာ
၂၀၂၂ အေကာင္းဆုံးနည္းျပဆုရရွိခဲ့ၿပီး ဒီဆုရရွိတဲ့ ပထမဆုံးအာဂ်င္တီးနားလူမ်ိဳး

နည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အေကာင္းဆုံးဂိုးသမားဆုကို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္း

အတြက္ လက္စြမ္းျပကာကြယ္မႈေတြလုပ္ျပခဲ့တဲ့ အီမီလီယာႏိုမာတီနက္ဇ္
(အက္စတြန္ဗီလာ)က ဘိုႏို(ေမာ္႐ိုကို/ဆီဗီလာ)၊ ေကာ္တြာ
(ဘယ္လ္ဂ်ီယံ/ရီးယဲလ္)တို႔ကို ေက်ာ္ျဖတ္ၿပီး ဆြတ္ခူးခဲ့ပါတယ္။