
ယနေ့ညမှာတော့ ရီးရဲမက်ဒရစ် နှင့် ဘာစီလိုနာတို့ အက်ကလက်စီကို
ဒါဘီပွဲစဉ်အဖြစ် ဆန်တီယေဂို ဘာနေဗျူးမှာ ကစားသွားဖို့ ရှိနေပါတယ်။
ဘာစီလိုနာက ဇာဗီလက်ထက်မှာ ပြိုင်ပွဲစုံ နောက်ဆုံး ( ၁၁ ) ပွဲဆက်
ရှုံးနိမ့်ထားခြင်းမရှိသေးသလို ရီးရဲမက်ဒရစ်ကလည်း လာလီဂါချန်ပီယံဆုရဖို့
အလားအလာကောင်းနေပြီး မကြာသေးမီက ဘာစီလိုနာ ကစားသမားဟောင်း
လီယွန်နယ် မက်ဆီရဲ့ ပီအက်ဂျီအသင်းကို အနိုင်ယူကာ ချန်ပီယံလိဂ်
ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားပါတယ်။
ဒါကြောင့် ယခု အက်ကလက်စီကိုပွဲစဉ်မှာ ရီးရဲမက်ဒရစ်အနေနဲ့
ကမ္ဘာ့ဘောလုံး ထိပ်တန်းစင်မြင့်ပေါ် ပြန်လည်တက်ရောက်လာတဲ့
ဘာစီလိုနာထံကနေ ဘာတွေမျှော်လင့်ထားသင့်တယ်ဆိုတာ
သုံးသပ်တင်ပြပေးလိုက်ပါတယ်။
– ဖော့စ်နိုင်း( False 9 ) နေရာက အူဘာမီယန်း
အူဘာမီယန်းက ဇာဗီလက်အောက်မှာ ဖော့စ်နိုင်းအနေနဲ့ ကစားနေပြီး
ဂိုးတွေမြူးနေပါတယ်။ ဒီပွဲမှာ ရီးရဲနောက်ခံလူတွေအနေနဲ့ ကွင်းလယ်ထိဆင်းပြီး
numerical superiority ရယူဖို့ ကြိုးစားလာမယ့် အူဘာကို ဘယ်လို
ကိုင်တွယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
လွန်ခဲ့တဲ့ ( ၁၀ ) နှစ်ကျော် ဂွာဒီယိုလာက မက်ဆီကို ဖော့စ်နိုင်းအဖြစ်
စတင်အသုံးပြုလိုက်ချိန် ဘာနေဗျူးမှာ ( ၅ ) ဂိုးထိ ခွင့်ပြုလိုက်ရတဲ့
အဖြစ်အပျက်မျိုး ထပ်မကြုံရဖို့ အန်ဆလော့တီ ဘယ်လိုပြင်ဆင်လာမလဲ
စောင့်ကြည့်ရမှာဖြစ်ပါတယ်။
– တောင်ပံ အလှည့်အပြောင်းများ
ဘာစီလိုနာက အူဘာကို တိုက်ရိုက်အဆက်အသွယ် မပြုလုပ်နိုင်ဘူးဆိုရင်
တောင်ပံတွေမှာ နားလည်မှုပြည့်ဝတဲ့ နေရာအလှည့်အပြောင်းတွေကို
အသုံးပြုလေ့ရှိပါတယ်။ ဘယ်ခြမ်းမှာဆိုရင် အယ်လ်ဘာ – ပက်ဒရီ – ဖာရန်း
ညာခြမ်းမှာဆိုရင် အဲလ်ဗတ် – ဖရန်ကီ – ဒမ်ဘီလီတို့က triangles ပုံစံ
ပေးပို့မှုလမ်းကြောင်းတွေနဲ့ ရီးရဲခံစစ်ကို ထိုးဖောက်ဖို့ ကြိုးစားလာပါလိမ့်မယ်။
– ဖရန်ကီ ဒီဂျောင် ရဲ့ Run In Behind များ
အူဘာက ကွင်းလယ်ထိ ဘောလုံးဆင်ယူချိန် ပြိုင်ဘက်ရဲ့ ဗဟိုခံစစ်
ကစားသမားတွေအနေနဲ့ မူလနေရာကနေ အနည်းငယ်ရှေ့တက်ပြီး
လိုက်ပါလေ့ရှိပါတယ်။ ဒီအခါ သူတို့ရဲ့ မူလနေရာတွေမှာ space တွေ ပေါ်လာတတ်ပါတယ်။
ဖရန်ကီက အဆိုပါ နေရာလွတ်တွေထဲ Run In Behind ပြုလုပ်လေ့ရှိပြီး
အူဘာ – ဘတ်စကွက်တို့ရဲ့ တွဲလုံးကနေ ထွက်ပေါ်လာတဲ့ ပေးပို့မှုတွေကို
လက်ခံရယူလေ့ရှိပါတယ်။ ဒါကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ဘာစီလိုနာရဲ့
အဓိကကျတဲ့ အခွင့်အရေး ဖန်တီးမှုပုံစံတစ်ခုဖြစ်လာပါတယ်။
– ဗဟိုခံစစ် ကစားသမားတွေရဲ့ ဘောလုံးသယ်ယူနိုင်မှု
ဘာစီလိုနာရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဂါလာတာစာရေးနဲ့ ပွဲမှာ ဗဟိုနောက်ခံ
ကစားသမားတွေရဲ့ ပြိုင်ဘက်ဧရိယာနားထိ ဘောလုံးသယ်ယူမှုတွေက
အလုပ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါတာဝန်ကို အကောင်းဆုံး
စွမ်းဆောင်နိုင်သူက အဲရစ် ဂါစီယာဖြစ်ပြီး ယခုပွဲစဉ်မှာ သူ့အစား
ဂျာရတ် ပီကေး နှင့် ရော်နယ် ဟာရာဟူရိုတို့ ပွဲထွက်ခွင့်ရဖွယ် ရှိနေပါတယ်။
– လိုအပ်ချက်တွေရှိနေတဲ့ နောက်ချန်ခံစစ် (Rest Defense)
ရီးရဲမက်ဒရစ်အနေနဲ့ ယခုပွဲစဉ်မှာ အကူးအပြောင်းကလာ ( transitions ) တွေကို
အကောင်းဆုံးအသုံးချပြီး ဘာကာကို ဒုက္ခပေးလာနိုင်ပါတယ်။
ဘာကာရဲ့ ဖူးလ်ဘက် ( full-backs ) တွေက တိုက်စစ်ကို အလွန်အကျွံ
လိုက်ပါလေ့ရှိပြီး ဘတ်စကွက်ကလည်း အသက်အရွယ်အရ အရင်လို
တားဆီးမှုတွေ မပြုလုပ်နိုင်တော့ပါဘူး။ ယခုပွဲမှာ လူငယ်ကစားသမား
ဆာဂျီညို ဒက်စ်က ဒဏ်ရာရနေတဲ့အတွက် သူ့အစား ဒန်နီ အဲလ်ဗတ်
ပါဝင်လာဖို့ ရှိနေပါတယ်။ ဒါက ဘာစီလိုနာရဲ့ ခံစစ်ကို ပိုပြီး အားနည်းသွားစေပါတယ်။
ရီးရဲတိုက်စစ်မှာတော့ ဘန်ဇီမားအစား လူကာယိုဗစ် ပါဝင်လာနိုင်ပါတယ်။
zawgyi
ရီးရဲအေနနဲ႔ ကမာၻ႔ေဘာလုံးထိပ္တန္းစင္ျမင့္ေပၚ ျပန္လည္တက္ေရာက္လာတဲ့ ဘာကာဆီက ဘာေတြေမွ်ာ္လင့္ထားသင့္လဲ? (ပြဲႀကိဳသုံးသပ္ခ်က္)
ယေန႔ညမွာေတာ့ ရီးရဲမက္ဒရစ္ ႏွင့္ ဘာစီလိုနာတို႔ အက္ကလက္စီကို
ဒါဘီပြဲစဥ္အျဖစ္ ဆန္တီေယဂို ဘာေနဗ်ဴးမွာ ကစားသြားဖို႔ ရွိေနပါတယ္။
ဘာစီလိုနာက ဇာဗီလက္ထက္မွာ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ( ၁၁ ) ပြဲဆက္
ရႈံးနိမ့္ထားျခင္းမရွိေသးသလို ရီးရဲမက္ဒရစ္ကလည္း လာလီဂါခ်န္ပီယံဆုရဖို႔
အလားအလာေကာင္းေနၿပီး မၾကာေသးမီက ဘာစီလိုနာ ကစားသမားေဟာင္း
လီယြန္နယ္ မက္ဆီရဲ႕ ပီအက္ဂ်ီအသင္းကို အႏိုင္ယူကာ ခ်န္ပီယံလိဂ္
ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ထားပါတယ္။
ဒါေၾကာင့္ ယခု အက္ကလက္စီကိုပြဲစဥ္မွာ ရီးရဲမက္ဒရစ္အေနနဲ႔
ကမာၻ႔ေဘာလုံး ထိပ္တန္းစင္ျမင့္ေပၚ ျပန္လည္တက္ေရာက္လာတဲ့
ဘာစီလိုနာထံကေန ဘာေတြေမွ်ာ္လင့္ထားသင့္တယ္ဆိုတာ
သုံးသပ္တင္ျပေပးလိုက္ပါတယ္။
– ေဖာ့စ္ႏိုင္း( False 9 ) ေနရာက အူဘာမီယန္း
အူဘာမီယန္းက ဇာဗီလက္ေအာက္မွာ ေဖာ့စ္ႏိုင္းအေနနဲ႔ ကစားေနၿပီး
ဂိုးေတြျမဴးေနပါတယ္။ ဒီပြဲမွာ ရီးရဲေနာက္ခံလူေတြအေနနဲ႔ ကြင္းလယ္ထိဆင္းၿပီး
numerical superiority ရယူဖို႔ ႀကိဳးစားလာမယ့္ အူဘာကို ဘယ္လို
ကိုင္တြယ္သြားမလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။
လြန္ခဲ့တဲ့ ( ၁၀ ) ႏွစ္ေက်ာ္ ဂြာဒီယိုလာက မက္ဆီကို ေဖာ့စ္ႏိုင္းအျဖစ္
စတင္အသုံးျပဳလိုက္ခ်ိန္ ဘာေနဗ်ဴးမွာ ( ၅ ) ဂိုးထိ ခြင့္ျပဳလိုက္ရတဲ့
အျဖစ္အပ်က္မ်ိဳး ထပ္မႀကဳံရဖို႔ အန္ဆေလာ့တီ ဘယ္လိုျပင္ဆင္လာမလဲ
ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
– ေတာင္ပံ အလွည့္အေျပာင္းမ်ား
ဘာစီလိုနာက အူဘာကို တိုက္႐ိုက္အဆက္အသြယ္ မျပဳလုပ္ႏိုင္ဘူးဆိုရင္
ေတာင္ပံေတြမွာ နားလည္မႈျပည့္ဝတဲ့ ေနရာအလွည့္အေျပာင္းေတြကို
အသုံးျပဳေလ့ရွိပါတယ္။ ဘယ္ျခမ္းမွာဆိုရင္ အယ္လ္ဘာ – ပက္ဒရီ – ဖာရန္း
ညာျခမ္းမွာဆိုရင္ အဲလ္ဗတ္ – ဖရန္ကီ – ဒမ္ဘီလီတို႔က triangles ပုံစံ
ေပးပို႔မႈလမ္းေၾကာင္းေတြနဲ႔ ရီးရဲခံစစ္ကို ထိုးေဖာက္ဖို႔ ႀကိဳးစားလာပါလိမ့္မယ္။
– ဖရန္ကီ ဒီေဂ်ာင္ ရဲ႕ Run In Behind မ်ား
အူဘာက ကြင္းလယ္ထိ ေဘာလုံးဆင္ယူခ်ိန္ ၿပိဳင္ဘက္ရဲ႕ ဗဟိုခံစစ္
ကစားသမားေတြအေနနဲ႔ မူလေနရာကေန အနည္းငယ္ေရွ႕တက္ၿပီး
လိုက္ပါေလ့ရွိပါတယ္။ ဒီအခါ သူတို႔ရဲ႕ မူလေနရာေတြမွာ space ေတြ ေပၚလာတတ္ပါတယ္။
ဖရန္ကီက အဆိုပါ ေနရာလြတ္ေတြထဲ Run In Behind ျပဳလုပ္ေလ့ရွိၿပီး
အူဘာ – ဘတ္စကြက္တို႔ရဲ႕ တြဲလုံးကေန ထြက္ေပၚလာတဲ့ ေပးပို႔မႈေတြကို
လက္ခံရယူေလ့ရွိပါတယ္။ ဒါကလည္း ေနာက္ပိုင္းပြဲစဥ္ေတြမွာ ဘာစီလိုနာရဲ႕
အဓိကက်တဲ့ အခြင့္အေရး ဖန္တီးမႈပုံစံတစ္ခုျဖစ္လာပါတယ္။
– ဗဟိုခံစစ္ ကစားသမားေတြရဲ႕ ေဘာလုံးသယ္ယူႏိုင္မႈ
ဘာစီလိုနာရဲ႕ ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ဂါလာတာစာေရးနဲ႔ ပြဲမွာ ဗဟိုေနာက္ခံ
ကစားသမားေတြရဲ႕ ၿပိဳင္ဘက္ဧရိယာနားထိ ေဘာလုံးသယ္ယူမႈေတြက
အလုပ္ျဖစ္ခဲ့တာေတြ႕ရပါတယ္။ ဒါေပမယ့္ အဆိုပါတာဝန္ကို အေကာင္းဆုံး
စြမ္းေဆာင္ႏိုင္သူက အဲရစ္ ဂါစီယာျဖစ္ၿပီး ယခုပြဲစဥ္မွာ သူ႔အစား
ဂ်ာရတ္ ပီေကး ႏွင့္ ေရာ္နယ္ ဟာရာဟူ႐ိုတို႔ ပြဲထြက္ခြင့္ရဖြယ္ ရွိေနပါတယ္။
– လိုအပ္ခ်က္ေတြရွိေနတဲ့ ေနာက္ခ်န္ခံစစ္ (Rest Defense)
ရီးရဲမက္ဒရစ္အေနနဲ႔ ယခုပြဲစဥ္မွာ အကူးအေျပာင္းကလာ ( transitions ) ေတြကို
အေကာင္းဆုံးအသုံးခ်ၿပီး ဘာကာကို ဒုကၡေပးလာႏိုင္ပါတယ္။
ဘာကာရဲ႕ ဖူးလ္ဘက္ ( full-backs ) ေတြက တိုက္စစ္ကို အလြန္အကြၽံ
လိုက္ပါေလ့ရွိၿပီး ဘတ္စကြက္ကလည္း အသက္အ႐ြယ္အရ အရင္လို
တားဆီးမႈေတြ မျပဳလုပ္ႏိုင္ေတာ့ပါဘူး။ ယခုပြဲမွာ လူငယ္ကစားသမား
ဆာဂ်ီညိဳ ဒက္စ္က ဒဏ္ရာရေနတဲ့အတြက္ သူ႔အစား ဒန္နီ အဲလ္ဗတ္
ပါဝင္လာဖို႔ ရွိေနပါတယ္။ ဒါက ဘာစီလိုနာရဲ႕ ခံစစ္ကို ပိုၿပီး အားနည္းသြားေစပါတယ္။
ရီးရဲတိုက္စစ္မွာေတာ့ ဘန္ဇီမားအစား လူကာယိုဗစ္ ပါဝင္လာႏိုင္ပါတယ္။
Leave a Reply