
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကတော့ လာမယ့်ဘောလုံးရာသီမှာ
အသင်းပြောင်းမယ့်အရေးနဲ့ပတ်သက်ပြီး လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့
အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဟာလန်းကို ခေါ်ယူဖို့အတွက် ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီးနဲ့
ယူနိုက်တက်တို့က ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်ဟာ ၂၀၁၅ ခုနှစ်ကတည်းက
ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိခဲ့ပြီး ဟီရန်ဗင်း၊ ဗီတက်စ်ဆီ၊
ဆိုစီဒက်နဲ့ အာဆင်နယ်တို့ထံ အငှားကစားသမားအဖြစ် ဖြတ်သန်းခဲ့ကာ
ပြီးခဲ့တဲ့နွေရာသီကမှ အာဆင်နယ်ထံအပြီးသတ်ရောက်ရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်ကတော့ သူ့အသင်းဖော်ဟာလန်းနဲ့
ပြောဖြစ်တဲ့စကားတွေထဲမှာ ရီးရဲလ်မက်ဒရစ်ကအကြောင်းတွေ ပါဝင်ခဲ့ပေမယ့်
ထူးထူးခြားခြားတော့ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ အိုဒီဂတ်နဲ့စကားပြောခဲ့တာ
ဖြစ်ပေမယ့် အာဆင်နယ်အကြောင်းတော့ မဟုတ်ခဲ့ပါဘူး။
ဟာလန်းနဲ့ အိုဒီဂတ်တို့ဟာ သောကြာနေ့ ဆလိုဗက်ကီးယားနဲ့ပွဲစဉ်၊
အင်္ဂါနေ့ အာမေးနီးယားနဲ့ ပွဲစဉ်တွေမှာ နော်ဝေအတွက် ပါဝင်ကစားပေးဖို့
ရှိနေပါတယ်။ ဒေါ့မွန်တိုက်စစ်မှူးဟာ ရာသီကုန်မှာအသင်းက ထွက်ခွာဖွယ်
ရှိနေပြီး လက်ရှိမှာတော့ မန်စီးတီးက ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။
၂၁နှစ်သားဟာ ဧပြီလ ၃၀ရက်နေ့မှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃သန်းနဲ့
ခေါ်ယူနိုင်ခွင့် ရှိနေတာကြောင့် ကေလာဟလတွေများစွာ ထွက်ပေါ်နေခဲ့ပါတယ်။
ဟာလန်းဟာ ယခုနှစ်ရာသီ ဒဏ်ရာမကြာခဏ ရခဲ့ပေမဲ့ ၂၃ဂိုးအထိ
သွင်းထားနိုင်ဆဲ ဖြစ်ပါတယ်။
zawgyi
ရီးရဲလ္ ကို ေျပာင္းဖို႔ အိုဒီဂတ္ ဆီ စူးစမ္းခဲ့ေလသလား ဟာလန္း
ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းကေတာ့ လာမယ့္ေဘာလုံးရာသီမွာ
အသင္းေျပာင္းမယ့္အေရးနဲ႔ပတ္သက္ၿပီး လက္ေ႐ြးစင္အသင္းေဖာ္ျဖစ္တဲ့
အာဆင္နယ္ကြင္းလယ္လူ အိုဒီဂတ္ကို ေမးျမန္းခဲ့တယ္လို႔ သိရပါတယ္။
ဟာလန္းကို ေခၚယူဖို႔အတြက္ ရီးရဲမက္ဒရစ္၊ ဘာစီလိုနာ၊ မန္စီးတီးနဲ႔
ယူႏိုက္တက္တို႔က ႀကိဳးပမ္းေနၾကတာျဖစ္ပါတယ္။
အာဆင္နယ္ကြင္းလယ္လူ အိုဒီဂတ္ဟာ ၂၀၁၅ ခုႏွစ္ကတည္းက
ရီးရဲလ္မက္ဒရစ္ကို ေရာက္ရွိခဲ့ၿပီး ဟီရန္ဗင္း၊ ဗီတက္စ္ဆီ၊
ဆိုစီဒက္နဲ႔ အာဆင္နယ္တို႔ထံ အငွားကစားသမားအျဖစ္ ျဖတ္သန္းခဲ့ကာ
ၿပီးခဲ့တဲ့ေႏြရာသီကမွ အာဆင္နယ္ထံအၿပီးသတ္ေရာက္ရွိခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ကြင္းလယ္လူ အိုဒီဂတ္ကေတာ့ သူ႔အသင္းေဖာ္ဟာလန္းနဲ႔
ေျပာျဖစ္တဲ့စကားေတြထဲမွာ ရီးရဲလ္မက္ဒရစ္ကအေၾကာင္းေတြ ပါဝင္ခဲ့ေပမယ့္
ထူးထူးျခားျခားေတာ့ မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။ အိုဒီဂတ္နဲ႔စကားေျပာခဲ့တာ
ျဖစ္ေပမယ့္ အာဆင္နယ္အေၾကာင္းေတာ့ မဟုတ္ခဲ့ပါဘူး။
ဟာလန္းနဲ႔ အိုဒီဂတ္တို႔ဟာ ေသာၾကာေန႔ ဆလိုဗက္ကီးယားနဲ႔ပြဲစဥ္၊
အဂၤါေန႔ အာေမးနီးယားနဲ႔ ပြဲစဥ္ေတြမွာ ေနာ္ေဝအတြက္ ပါဝင္ကစားေပးဖို႔
ရွိေနပါတယ္။ ေဒါ့မြန္တိုက္စစ္မႉးဟာ ရာသီကုန္မွာအသင္းက ထြက္ခြာဖြယ္
ရွိေနၿပီး လက္ရွိမွာေတာ့ မန္စီးတီးက ေခၚယူႏိုင္ဖို႔ ေရပန္းစားေနပါတယ္။
၂၁ႏွစ္သားဟာ ဧၿပီလ ၃၀ရက္ေန႔မွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၆၃သန္းနဲ႔
ေခၚယူႏိုင္ခြင့္ ရွိေနတာေၾကာင့္ ေကလာဟလေတြမ်ားစြာ ထြက္ေပၚေနခဲ့ပါတယ္။
ဟာလန္းဟာ ယခုႏွစ္ရာသီ ဒဏ္ရာမၾကာခဏ ရခဲ့ေပမဲ့ ၂၃ဂိုးအထိ
သြင္းထားႏိုင္ဆဲ ျဖစ္ပါတယ္။
Leave a Reply