ရီးရဲလ်မှာမကစားချင်တဲ့သူ အသင်းမှာမနေနဲ့လို့ ပြောလိုက်တဲ့ ဂန္ထဝင် ဂူတီ

ရီးရဲလ်မက်ဒရစ်ရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူဟောင်းဂူတီက

ရီးရဲလ်မက်ဒရစ်အတွက် မကစားပေးချင်တဲ့သူမှန်သမျှအသင်းမှာမနေကြနဲ့ လို့

ဝေဖန်ပြောကြားလိုက်ပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က El Clasico ပွဲမှာ

ဘာစီလိုနာကိုအိမ်ကွင်းမှာတင် ၄ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့တာကို ဂူတီကဒေါသထွက်ပြီး

အချို့သောကစားသမားတွေရဲ့အာရုံစူးစိုက်မှုနဲ့ ပေးဆပ်မှုတို့ကိုမေးခွန်းထုတ်သွားခဲ့တာပါ။

ဒါကြောင့်လည်း ဂူတီက နည်းပြအန်စလော့တီအနေနဲ့ အသင်းအတွက်

စိတ်ပါလက်ပါမရှိသူတွေကို စွန့်ပစ်မှသာပြိုင်ပွဲပေါင်းစုံမှာ စိန်ခေါ်နိုင်စွမ်း

ရှိလိမ့်မယ်လို့ တိုက်တွန်းခဲ့ပါတယ်။ သူက” ရီးရဲလ်အနေနဲ့ကစားသမား ၁၂ ဦး

ဒါမှမဟုတ် ၁၃ ဦးအထိထည့်ကစားလို့မရပါဘူး။ ချန်ပီယံလိဂ်၊ လာလီဂါနဲ့

စပိန်ဘုရင့်ဖလား တို့မှာစိန်ခေါ်နိုင်စွမ်းရှိတဲ့ ထိပ်တန်းအသင်းအနေနဲ့

ကစားသမား ၁၄ ဦးကိုထည့်သုံးလို့မရပါဘူး။ ရီးရဲလ်မှာဘာတွေဖြစ်နေတာလဲ။

အသင်းအတွက်ကစားပေးဖို့ဆန္ဒမရှိတော့ဘူးဆိုရင် ရီးရဲလ်မှာမနေကြနဲ့။

ဒါကသိပ်လွယ်ပါတယ်။ အန်စလော့တီအနေနဲ့ ဒါကိုပြောလိုက်ရုံပါဘဲ။

ရီးရဲလ်ကမင်းတို့ကိုလစာပေးနေလို့ မကစားဘဲနေလို့မရပါဘူး။

တစ်နှစ်လုံးမှာ တစ်ပွဲဘဲကစားရရင်တောင်မှ အဲဒီပွဲမှာအကောင်းဆုံးပေးဆပ်ပြီး

ကစားပေးရမှာဘဲ” လို့ပြောသွားပါတယ်။ ဂူတီက အန်စလော့တီကို ပြတ်သားစွာ

ကိုင်တွယ်ဖို့ အခုလိုတိုက်တွန်းလိုက်ပေမယ့်လည်း ဘာစီလိုနာနဲ့ပွဲမှာ

ဟာဇတ်၊ လူကာဂျိုဗစ်နဲ့ ဂါရတ်ဘေးလ် တို့ကိုမသုံးခဲ့တာကိုတော့ ဝေဖန်သွားခဲ့ပါတယ်။

သူကဆက်ပြီး”ကျွန်တော်က အန်စလော့တီဘဲထားပါတော့။

အရန်ခုံမှာ ဟာဇတ်၊ ဂျိုဗစ်၊ ဘေးလ်နဲ့ အစ္စကို တို့ရှိ‌နေတာကိုသိရမှာပါ။

ခင်ဗျားကလာပြီး ဒီလူတွေကို တစ်ယောက်မှမသုံးရင် ဘာတွေဖြစ်လာမလဲလို့

မေးလာရင် ရှုံးသွားမှာပေါ့လို့ဘဲဆိုရမှာပါ။ ဘာစီလိုနာနဲ့ပွဲမှာ ရီးရဲလ်က

ပထမဆုံးအပြောင်းအလဲလုပ်လိုက်တာ ဒီယက်ဇ် တဲ့။

ဒီတော့ တိုက်စစ်ကတက်မလာတော့ဘူးပေါ့ဗျာ။ ဒီယက်ဇ်ဟာ ဒီနှစ်ထဲမှာ

တစ်ပွဲမှ ကစားခဲ့ရတာမဟုတ်ဘူး။ ဒါမျိုးထပ်မဖြစ်ဖို့တော့လိုပါတယ်” လို့ပြောသွားပါတယ်။

zawgyi

ရီးရဲလ္မွာမကစားခ်င္တဲ့သူ အသင္းမွာမေနနဲ႔လို႔ ေျပာလိုက္တဲ့ ဂႏၴဝင္ ဂူတီ

ရီးရဲလ္မက္ဒရစ္ရဲ႕ ဂႏၴဝင္တစ္ဦးျဖစ္တဲ့ ကြင္းလယ္လူေဟာင္းဂူတီက

ရီးရဲလ္မက္ဒရစ္အတြက္ မကစားေပးခ်င္တဲ့သူမွန္သမွ်အသင္းမွာမေနၾကနဲ႔ လို႔

ေဝဖန္ေျပာၾကားလိုက္ပါတယ္။ ရီးရဲလ္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က El Clasico ပြဲမွာ

ဘာစီလိုနာကိုအိမ္ကြင္းမွာတင္ ၄ ဂိုးျပတ္နဲ႔အေရးနိမ့္ခဲ့တာကို ဂူတီကေဒါသထြက္ၿပီး

အခ်ိဳ႕ေသာကစားသမားေတြရဲ႕အာ႐ုံစူးစိုက္မႈနဲ႔ ေပးဆပ္မႈတို႔ကိုေမးခြန္းထုတ္သြားခဲ့တာပါ။

ဒါေၾကာင့္လည္း ဂူတီက နည္းျပအန္စေလာ့တီအေနနဲ႔ အသင္းအတြက္

စိတ္ပါလက္ပါမရွိသူေတြကို စြန႔္ပစ္မွသာၿပိဳင္ပြဲေပါင္းစုံမွာ စိန္ေခၚႏိုင္စြမ္း

ရွိလိမ့္မယ္လို႔ တိုက္တြန္းခဲ့ပါတယ္။ သူက” ရီးရဲလ္အေနနဲ႔ကစားသမား ၁၂ ဦး

ဒါမွမဟုတ္ ၁၃ ဦးအထိထည့္ကစားလို႔မရပါဘူး။ ခ်န္ပီယံလိဂ္၊ လာလီဂါနဲ႔

စပိန္ဘုရင့္ဖလား တို႔မွာစိန္ေခၚႏိုင္စြမ္းရွိတဲ့ ထိပ္တန္းအသင္းအေနနဲ႔

ကစားသမား ၁၄ ဦးကိုထည့္သုံးလို႔မရပါဘူး။ ရီးရဲလ္မွာဘာေတြျဖစ္ေနတာလဲ။

အသင္းအတြက္ကစားေပးဖို႔ဆႏၵမရွိေတာ့ဘူးဆိုရင္ ရီးရဲလ္မွာမေနၾကနဲ႔။

ဒါကသိပ္လြယ္ပါတယ္။ အန္စေလာ့တီအေနနဲ႔ ဒါကိုေျပာလိုက္႐ုံပါဘဲ။

ရီးရဲလ္ကမင္းတို႔ကိုလစာေပးေနလို႔ မကစားဘဲေနလို႔မရပါဘူး။

တစ္ႏွစ္လုံးမွာ တစ္ပြဲဘဲကစားရရင္ေတာင္မွ အဲဒီပြဲမွာအေကာင္းဆုံးေပးဆပ္ၿပီး

ကစားေပးရမွာဘဲ” လို႔ေျပာသြားပါတယ္။ ဂူတီက အန္စေလာ့တီကို ျပတ္သားစြာ

ကိုင္တြယ္ဖို႔ အခုလိုတိုက္တြန္းလိုက္ေပမယ့္လည္း ဘာစီလိုနာနဲ႔ပြဲမွာ

ဟာဇတ္၊ လူကာဂ်ိဳဗစ္နဲ႔ ဂါရတ္ေဘးလ္ တို႔ကိုမသုံးခဲ့တာကိုေတာ့ ေဝဖန္သြားခဲ့ပါတယ္။

သူကဆက္ၿပီး”ကြၽန္ေတာ္က အန္စေလာ့တီဘဲထားပါေတာ့။

အရန္ခုံမွာ ဟာဇတ္၊ ဂ်ိဳဗစ္၊ ေဘးလ္နဲ႔ အစၥကို တို႔ရွိ‌ေနတာကိုသိရမွာပါ။

ခင္ဗ်ားကလာၿပီး ဒီလူေတြကို တစ္ေယာက္မွမသုံးရင္ ဘာေတြျဖစ္လာမလဲလို႔

ေမးလာရင္ ရႈံးသြားမွာေပါ့လို႔ဘဲဆိုရမွာပါ။ ဘာစီလိုနာနဲ႔ပြဲမွာ ရီးရဲလ္က

ပထမဆုံးအေျပာင္းအလဲလုပ္လိုက္တာ ဒီယက္ဇ္ တဲ့။

ဒီေတာ့ တိုက္စစ္ကတက္မလာေတာ့ဘူးေပါ့ဗ်ာ။ ဒီယက္ဇ္ဟာ ဒီႏွစ္ထဲမွာ

တစ္ပြဲမွ ကစားခဲ့ရတာမဟုတ္ဘူး။ ဒါမ်ိဳးထပ္မျဖစ္ဖို႔ေတာ့လိုပါတယ္” လို႔ေျပာသြားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*