ရီးရဲလ်မက်ဒရစ်ရဲ့ ဘာမြူဒါတြိဂံဟာ ပြိုင်ဘက်တွေနဲ့ မျိုးဆက်သစ်တွေကို စိန်ခေါ်နိုင်ဆဲလို့ အန်ဆယ်လော့တီ ကြွေးကြော်

ရီးရဲလ်မက်ဒရစ်ဟာ နွေဈေးကွက်မှာ တိုက်စစ်မှူးတစ်ဦးရှာနေပေမယ့် မအောင်မြင်သေးပါဘူး။ ဒါပေမဲ့ သူတို့ အလျင်မလိုပါဘူးလို့ Marca သတင်းစာက ဖေါ်ပြလာပါတယ်။

အကြောင်းကတော့ အဖြူရောင်တော်ဝင်တိုက်စစ်ကိုဦးဆောင်နိုင်တဲ့ ဘန်ဇီမာရှိနေသလို ဗင်နီစီးယက်စ်နဲ့ ဟာဇက်အပြင် အဆန်စီယို၊ ရိုဒရိုင်ဂို၊ လာတာဆာနဲ့ မာရီယာနိုဒိုင်ယက်ဇ်တို့ကိုလည်း

ပိုင်ဆိုင်ထားတာကြောင့်ပါတဲ့။ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီကလည်း သူတို့ရဲ့ဘာမြူဒါတြိဂံဟာ ပြိုင်ဘက်တွေနဲ့ မျိုးဆက်သစ်ကစားသမားတွေကို စိန်ခေါ်နိုင်စွမ်းရှိနေဆဲလို့ ကြွေးကြော်လိုက်ပါတယ်။

ဂျူဗင်တပ်နဲ့ လော့စ်အိန်ဂျယ်လိစ်ခြေစမ်းပွဲအပြီးမှာ အန်ဆယ်လော့တီကိုယ်တိုင် သူ့ရဲ့ကွင်းလယ် ၃ ယောက်ကို မြို့ပြဂန္ထဝင်တွေလို့ ချီးကျူးသွားခဲ့တာပါ။

“ ကျွန်တော်ကတော့ ကက်စ်မီယို၊ တိုနီခရူးစ်နဲ့ လူကာမိုဒရစ်တို့ကို ဘာမြူဒါတြိဂံလို့ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးဟာ သူတို့ကြားထဲရောက်ရင် ပျောက်သွားလို့ပါ ” လို့

အန်ဆယ်လော့တီက ပြောခဲ့တာဖြစ်ပါတယ်။ အီတလီသားကြီးဟာ ဘာမြူဒါ၊ ပွာတိုရီကိုနဲ့ မိုင်ယာမီဆုံမှတ် တြိဂံဒေသမှာ သဘောၤတွေ၊ လေယာဉ်တွေ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားတဲ့အကြောင်း

ရေးသားရိုက်ကူးတဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေနဲ့ကြီးပြင်းလာခဲ့တဲ့ မျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့နောက် သူ့ရဲ့ကွင်းလယ်ကို ထူးထူးခြားခြားရည်ညွှန်းခဲ့တာပါ။

ပုံမှန်အားဖြင့်တော့ ဒီလိုခိုင်းနှိုင်းမှုမျိုးကို တိုက်စစ်အတွဲတွေမှာသာ တွေ့ရလေ့ရှိပေမယ့် ရီးရဲလ်ဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကွင်းလယ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့

အသင်းဖြစ်တယ်လို့ Marca သတင်းစာက သုံးသပ်ထားပါတယ်။ ၂၀၁၆ ကနေ ၂၀၂၂ ကြားမှာ ချန်ပီယံလိဂ် ၄ ကြိမ်ဆွတ်ခူးနိုင်ခဲ့တာဟာ ခိုင်မာတဲ့သက်သေပဲလို့လည်း ရေးသားထားတာပါ။

(zawgyi)

ရီးရဲလ္မက္ဒရစ္ဟာ ေႏြေဈးကြက္မွာ တိုက္စစ္မႉးတစ္ဦးရွာေနေပမယ့္ မေအာင္ျမင္ေသးပါဘူး။ ဒါေပမဲ့ သူတို႔ အလ်င္မလိုပါဘူးလို႔ Marca သတင္းစာက ေဖၚျပလာပါတယ္။ အေၾကာင္းကေတာ့

အျဖဴေရာင္ေတာ္ဝင္တိုက္စစ္ကိုဦးေဆာင္ႏိုင္တဲ့ ဘန္ဇီမာရွိေနသလို ဗင္နီစီးယက္စ္နဲ႔ ဟာဇက္အျပင္ အဆန္စီယို၊ ႐ိုဒ႐ိုင္ဂို၊ လာတာဆာနဲ႔ မာရီယာႏိုဒိုင္ယက္ဇ္တို႔ကိုလည္း ပိုင္ဆိုင္ထားတာေၾကာင့္ပါတဲ့။

ရီးရဲလ္နည္းျပ အန္ဆယ္ေလာ့တီကလည္း သူတို႔ရဲ႕ဘာျမဴဒါႀတိဂံဟာ ၿပိဳင္ဘက္ေတြနဲ႔ မ်ိဳးဆက္သစ္ကစားသမားေတြကို စိန္ေခၚႏိုင္စြမ္းရွိေနဆဲလို႔ ေႂကြးေၾကာ္လိုက္ပါတယ္။ ဂ်ဴဗင္တပ္နဲ႔ ေလာ့စ္အိန္ဂ်ယ္လိစ္ေျခစမ္းပြဲအၿပီးမွာ

အန္ဆယ္ေလာ့တီကိုယ္တိုင္ သူ႔ရဲ႕ကြင္းလယ္ ၃ ေယာက္ကို ၿမိဳ႕ျပဂႏၴဝင္ေတြလို႔ ခ်ီးက်ဴးသြားခဲ့တာပါ။ “ ကြၽန္ေတာ္ကေတာ့ ကက္စ္မီယို၊ တိုနီခ႐ူးစ္နဲ႔ လူကာမိုဒရစ္တို႔ကို ဘာျမဴဒါႀတိဂံလို႔ေခၚပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ေဘာလုံးဟာ သူတို႔ၾကားထဲေရာက္ရင္ ေပ်ာက္သြားလို႔ပါ ” လို႔ အန္ဆယ္ေလာ့တီက ေျပာခဲ့တာျဖစ္ပါတယ္။ အီတလီသားႀကီးဟာ ဘာျမဴဒါ၊ ပြာတိုရီကိုနဲ႔ မိုင္ယာမီဆုံမွတ္ ႀတိဂံေဒသမွာ

သေဘာေတၤြ၊ ေလယာဥ္ေတြ လွ်ိဳ႕ဝွက္ဆန္းၾကယ္စြာ ေပ်ာက္ဆုံးသြားတဲ့အေၾကာင္း ေရးသား႐ိုက္ကူးတဲ့ စာအုပ္ေတြ၊ ႐ုပ္ရွင္ေတြနဲ႔ႀကီးျပင္းလာခဲ့တဲ့ မ်ိဳးဆက္ျဖစ္ပါတယ္။ ဒါေၾကာင့္ ဂ်ဴဗင္တပ္ကို ၂-၀ ဂိုးနဲ႔ အႏိုင္ရတဲ့ေနာက္

သူ႔ရဲ႕ကြင္းလယ္ကို ထူးထူးျခားျခားရည္ၫႊန္းခဲ့တာပါ။ ပုံမွန္အားျဖင့္ေတာ့ ဒီလိုခိုင္းႏႈိင္းမႈမ်ိဳးကို တိုက္စစ္အတြဲေတြမွာသာ ေတြ႕ရေလ့ရွိေပမယ့္ ရီးရဲလ္ဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္

အေကာင္းဆုံးကြင္းလယ္တစ္ခုကို ပိုင္ဆိုင္ထားတဲ့ အသင္းျဖစ္တယ္လို႔ Marca သတင္းစာက သုံးသပ္ထားပါတယ္။ ၂၀၁၆ ကေန ၂၀၂၂ ၾကားမွာ ခ်န္ပီယံလိဂ္ ၄ ႀကိမ္ဆြတ္ခူးႏိုင္ခဲ့တာဟာ ခိုင္မာတဲ့သက္ေသပဲလို႔လည္း ေရးသားထားတာပါ။