ရီးရဲလ်ဆိုတာနဲ့ ငွေသုံးကြမ်းတဲ့အသင်းလို့ပဲ ထင်နေသူတွေ အံ့အားသင့်ခဲ့ရတဲ့ မှတ်တမ်းထွက်လာ

ရီးရဲလ်မက်ဒရစ်ဆိုတာနဲ့ ကြယ်စင်စုအသင်းလို့ လူတိုင်းနားလည်ထားကြပါတယ်။ ငွေကြေးအမြောက်အများသုံးစွဲပြီး ကမ္ဘာ့အကောင်းဆုံးဆိုတာတွေချည်းပဲ ရွေးချယ်ခေါ်ယူခဲ့ဖူးတာကြောင့် ဒီဂုဏ်ပုဒ်နဲ့လည်း တကယ်ထိုက်တန်ခဲ့တာပါ။

ဒါပေမဲ့ အဖြူရောင်တော်ဝင်အသင်းဟာ ဒီရာစုနှစ်အတွင်းမှာ ကြီးကျယ်တဲ့အသုံးစရိတ်တွေသာမက လိမ္မာပါးနပ်တဲ့ရောင်းချမှုတွေ ရှိခဲ့တာကိုလည်း အံ့အားသင့်စရာကောင်းလောက်အောင် တွေ့မြင်ရပါလိမ့်မယ်။ မကြာသေးခင်နှစ်တွေမှ

ာ သူတို့ဟာ လက်တင်သုံးရုံ နာမည်ကျော်တွေခေါ်ယူမှုထက် လူငယ်စီမံကိန်းတွေအပေါ် အလေးထားလုပ်ဆောင်လာခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့အကြီးကျယ်ဆုံးကြယ်ပွင့်အချို့ကို စွန့်လွှတ်ခဲ့တယ်။ တနည်းအားဖြင့် ရီးရဲလ်ဟာ

ကြယ်စင်စုပုံစံကနေ ခွဲထွက်လာခဲ့တယ်။ ဒါဟာ အန္တရာယ်များတဲ့နည်းဗျူဟာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ခရစ္စတီယာနိုရော်နယ်ဒိုလိုကစားသမားမျိုးကို ရောင်းချလိုက်ခြင်းအားဖြင့် သူတို့ရဲ့ပေးဆပ်မှုမှာ ဘန်ဇီမာအတွက်

အခွင့်အရေးပြန်ရခဲ့ရုံသာမက ဗင်နီစီးယက်စ်လို လူငယ်လေးတွေကို ထွန်းကားစေခဲ့တယ်။ ဒါပေမဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ဘာနေဗျူးကနေထွက်ခွာသွားတဲ့ တစ်ဦးတည်းသောကစားသမား မဟုတ်ခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ်ရဲ့ အကြီးမားဆုံးအပြောင်းအရွှေ့တွေဟာ ရော်နယ်ဒိုမတိုင်ခင်ကတည်းက ဖြစ်တည်ခဲ့တာပါ။ အနယ်ကာ၊ မက်ခီလီလီ၊ မိုရီယန်းတက်စ်၊ မိုက်ကယ်အိုဝင်နဲ့ ဘရာဇီးဂန္ထဝင်ရိုနယ်ဒိုတို့ကအစ ဟာကီမီ၊ ဗာရန်းနဲ့ ကက်စ်မီရိုတို့အဆုံး

အပြောင်းအရွှေ့ဈေးကွက်တွေမှာ ရီးရဲလ်ဈေးကစားခဲ့ပါတယ်။ ရှုံးတာရှိသလို မြတ်တာလည်းရှိခဲ့ပါတယ်။ တစ်ချိန်က ငွေကြေးသုံးစွဲတဲ့နေရာမှာ ဘယ်အသင်းမှလိုက်မမီခဲ့တဲ့ရီးရဲလ်ဟာ ကစားသမားရောင်းချမှုကနေ ယူရို ၁.၄ ဘီလီယံ ပြန်ရခဲ့တာတော့ အံ့အားသင့်စရာပါပဲ။

(zawgyi)

ရီးရဲလ္မက္ဒရစ္ဆိုတာနဲ႔ ၾကယ္စင္စုအသင္းလို႔ လူတိုင္းနားလည္ထားၾကပါတယ္။ ေငြေၾကးအေျမာက္အမ်ားသုံးစြဲၿပီး ကမာၻ႔အေကာင္းဆုံးဆိုတာေတြခ်ည္းပဲ ေ႐ြးခ်ယ္ေခၚယူခဲ့ဖူးတာေၾကာင့္ ဒီဂုဏ္ပုဒ္နဲ႔လည္း တကယ္ထိုက္တန္ခဲ့တာပါ။

ဒါေပမဲ့ အျဖဴေရာင္ေတာ္ဝင္အသင္းဟာ ဒီရာစုႏွစ္အတြင္းမွာ ႀကီးက်ယ္တဲ့အသုံးစရိတ္ေတြသာမက လိမၼာပါးနပ္တဲ့ေရာင္းခ်မႈေတြ ရွိခဲ့တာကိုလည္း အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေတြ႕ျမင္ရပါလိမ့္မယ္။

မၾကာေသးခင္ႏွစ္ေတြမွာ သူတို႔ဟာ လက္တင္သုံး႐ုံ နာမည္ေက်ာ္ေတြေခၚယူမႈထက္ လူငယ္စီမံကိန္းေတြအေပၚ အေလးထားလုပ္ေဆာင္လာခဲ့တယ္။ ဒါေၾကာင့္ သူတို႔ရဲ႕အႀကီးက်ယ္ဆုံးၾကယ္ပြင့္အခ်ိဳ႕ကို စြန႔္လႊတ္ခဲ့တယ္။

တနည္းအားျဖင့္ ရီးရဲလ္ဟာ ၾကယ္စင္စုပုံစံကေန ခြဲထြက္လာခဲ့တယ္။ ဒါဟာ အႏၲရာယ္မ်ားတဲ့နည္းဗ်ဴဟာတစ္ခု ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ခရစၥတီယာႏိုေရာ္နယ္ဒိုလိုကစားသမားမ်ိဳးကို ေရာင္းခ်လိုက္ျခင္းအားျဖင့္

သူတို႔ရဲ႕ေပးဆပ္မႈမွာ ဘန္ဇီမာအတြက္ အခြင့္အေရးျပန္ရခဲ့႐ုံသာမက ဗင္နီစီးယက္စ္လို လူငယ္ေလးေတြကို ထြန္းကားေစခဲ့တယ္။ ဒါေပမဲ့ ေပၚတူဂီၾကယ္ပြင့္ဟာ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘာေနဗ်ဴးကေနထြက္ခြာသြားတဲ့

တစ္ဦးတည္းေသာကစားသမား မဟုတ္ခဲ့ပါဘူး။ ရီးရဲလ္မက္ဒရစ္ရဲ႕ အႀကီးမားဆုံးအေျပာင္းအေ႐ႊ႕ေတြဟာ ေရာ္နယ္ဒိုမတိုင္ခင္ကတည္းက ျဖစ္တည္ခဲ့တာပါ။ အနယ္ကာ၊ မက္ခီလီလီ၊ မိုရီယန္းတက္စ္၊ မိုက္ကယ္အိုဝင္နဲ႔ ဘရာဇီးဂႏၴဝင္႐ိုနယ္ဒိုတို႔ကအစ ဟာကီမီ၊ ဗာရန္းနဲ႔ ကက္စ္မီ႐ိုတို႔အဆုံး အေျပာင္းအေ႐ႊ

႕ေဈးကြက္ေတြမွာ ရီးရဲလ္ေဈးကစားခဲ့ပါတယ္။ ရႈံးတာရွိသလို ျမတ္တာလည္းရွိခဲ့ပါတယ္။ တစ္ခ်ိန္က ေငြေၾကးသုံးစြဲတဲ့ေနရာမွာ ဘယ္အသင္းမွလိုက္မမီခဲ့တဲ့ရီးရဲလ္ဟာ ကစားသမားေရာင္းခ်မႈကေန ယူ႐ို ၁.၄ ဘီလီယံ ျပန္ရခဲ့တာေတာ့ အံ့အားသင့္စရာပါပဲ။