ရီးယဲလ်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ လီဗာပူးလ်တို့ စိတ်ပျက်စရာ သမိုင်းဝင်မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်၊

ပထမအကျော့အဖြစ် ရီးယဲလ်နဲ့ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ
မထင်မှတ်လောက်အောင် (၅-၂)ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် ပွဲချိန်(၁၄)မိနစ်အတွင်း ဒါဝင်နူးနက်ဇ်၊
ဆာလာတို့က (၂)ဂိုးဆက်တိုက်သွင်းခဲ့ပေမယ့် အနိုင်ဂိုးတွေကို
မထိန်းနိုင်တာကြောင့် ဂိုးပြန်ပေးလိုက်ရပြီး ဗင်နီစီယက်စ်(၂)ဂိုး၊
ဘန်ဇီမာ(၂)ဂိုး၊ မီလီတာအိုတို့က သွင်းယူခဲ့ကြပါတယ်။

အသက်(၂၂)နှစ်၊ (၂၂၄)ရက်သာရှိသေးတဲ့ ရီးယဲလ်လူငယ်ကြယ်ပွင့်
ဗင်နီစီယက်စ်ဟာ အေဂျက်စ်ဂန္ထဝင်ကစားသမား ယိုဟန်ခရိုက်ဖ်
(၁၉နှစ်၊ ၂၃၃ ရက် – ၁၉၆၆၊ ဒီဇင်ဘာ)နောက်ပိုင်း အဓိကဥရောပ

ပွဲစဉ်တစ်ပွဲအဖြစ် အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်ဘက်ကို (၂)ဂိုး
သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာပါတယ်။

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲချိန်
အတွင်း (၂-ဝ)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ (၃)ဂိုးကွာ(three-goal margin)
ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးကလပ်အဖြစ် မှတ်တမ်းဝင်သွားပါပြီ။

ဒါ့အပြင် ဥရောပပြိုင်ပွဲကြီးတစ်ခုရဲ့ အိမ်ကွင်းပွဲမှာ လီဗာပူးလ်တို့ ပြိုင်ဘက်ကို
ပထမဆုံးအကြိမ် (၅)ဂိုးအထိပေးခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစုံမှာတော့ ၂၁ ရာစု
အတွင်း ဒါက တတိယအကြိမ်မြောက်ဖြစ်ခဲ့ပါတယ်။

အခု ရီးယဲလ်မတိုင်ခင် လီဗာပူးလ်ကို အန်ဖီးလ်မှာ (၅)ဂိုးနဲ့အထက်
သွင်းနိုင်ခဲ့တာက အာဆင်နယ်ဖြစ်ပြီး ၂၀၀၇ လိဂ်ဖလား၊ ကွာတားဖိုင်နယ်မှာ
(၆-၃)ဂိုးနဲ့ အနိုင်ရခဲ့သလို ၂၀၁၉ လိဂ်ဖလားပြိုင်ပွဲမှာပဲ (၅-၅)ဂိုးစီ သရေကျ

ခဲ့ပါတယ်။

[Zawgyi]

လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္၊

ပထမအေက်ာ့အျဖစ္ ရီးယဲလ္နဲ႔ကစားခဲ့တဲ့ အိမ္ကြင္းပြဲမွာ
မထင္မွတ္ေလာက္ေအာင္ (၅-၂)ဂိုးနဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းအတြက္ ပြဲခ်ိန္(၁၄)မိနစ္အတြင္း ဒါဝင္ႏူးနက္ဇ္၊
ဆာလာတို႔က (၂)ဂိုးဆက္တိုက္သြင္းခဲ့ေပမယ့္ အႏိုင္ဂိုးေတြကို
မထိန္းႏိုင္တာေၾကာင့္ ဂိုးျပန္ေပးလိုက္ရၿပီး ဗင္နီစီယက္စ္(၂)ဂိုး၊
ဘန္ဇီမာ(၂)ဂိုး၊ မီလီတာအိုတို႔က သြင္းယူခဲ့ၾကပါတယ္။

အသက္(၂၂)ႏွစ္၊ (၂၂၄)ရက္သာရွိေသးတဲ့ ရီးယဲလ္လူငယ္ၾကယ္ပြင့္
ဗင္နီစီယက္စ္ဟာ ေအဂ်က္စ္ဂႏၴဝင္ကစားသမား ယိုဟန္ခ႐ိုက္ဖ္
(၁၉ႏွစ္၊ ၂၃၃ ရက္ – ၁၉၆၆၊ ဒီဇင္ဘာ)ေနာက္ပိုင္း အဓိကဥေရာပ

ပြဲစဥ္တစ္ပြဲအျဖစ္ အန္ဖီးလ္ကြင္းမွာ လီဗာပူးလ္ဘက္ကို (၂)ဂိုး
သြင္းယူႏိုင္တဲ့ အသက္အငယ္ဆုံးကစားသမားျဖစ္လာပါတယ္။

လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပြဲခ်ိန္
အတြင္း (၂-ဝ)ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ (၃)ဂိုးကြာ(three-goal margin)
ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပထမဆုံးကလပ္အျဖစ္ မွတ္တမ္းဝင္သြားပါၿပီ။

ဒါ့အျပင္ ဥေရာပၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ အိမ္ကြင္းပြဲမွာ လီဗာပူးလ္တို႔ ၿပိဳင္ဘက္ကို
ပထမဆုံးအႀကိမ္ (၅)ဂိုးအထိေပးခဲ့ရတာျဖစ္ၿပီး ၿပိဳင္ပြဲစုံမွာေတာ့ ၂၁ ရာစု
အတြင္း ဒါက တတိယအႀကိမ္ေျမာက္ျဖစ္ခဲ့ပါတယ္။

အခု ရီးယဲလ္မတိုင္ခင္ လီဗာပူးလ္ကို အန္ဖီးလ္မွာ (၅)ဂိုးနဲ႔အထက္
သြင္းႏိုင္ခဲ့တာက အာဆင္နယ္ျဖစ္ၿပီး ၂၀၀၇ လိဂ္ဖလား၊ ကြာတားဖိုင္နယ္မွာ
(၆-၃)ဂိုးနဲ႔ အႏိုင္ရခဲ့သလို ၂၀၁၉ လိဂ္ဖလားၿပိဳင္ပြဲမွာပဲ (၅-၅)ဂိုးစီ သေရက်

ခဲ့ပါတယ္။