
Footyheadlines ဝက်ဆိုဒ်ကနေ မန်ချက်စတာ ယူနိုက်တက်ရဲ့
( ၂၀၂၂/၂၃ ) ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝတ်ဆင်မယ့်
အိမ်ကွင်းဝတ်စုံတွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Adidas ကနေ ပြုလုပ်ထားတဲ့ အဆိုပါ အိမ်ကွင်းဝတ်စုံမှာ အဓိက အနီနက်ရောင် ပါဝင်ပြီး
အဖြူရောင် Adidas လိုဂို နှင့် ပုခုံးမှာ အနက်ရောင် အစင်းသုံးကြောင်း ပါဝင်ပါတယ်။
ဒီဂျာစီကို ပိုပြီးထူးခြားစေတာက ပိုလိုကော်လံ ပါဝင်ခြင်းဖြစ်ပါတယ်။
အဆိုပါ အဖြူရောင် ကော်လံမှာ ( ၁၉၉၄ ) ခုနှစ်ကလို တြိဂံပုံစံ ဒီဇိုင်းပါဝင်တာတွေ့ရပါတယ်။
( ၂၀၂၂/၂၃ ) မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်းဝတ်စုံ ခြေစွပ်မှာ
ရိုးရာအနက်ရောင်ကို အနီရောင်နဲ့ ပေါင်းစပ်ထားပါတယ်။
ရှေ့မှာ သရဲနီပုံစံ နှင့် နောက်မှာ အဖြူရောင် Adidas လိုဂိုပါဝင်ပါတယ်။
ထိပ်မှာတော့ အနီရောင် နှင့် အနက်ရောင်အစင်း ( ၃ ) ခုပါဝင်ပါတယ်။
အဆိုပါ အိမ်ကွင်းဝတ်စုံမှာ မန်ယူနိုက်တက်လိုဂိုကို ပင်တံခွန်ပုံစံနဲ့ ကာရံမှုပြုလုပ်ထားတာတွေ့ရပါတယ်။
( ၂၀၁၉ ) တုန်းလည်း အလားတူ အကာအရံပြုလုပ်ခဲ့ပေမယ့် ပုံစံ နှင့် အရောင်ကတော့ မတူညီပါဘူး။
zawgyi
ရာသီသစ်အတွက် ပိုလိုကော်လံပါဝင်တဲ့ မန်ချက်စတာယူနိုက်တက် အိမ်ကွင်းဝတ်စုံဒီဇိုင်း
Leave a Reply