ရွန်နီဟာ အနာဂါတ်မန်ယူနည်းပြကို အကြံအချို့ပေးလိုက်ပြီး အဲဒါကတော့
လာမယ့်ရာသီ ယူနိုက်တက် ဝန်းရံတည်ဆောက်သင့်တဲ့ကစားသမား ၄ ယောက်ကို
ဖွင့်ပြောလိုက်တာပါ။ လက်ရှိအချိန် မန်ယူမှာ ဘယ်သူက အမြဲတမ်းနည်းပြသစ်
ဖြစ်လာမလဲဆိုတာ မသိရသေးသလို လာမယ့်နွေရာသီအပြောင်းအလဲတွေမှာ
ဘယ်ကစားသမားတွေစတေးခံရမယ်ဆိုတာလည်း သဲသဲကွဲကွဲမရှိသေးပါဘူး။
ဒါပေမဲ့ မန်ယူဂန္ထဝင်ဟောင်းကတော့ လက်ရှိမန်ယူအသင်းများ ဝန်းရံ
တည်ဆောက်သင့်တဲ့ ကစားသမား ၄ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။
”ဆန်ချိုက လာမယ့်နှစ်မှာ ပိုကောင်းလာမယ်လို့ ထင်ပါတယ်။
ရက်ရှ်ဖို့ဒ်လည်း အဲဒီအတိုင်းပါပဲ။ သူတို့မှာ လူငယ်ကစားသမားကောင်းတွေရှိနေကြတာပါ။
လင်ဂတ်ဟာလည်း မန်ယူအတွက် ကစားသင့်တယ်လို့ ထင်ပါတယ်။
ဘာကြောင့်လဲဆို သူက စွမ်းအင်နဲ့အရည်အသွေးကို ယူဆောင်လာသူပါ။
တွမ်မီနေးဟာလည်း ကောင်းကောင်းစွမ်းဆေင်နိုင်သူဖြစ်ပါတယ်။
ဒါကြောင့် သူတို့ကို ယုံကြည်မှုပေးနိုင်တာနဲ့ ဒီကစားသမားတွေဟာ အကောင်းဆုံးအဆင့်မှာ
စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ရွန်နီက Sky Sports က
Monday Night Football အစီအစဉ်မှာ ပြောခဲ့တာပါ။ ပြီးခဲ့တဲ့နွေက ဒေါ့မန်က
ပြောင်းလာတဲ့ဆန်ချိုဟာ တာထွက်ဆိုးခဲ့ပေမယ့် မကြာသေးခင်လတွေမှာ
ခြေစွမ်းအရ တိုးတက်လာခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကတော့ ဒီရာသီမှာ ရုန်းကန်နေရသလို
ယုံကြည်မှုလည်း ပျောက်ဆုံးနေလို့ သူ့ရဲ့ပွဲထွက်နေရာပျောက်ဆုံးပြီး
အီလန်ဂါကို ပေးလိုက်ရတာပါ။ ၂၉ နှစ်အရွယ် လင်ဂတ်ကတော့ လာမယ်နွေမှာ
စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရန်းနစ်လက်ထက် ပွဲထွက်ခွင့်ရမှာ မဟုတ်သလို
ရာသီကုန်တာနဲ့ထွက်ခွာဖို့များပါတယ်။ တွမ်မီနေးကတော့ မန်ယူကွင်းလယ်ရဲ့
အနာဂါတ်လို့ မျှော်မှန်းခံထားရသူပါ။
zawgyi
ရာသီသစ်မှာ သရဲနီ ၄ ဦး ဝန်းရံတည်ဆောက်ခိုင်းလိုက်တဲ့ ရွန်းနီ
Leave a Reply