ရာသီသစ်မှာ စိတ်ကြိုက် ကျောနံပါတ်အသစ်နဲ့ ခြေစွမ်းပြတော့မယ့် ဘရူနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စာချုပ်သက်တမ်းကုန်ဆုံး‌ေတာ့မယ့်

ကစားသမားတွေကို အသင်းဝက်ဆိုဒ်ကနေ တရားဝင်နှုတ်ဆက်

စကားဆိုခဲ့ပြီးပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ကျောနံပါတ်

အပြောင်းအလဲတွေကို မြင်တွေ့ရဖို့ ရှိပ‌ါတယ်။

ယခုလို ထွက်ခွာမှုတစ်ခုကြောင့် ဘရူနို ‌ဖာနန်ဒက်စ်ဟာလည်း

ယူနိုက်တက် ကစားသမားဘဝ စတင်ချိန်ကတည်းက အလိုရှိနေခဲ့တဲ့

ကျောနံပါတ်ကို ဝင်ဆင်ကစားခွင့်ရတော့မှာဖြစ်ပါတယ်။

‌ေပါလ် ပေါ့ဘာရဲ့ ထွက်ခွာမှုကေြာင့် ( ၂၀၁၆ ) ခုနှစ်ကတည်းက

ပထမဆုံးအကြိမ်အဖြစ် ဂျာစီ နံပါတ် ( ၆) က ပိုင်ရှင်မဲ့ ဖြစ်သွားပါတော့မည်။

ဒီနံပါတ်ကို ကစားသမားတွေဖြစ်မယ့် ဖရန်ကီ ဒီဂျောင် ၊ ဒါမှမဟုတ်

ရူဘင် နားဗတ် ၊ ဒါမှမဟုတ် အခြားကွင်းလယ် ကစားသမားတစ်ဦးကလည်း

ပိုင်ဆိုင်ခွင့်ရနိုင်ပါတယ်။ ဟွမ် မာတာရဲ့ ထွက်ခွာမှုကြောင့် ဂျာစီနံပါတ်

( ၈ ) ကလည်း ( ၂၀၁၄ ) ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အလွတ်ဖြစ်သွားပါတယ်။

ပြီးခဲ့တဲ့နှစ် မာတာ စာချုပ်သစ် ချုပ်ဆိုချိန် ဖာနန်ဒက်စ်က သူ့ရဲ့

ဆိုရှယ်မီဒီယာကနေ “ နံပါတ် ( ၈ ) ကို ပိုင်ဆိုင်ခွင့်ရဖို့ နောက်ထပ်

(၁ ) နှစ် ဆက်စောင့်ရအုံးမယ်လို့ ထင်ပါတယ်။”လို့ ရေးသားခဲ့ဖူးပါတယ်။

ဖာနန်ဒက်စ်က နံပါတ် ( ၈ ) ကို ဝတ်ဆင်မယ်ဆိုရင် နံပါတ် ( ၁၈ ) က

လွတ်သွားပါလိမ့်မယ်။ နောက်ပြီး လီးဂရန့် ထွက်ခွာသွားမှု‌ကြောင့် နံပါတ် ( ၁၃ )

ကိုလည်း ရွေးချယ်လို့ရသလို ဂျေစီ လင်ဂတ်ရဲ့ နံပါတ် ( ၁၄ ) ကိုတော့

ကစားသမားသစ်ကို ပေးအပ်ဖွယ်ရှိပါတယ်။ အက်ဒီဆင် ကာဗာနီရဲ့ နံပါတ် (၂၁ )

က‌ေတာ့ မန်ယူနိုက်တက် ကစားသမားသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့

ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ရဲ့ စိတ်ကြိုက်နံပါတ်ဖြစ်ပါတယ်။

ဒါကြောင့် ဒီဂျောင်အနေနဲ့ အိုးထရတ်ဖို့ဒ်ကို ရောက်ရှိလာပါက နံပါတ် ( ၆ ) အစား

နံပါတ် ( ၂၁ ) ကို ဝတ်ဆင်ဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရာသီသစ္မွာ စိတ္ႀကိဳက္ ေက်ာနံပါတ္အသစ္နဲ႔ ေျခစြမ္းျပေတာ့မယ့္ ဘ႐ူႏို

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံး‌ေတာ့မယ့္

ကစားသမားေတြကို အသင္းဝက္ဆိုဒ္ကေန တရားဝင္ႏႈတ္ဆက္

စကားဆိုခဲ့ၿပီးပါတယ္။ ဒါေၾကာင့္ လာမယ့္ရာသီမွာ ေက်ာနံပါတ္

အေျပာင္းအလဲေတြကို ျမင္ေတြ႕ရဖို႔ ရွိပ‌ါတယ္။

ယခုလို ထြက္ခြာမႈတစ္ခုေၾကာင့္ ဘ႐ူႏို ‌ဖာနန္ဒက္စ္ဟာလည္း

ယူႏိုက္တက္ ကစားသမားဘဝ စတင္ခ်ိန္ကတည္းက အလိုရွိေနခဲ့တဲ့

ေက်ာနံပါတ္ကို ဝင္ဆင္ကစားခြင့္ရေတာ့မွာျဖစ္ပါတယ္။

‌ေပါလ္ ေပါ့ဘာရဲ႕ ထြက္ခြာမႈေၾကာင့္ ( ၂၀၁၆ ) ခုႏွစ္ကတည္းက

ပထမဆုံးအႀကိမ္အျဖစ္ ဂ်ာစီ နံပါတ္ ( ၆) က ပိုင္ရွင္မဲ့ ျဖစ္သြားပါေတာ့မည္။

ဒီနံပါတ္ကို ကစားသမားေတြျဖစ္မယ့္ ဖရန္ကီ ဒီေဂ်ာင္ ၊ ဒါမွမဟုတ္

႐ူဘင္ နားဗတ္ ၊ ဒါမွမဟုတ္ အျခားကြင္းလယ္ ကစားသမားတစ္ဦးကလည္း

ပိုင္ဆိုင္ခြင့္ရႏိုင္ပါတယ္။ ဟြမ္ မာတာရဲ႕ ထြက္ခြာမႈေၾကာင့္ ဂ်ာစီနံပါတ္

( ၈ ) ကလည္း ( ၂၀၁၄ ) ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အလြတ္ျဖစ္သြားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ မာတာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်ိန္ ဖာနန္ဒက္စ္က သူ႔ရဲ႕

ဆိုရွယ္မီဒီယာကေန “ နံပါတ္ ( ၈ ) ကို ပိုင္ဆိုင္ခြင့္ရဖို႔ ေနာက္ထပ္

(၁ ) ႏွစ္ ဆက္ေစာင့္ရအုံးမယ္လို႔ ထင္ပါတယ္။”လို႔ ေရးသားခဲ့ဖူးပါတယ္။

ဖာနန္ဒက္စ္က နံပါတ္ ( ၈ ) ကို ဝတ္ဆင္မယ္ဆိုရင္ နံပါတ္ ( ၁၈ ) က

လြတ္သြားပါလိမ့္မယ္။ ေနာက္ၿပီး လီးဂရန႔္ ထြက္ခြာသြားမႈ‌ေၾကာင့္ နံပါတ္ ( ၁၃ )

ကိုလည္း ေ႐ြးခ်ယ္လို႔ရသလို ေဂ်စီ လင္ဂတ္ရဲ႕ နံပါတ္ ( ၁၄ ) ကိုေတာ့

ကစားသမားသစ္ကို ေပးအပ္ဖြယ္ရွိပါတယ္။ အက္ဒီဆင္ ကာဗာနီရဲ႕ နံပါတ္ (၂၁ )

က‌ေတာ့ မန္ယူႏိုက္တက္ ကစားသမားသစ္ ျဖစ္လာဖို႔ ေရပန္းစားေနတဲ့

ကြင္းလယ္ကစားသမား ဖရန္ကီ ဒီေဂ်ာင္ရဲ႕ စိတ္ႀကိဳက္နံပါတ္ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေဂ်ာင္အေနနဲ႔ အိုးထရတ္ဖို႔ဒ္ကို ေရာက္ရွိလာပါက နံပါတ္ ( ၆ ) အစား

နံပါတ္ ( ၂၁ ) ကို ဝတ္ဆင္ဖြယ္ရွိေနပါတယ္။