ရာသီမစခင်မှာပဲ ဂွါဒီယိုလာကို လက်မြှောက်အရှုံးပေးလိုက်တဲ့ ဂျာဂင်ကလော့ပ်

လီဗာပူးလ်ပရိသတ်တွေအတွက်တော့ ဒီသတင်းက အတော်လေး မချင့်မရဲဖြစ်စရာကောင်းနေပါလိမ့်မယ်။ အကြောင်းကတော့ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးပဲဆွတ်ခူးလိမ့်မယ်လို့

နည်းပြဂျာဂင်ကလော့ပ်က ခန့်မှန်းလိုက်လို့ပါပဲ။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီမှာ ဗီလာကိုနောက်ကလိုက်ကစားပြီး အနိုင်ရခဲ့တာကြောင့် လီဗာပူးလ်ထက် ၁ မှတ်အသာနဲ့

ဗိုလ်စွဲခဲ့တာပါ။ တနည်းအားဖြင့် ကြိုးကြာနီတွေဟာ ပရီးမီးယားလိဂ်ဖလားနဲ့ ကပ်လွဲခဲ့ရတာပါ။ ဒါပေမဲ့ ဂျာဂင်ကလော့ပ်ကတော့ သူတို့ရဲ့အဓိကပစ်မှတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်သာဖြစ်တယ်လို့

Sky Sports သတင်းဌာနနဲ့အင်တာဗျူးမှာ ပြောလိုက်တာပါ။ “ အမြဲတမ်း ဒီလိုပါပဲ။ အဓိကပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရေးဖြစ်ပါတယ်။ အဲဒါက အခုဆိုရင် တကယ်ခက်ခဲနေပါပြီ။

အဲဒီနေရာရောက်ပြီး ချန်ပီယံဆုကိုစိန်ခေါ်နိုင်တယ်ဆိုမှ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီတိုင်းမှာ အဓိကရည်ရွယ်ချက်ထားခဲ့တာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ပါပဲ။

ဒါဟာ ချန်ပီယံဆုအတွက်လည်း ကြီးမားတဲ့တိုက်ပွဲဖြစ်လာပါလိမ့်မယ်။ အို .. ဘုရားရေ။ ဒါက ပရီးမီးယားလိဂ်လေ။ ချန်ပီယံပြေးလမ်းပေါ်မှာ ဘယ်သူတွေရှိနေမလဲဆိုတာ

ကျွန်တော် မတွေးနိုင်သေးပေမယ့် နောက်ဆုံးမှာတော့ မန်စီးတီးပဲ ချန်ပီယံဖြစ်မယ်လို့ထင်ပါတယ်။ ရူးချင်စရာကောင်းတဲ့ ဒီတိုင်းပြည်မှာ တကယ်လို့

ကျွန်တော်တို့သာ ချန်ပီယံမဖြစ်ရင် သူတို့က ၅ နှစ် ဒါမှမဟုတ် ၆ နှစ်ဆက်တိုက် ဗိုလ်စွဲလိမ့်မယ်ထင်ပါတယ် ” လို့ ဂျာဂင်ကလော့ပ်က ပြောသွားခဲ့ပါတယ်။

ဂျာမန်သားနည်းပြရဲ့မှတ်ချက်ကြောင့် ဆိုရှယ်မီဒီယာပေါ်မှာတော့ တုံ့ပြန်မှုများစွာနဲ့ ဂယက်ထနေတယ်လို့ သိရပါတယ်။

(zawgyi)

လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ ဒီသတင္းက အေတာ္ေလး မခ်င့္မရဲျဖစ္စရာေကာင္းေနပါလိမ့္မယ္။ အေၾကာင္းကေတာ့ ပရီးမီးယားလိဂ္ဖလားကို မန္စီးတီးပဲဆြတ္ခူးလိမ့္မယ္လို႔

နည္းျပဂ်ာဂင္ကေလာ့ပ္က ခန႔္မွန္းလိုက္လို႔ပါပဲ။ မန္စီးတီးဟာ ၿပီးခဲ့တဲ့ရာသီမွာ ဗီလာကိုေနာက္ကလိုက္ကစားၿပီး အႏိုင္ရခဲ့တာေၾကာင့္ လီဗာပူးလ္ထက္ ၁ မွတ္အသာနဲ႔ ဗိုလ္စြဲခဲ့တာပါ။

တနည္းအားျဖင့္ ႀကိဳးၾကာနီေတြဟာ ပရီးမီးယားလိဂ္ဖလားနဲ႔ ကပ္လြဲခဲ့ရတာပါ။ ဒါေပမဲ့ ဂ်ာဂင္ကေလာ့ပ္ကေတာ့ သူတို႔ရဲ႕အဓိကပစ္မွတ္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္သာျဖစ္တယ္လို႔ Sky Sports

သတင္းဌာနနဲ႔အင္တာဗ်ဴးမွာ ေျပာလိုက္တာပါ။ “ အၿမဲတမ္း ဒီလိုပါပဲ။ အဓိကပစ္မွတ္က ခ်န္ပီယံလိဂ္ဝင္ခြင့္ရေရးျဖစ္ပါတယ္။ အဲဒါက အခုဆိုရင္ တကယ္ခက္ခဲေနပါၿပီ။ အဲဒီေနရာေရာက္ၿပီး

ခ်န္ပီယံဆုကိုစိန္ေခၚႏိုင္တယ္ဆိုမွ တိုက္ပြဲဝင္ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ရာသီတိုင္းမွာ အဓိကရည္႐ြယ္ခ်က္ထားခဲ့တာကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ပါပဲ။ ဒါဟာ ခ်န္ပီယံဆုအတြက္လည္း

ႀကီးမားတဲ့တိုက္ပြဲျဖစ္လာပါလိမ့္မယ္။ အို .. ဘုရားေရ။ ဒါက ပရီးမီးယားလိဂ္ေလ။ ခ်န္ပီယံေျပးလမ္းေပၚမွာ ဘယ္သူေတြရွိေနမလဲဆိုတာ ကြၽန္ေတာ္ မေတြးႏိုင္ေသးေပမယ့္

ေနာက္ဆုံးမွာေတာ့ မန္စီးတီးပဲ ခ်န္ပီယံျဖစ္မယ္လို႔ထင္ပါတယ္။ ႐ူးခ်င္စရာေကာင္းတဲ့ ဒီတိုင္းျပည္မွာ တကယ္လို႔ ကြၽန္ေတာ္တို႔သာ ခ်န္ပီယံမျဖစ္ရင္ သူတို႔က ၅ ႏွစ္ ဒါမွမဟုတ္ ၆ ႏွစ္ဆက္တိုက္

ဗိုလ္စြဲလိမ့္မယ္ထင္ပါတယ္ ” လို႔ ဂ်ာဂင္ကေလာ့ပ္က ေျပာသြားခဲ့ပါတယ္။ ဂ်ာမန္သားနည္းျပရဲ႕မွတ္ခ်က္ေၾကာင့္ ဆိုရွယ္မီဒီယာေပၚမွာေတာ့ တုံ႔ျပန္မႈမ်ားစြာနဲ႔ ဂယက္ထေနတယ္လို႔ သိရပါတယ္။