
ဒေ့ါမွန်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလကျရင်
အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေပြီဖြစ်တဲ့ နာမည်ကျော်တိုက်စစ်မှူးဟာလန်းနေရာမှာ
အစားထိုးဖို့ တိုက်စစ်မှူးတစ်ဦးရှာဖွေနေပြီလို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
စာချုပ်လျော်ကြေးပေါင်(၆၄)သန်းတန်ဖိုးရှိတဲ့ ဟာလန်းကိုခေါ်ယူဖို့အတွက်
မန်စီးတီး၊ ရီးယဲလ်အပါအဝင် ဥရောပထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေပြီး
ဗြိတိန်မီဒီယာတွေကတော့ မန်စီးတီးအသင်းဟာ ဟာလန်းကိုခေါ်ယူနိုင်ဖို့
နီးစပ်နေပြီလို့ဖော်ပြခဲ့ကြပါတယ်။ ဒေ့ါမွန်အသင်းကတော့ သူတို့ရဲ့ကစားသမားကို
ဆက်လက်ထိန်းသိမ်းဖို့အတတ်နိုင်ဆုံးကြိုးစားသွားမှာဖြစ်ပြီး
ဟာလန်းဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် လိုသလောက်အချိန်ပေးသွားမှာဖြစ်ပေမယ့်
တကယ်လို့ ဟာလန်းကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် အဆင်သင့်အစားထိုးနိုင်အောင်
တိုက်စစ်မှူးတစ်ဦးရှာဖွေဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။
ဒေ့ါမွန်အသင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆီဘက်ရှန်ခါးလ်က
“တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့အတွက် ကျွန်တော်တို့တာဝန်ရှိသူတွေ
ဆွေးနွေးနေပြီး ဆွေးနွေးမှုအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
အဲဒီကိစ္စက ကျွန်တော်တို့ရဲ့စီမံကိန်းတွေထဲမှာ အဓိကအကျဆုံး
ကိစ္စလည်းဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ နော်ဝေလူငယ်ကြယ်ပွင့်
ကစားသမားဟာလန်းဟာ ၂၀၂၀ ခုနှစ်က ဆာလ်ဘာ့ဂ်အသင်းကနေ
ဒေ့ါမွန်အသင်းကိုပြောင်းရွှေ့ခဲ့ပြီး (၂)နှစ်နီးပါးကာလအတွင်း အသင်းအတွက်
ပြိုင်ပွဲစုံ(၈၂)ပွဲကစား၊ ဂိုး(၈၀)အထိသွင်းယူထားတာဖြစ်ပါတယ်။
အခုလအစောပိုင်းက မန်စီးတီးအသင်းက ဟာလန်းကို ပေါင်သန်း(၁၀၀)နဲ့ခေါ်ယူဖို့
ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီး လစာအဖြစ် ပေါင်(၅၀၀,၀၀၀)ကျော်
ပေးသွားမယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။
zawgyi
ရာသီကုန္မွာ ထြက္ခြာမယ့္ ဟာလန္းေနရာအတြက္ တိုက္စစ္မႉးအသစ္ရွာေဖြေနတဲ့ ေဒါ့မြန္
ေဒ့ါမြန္အသင္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလက်ရင္
အသင္းနဲ႔လမ္းခြဲဖို႔နီးစပ္ေနၿပီျဖစ္တဲ့ နာမည္ေက်ာ္တိုက္စစ္မႉးဟာလန္းေနရာမွာ
အစားထိုးဖို႔ တိုက္စစ္မႉးတစ္ဦးရွာေဖြေနၿပီလို႔ အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။
စာခ်ဳပ္ေလ်ာ္ေၾကးေပါင္(၆၄)သန္းတန္ဖိုးရွိတဲ့ ဟာလန္းကိုေခၚယူဖို႔အတြက္
မန္စီးတီး၊ ရီးယဲလ္အပါအဝင္ ဥေရာပထိပ္သီးအသင္းေတြက ပစ္မွတ္ထားေနၿပီး
ၿဗိတိန္မီဒီယာေတြကေတာ့ မန္စီးတီးအသင္းဟာ ဟာလန္းကိုေခၚယူႏိုင္ဖို႔
နီးစပ္ေနၿပီလို႔ေဖာ္ျပခဲ့ၾကပါတယ္။ ေဒ့ါမြန္အသင္းကေတာ့ သူတို႔ရဲ႕ကစားသမားကို
ဆက္လက္ထိန္းသိမ္းဖို႔အတတ္ႏိုင္ဆုံးႀကိဳးစားသြားမွာျဖစ္ၿပီး
ဟာလန္းဆုံးျဖတ္ခ်က္ခ်ႏိုင္ဖို႔အတြက္ လိုသေလာက္အခ်ိန္ေပးသြားမွာျဖစ္ေပမယ့္
တကယ္လို႔ ဟာလန္းကို ဆုံးရႈံးလိုက္ရမယ္ဆိုရင္ အဆင္သင့္အစားထိုးႏိုင္ေအာင္
တိုက္စစ္မႉးတစ္ဦးရွာေဖြဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။
ေဒ့ါမြန္အသင္းတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဆီဘက္ရွန္ခါးလ္က
“တိုက္စစ္မႉးသစ္တစ္ဦးေခၚယူဖို႔အတြက္ ကြၽန္ေတာ္တို႔တာဝန္ရွိသူေတြ
ေဆြးေႏြးေနၿပီး ေဆြးေႏြးမႈအဆင္ေျပမယ္လို႔ေမွ်ာ္လင့္ပါတယ္။
အဲဒီကိစၥက ကြၽန္ေတာ္တို႔ရဲ႕စီမံကိန္းေတြထဲမွာ အဓိကအက်ဆုံး
ကိစၥလည္းျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ေနာ္ေဝလူငယ္ၾကယ္ပြင့္
ကစားသမားဟာလန္းဟာ ၂၀၂၀ ခုႏွစ္က ဆာလ္ဘာ့ဂ္အသင္းကေန
ေဒ့ါမြန္အသင္းကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး (၂)ႏွစ္နီးပါးကာလအတြင္း အသင္းအတြက္
ၿပိဳင္ပြဲစုံ(၈၂)ပြဲကစား၊ ဂိုး(၈၀)အထိသြင္းယူထားတာျဖစ္ပါတယ္။
အခုလအေစာပိုင္းက မန္စီးတီးအသင္းက ဟာလန္းကို ေပါင္သန္း(၁၀၀)နဲ႔ေခၚယူဖို႔
ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိခဲ့ၿပီး လစာအျဖစ္ ေပါင္(၅၀၀,၀၀၀)ေက်ာ္
ေပးသြားမယ္လို႔ ၿဗိတိန္မီဒီယာေတြကေဖာ္ျပခဲ့ပါတယ္။
Leave a Reply