





ရာသီကုန်မှာအလွတ်ကြေးဖြင့် ထွက်ခွါတော့မယ့် ဂျက်ဆီလင်ဂတ်ကို
အီတလီစီးရီးအေအသင်းကြီး(၃)သင်းက ခေါ်ဖို့ ပြင်ဆင်နေပါတယ်။





ယူနိုက်တက် အသင်းရဲ့ တောင်ပံကစားသမား လင်ဂတ်ဟာ အီတလီမှာ
ဆရာဟောင်းဖြစ်သူ မော်ရင်ညိုနဲ့ ပြန်ဆုံဖို့ရှိနေပြီး မော်ရင်ညိုရဲ့ ရိုးမားအသင်းက
လင်ဂတ်ကို ခေါ်ယူရေး ကြိုးစားနေပါတယ်။ မော်ရင်ညိုနဲ့ လင်ဂတ်တို့ဟာ





အိုးလ်ထရက်ဖို့ဒ်မှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့ကြပါတယ်။
အဲ့ဒါကြောင့် အသက် ၂၉ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ရိုးမားအသင်းနည်းပြ





ဟိုဆေး မော်ရင်ညိုက ပြင်ဆင်လာခဲ့တာပါ။ ဂျက်စီလင်ဂတ်က ယူနိုက်တက်မှာ
ပုံမှန်ပွဲထွက်ခွင့်မရဘဲရုန်းကန်နေရတာဖြစ်ပါတယ်။ လင်ဂတ်ဟာ ဝက်စ်ဟမ်း
အသင်းကို အငှါးချကစားသမားဖြစ်ကစားခဲ့တုန်းက ခြေစွမ်းပြကစားခဲ့တာဖြစ်တာကြောင့်





ဝက်စ်ဟမ်းအသင်းကလည်းစောင့်ကြည့်နေတာဖြစ်ပြီး အသင်းကိုပြန်တည်ဆောက်နေတဲ့
နယူးကာဆယ်ကလည်း ခေါ်ယူဖို့ပြင်နေပါတယ်။ ဒါ့အပြင် အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ကလည်း





စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ လင်ဂတ်ကတော့ အီတလီကို ပြောင်းရွှေ့ ကစားရမယ့်ကိစ္စကို
အခွင့်အလမ်း တစ်ခုအဖြစ် ယူဆထားတယ်လို့ မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
ပရီးမီးယားလိဂ် ကစားသမားဟောင်းများ ဖြစ်ကြတဲ့ စမောလင်း၊ အေဘရာဟမ်တို့ဟာ





မော်ရင်ညိုရဲ့ ရိုးမားအသင်းကို သွားရောက်ကစားပြီး ခြေစွမ်း ပြနေနိုင်တာကြောင့်
လင်ဂတ်ဟာ အီတလီကို သွားရောက်ကစားဖို့ အလားအလာ ကောင်းတယ်လို့ သုံးသပ်မှုများရှိပါတယ်။





zawgyi
ရာသီကုန္မွာ စီးရီးေအ ကုိ ေျပာင္းေရႊ႕ကစားမယ့္ ဂ်က္ဆီလင္ဂတ္
ရာသီကုန္မွာအလြတ္ေၾကးျဖင့္ ထြက္ခြါေတာ့မယ့္ ဂ်က္ဆီလင္ဂတ္ကို





အီတလီစီးရီးေအအသင္းႀကီး(၃)သင္းက ေခၚဖို႔ ျပင္ဆင္ေနပါတယ္။
ယူႏိုက္တက္ အသင္းရဲ႕ ေတာင္ပံကစားသမား လင္ဂတ္ဟာ အီတလီမွာ





ဆရာေဟာင္းျဖစ္သူ ေမာ္ရင္ညိဳနဲ႔ ျပန္ဆုံဖို႔ရွိေနၿပီး ေမာ္ရင္ညိဳရဲ႕ ႐ိုးမားအသင္းက
လင္ဂတ္ကို ေခၚယူေရး ႀကိဳးစားေနပါတယ္။ ေမာ္ရင္ညိဳနဲ႔ လင္ဂတ္တို႔ဟာ
အိုးလ္ထရက္ဖို႔ဒ္မွာ ေကာင္းမြန္တဲ့ဆက္ဆံေရးေတြရွိခဲ့ၾကပါတယ္။





အဲ့ဒါေၾကာင့္ အသက္ ၂၉ ႏွစ္အ႐ြယ္ ကစားသမားကို ေခၚယူဖို႔႐ိုးမားအသင္းနည္းျပ
ဟိုေဆး ေမာ္ရင္ညိဳက ျပင္ဆင္လာခဲ့တာပါ။ ဂ်က္စီလင္ဂတ္က ယူႏိုက္တက္မွာ





ပုံမွန္ပြဲထြက္ခြင့္မရဘဲ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ လင္ဂတ္ဟာ ဝက္စ္ဟမ္း
အသင္းကို အငွါးခ်ကစားသမားျဖစ္ကစားခဲ့တုန္းက ေျခစြမ္းျပကစားခဲ့တာျဖစ္တာေၾကာင့္
ဝက္စ္ဟမ္းအသင္းကလည္းေစာင့္ၾကည့္ေနတာျဖစ္ၿပီး အသင္းကိုျပန္တည္ေဆာက္ေနတဲ့





နယူးကာဆယ္ကလည္း ေခၚယူဖို႔ျပင္ေနပါတယ္။ ဒါ့အျပင္ ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္စ္တို႔ကလည္း
စိတ္ဝင္စားေနတယ္လို႔ ဆိုပါတယ္။ လင္ဂတ္ကေတာ့ အီတလီကို ေျပာင္းေ႐ႊ႕ ကစားရမယ့္ကိစၥကို





အခြင့္အလမ္း တစ္ခုအျဖစ္ ယူဆထားတယ္လို႔ မီဒီယာမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။
ပရီးမီးယားလိဂ္ ကစားသမားေဟာင္းမ်ား ျဖစ္ၾကတဲ့ စေမာလင္း၊ ေအဘရာဟမ္တို႔ဟာ
ေမာ္ရင္ညိဳရဲ႕ ႐ိုးမားအသင္းကို သြားေရာက္ကစားၿပီး ေျခစြမ္း ျပေနႏိုင္တာေၾကာင့္





လင္ဂတ္ဟာ အီတလီကို သြားေရာက္ကစားဖို႔ အလားအလာ ေကာင္းတယ္လို႔ သုံးသပ္မႈမ်ားရွိပါတယ္။
Leave a Reply