ရာသီကုန်ကျရင် အသင်းနဲ့လမ်းခွဲတော့မယ်လို့ တာဝန်ရှိသူတွေကို ဆီမြွန်နီ အသိပေးလိုက်ပြီ . .

အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီဟာ ဒီရာသီကုန်မှာ

အသင်းနဲ့လမ်းခွဲတော့မယ်ဆိုပြီး ဘုတ်အဖွဲ့တာဝန်ရှိသူတွေကို
အသိပေးလိုက်တယ်လို့ သတင်းထွက်နေပါတယ်။

အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဆီမြွန်နီဟာ အက်သလက်တီကို
အသင်းကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး
(၁၁)နှစ်တာကာလအတွင်း လာလီဂါမှာ ဘာစီလိုနာနဲ့ ရီးယဲလ်တို့
နှစ်သင်းပဲ အဓိက လွှမ်းမိုးနေမှုကို အဆုံးသတ်နိုင်ခဲ့သလို လာလီဂါ
(၂)ကြိမ်၊ ယူရိုပါလိဂ်(၂)ကြိမ်၊ ဥရောပစူပါဖလား(၂)ကြိမ်၊ စပိန်ဘုရင့်

ဖလားနဲ့ စပိန်စူပါဖလား(၁)ကြိမ်စီ ရယူပေးခဲ့ပါတယ်။

ဆီမြွန်နီလက်ထက်မှာ အက်သလက်တီကိုအသင်းဟာ ဆုဖလား

အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ လာလီဂါနဲ့ ချန်ပီယံလိဂ်
ပြိုင်ပွဲ (၂)ရပ်စလုံးမှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့
တစ်ပတ်က ဘာစီလိုနာနဲ့ကစားခဲ့တဲ့ လာလီဂါအိမ်ကွင်းပွဲမှာ (၁-ဝ)ဂိုးနဲ့
ရှုံးနိမ့်ခဲ့တာကြောင့် အက်သလက်တီကိုတို့ (၁၆)ပွဲကစား၊ (၂၇)မှတ်နဲ့
အဆင့်(၅)နေရာမှာ ရပ်တည်နေပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆိုးရွားဆုံးအနေအထားနဲ့ ရင်ဆိုင်ခဲ့ရပြီး
ယူရိုပါလိဂ်တောင် ဝင်ခွင့်မရဘဲ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခဲ့ရတာကြောင့်

ဆီမြွန်နီလက်ထက် ရာသီအစပိုင်းမှာပဲ ဥရောပပြိုင်ပွဲတစ်ခုမှကစားခွင့်
မရတဲ့ ပထမဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အဲဒါကြောင့် ဆီမြွန်နီဟာ အက်သလက်တီကိုနည်းပြဘဝကို အဆုံးသတ်ဖို့
ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်တယ်လို့ စပိန်လူမျိုး ဂျာနယ်လစ်ဖြစ်သူ
ပါကိုဂါစီယာက အတည်ပြုခဲ့ပါတယ်။

El Chiringuito ရုပ်သံနဲ့ အင်တာဗျူးမှာ ပါကိုဂါစီယာက “လာမယ့်
ရာသီကျရင် အက်သလက်တီကိုနည်းပြအဖြစ် ဆီမြွန်နီ ဆက်လက်
တာဝန်ယူတော့မှာ မဟုတ်ပါဘူး။ ဇန်နဝါရီလအတွင်းမှာပဲ အသင်းနဲ့
လမ်းခွဲမယ်ဆိုပြီး ဆီမြွန်နီက အသင်းဥက္ကဋ္ဌဖြစ်သူ ဂီလ်မာရင်ကို

အသိပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

အက္သလက္တီကိုအသင္းနည္းျပ ဒီေယဂိုဆီႁမြန္နီဟာ ဒီရာသီကုန္မွာ

အသင္းနဲ႔လမ္းခြဲေတာ့မယ္ဆိုၿပီး ဘုတ္အဖြဲ႕တာဝန္ရွိသူေတြကို
အသိေပးလိုက္တယ္လို႔ သတင္းထြက္ေနပါတယ္။

အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆီႁမြန္နီဟာ အက္သလက္တီကို
အသင္းကို ၂၀၁၁ ခုႏွစ္ကတည္းက စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး
(၁၁)ႏွစ္တာကာလအတြင္း လာလီဂါမွာ ဘာစီလိုနာနဲ႔ ရီးယဲလ္တို႔
ႏွစ္သင္းပဲ အဓိက လႊမ္းမိုးေနမႈကို အဆုံးသတ္ႏိုင္ခဲ့သလို လာလီဂါ
(၂)ႀကိမ္၊ ယူ႐ိုပါလိဂ္(၂)ႀကိမ္၊ ဥေရာပစူပါဖလား(၂)ႀကိမ္၊ စပိန္ဘုရင့္

ဖလားနဲ႔ စပိန္စူပါဖလား(၁)ႀကိမ္စီ ရယူေပးခဲ့ပါတယ္။

ဆီႁမြန္နီလက္ထက္မွာ အက္သလက္တီကိုအသင္းဟာ ဆုဖလား

ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္
ၿပိဳင္ပြဲ (၂)ရပ္စလုံးမွာ စိတ္ပ်က္စရာေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့
တစ္ပတ္က ဘာစီလိုနာနဲ႔ကစားခဲ့တဲ့ လာလီဂါအိမ္ကြင္းပြဲမွာ (၁-ဝ)ဂိုးနဲ႔
ရႈံးနိမ့္ခဲ့တာေၾကာင့္ အက္သလက္တီကိုတို႔ (၁၆)ပြဲကစား၊ (၂၇)မွတ္နဲ႔
အဆင့္(၅)ေနရာမွာ ရပ္တည္ေနပါတယ္။

ဒါ့အျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အဆိုး႐ြားဆုံးအေနအထားနဲ႔ ရင္ဆိုင္ခဲ့ရၿပီး
ယူ႐ိုပါလိဂ္ေတာင္ ဝင္ခြင့္မရဘဲ အုပ္စုေနာက္ဆုံးေနရာနဲ႔ ထြက္ခဲ့ရတာေၾကာင့္

ဆီႁမြန္နီလက္ထက္ ရာသီအစပိုင္းမွာပဲ ဥေရာပၿပိဳင္ပြဲတစ္ခုမွကစားခြင့္
မရတဲ့ ပထမဆုံးရာသီအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ဆီႁမြန္နီဟာ အက္သလက္တီကိုနည္းျပဘဝကို အဆုံးသတ္ဖို႔
ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီျဖစ္တယ္လို႔ စပိန္လူမ်ိဳး ဂ်ာနယ္လစ္ျဖစ္သူ
ပါကိုဂါစီယာက အတည္ျပဳခဲ့ပါတယ္။

El Chiringuito ႐ုပ္သံနဲ႔ အင္တာဗ်ဴးမွာ ပါကိုဂါစီယာက “လာမယ့္
ရာသီက်ရင္ အက္သလက္တီကိုနည္းျပအျဖစ္ ဆီႁမြန္နီ ဆက္လက္
တာဝန္ယူေတာ့မွာ မဟုတ္ပါဘူး။ ဇန္နဝါရီလအတြင္းမွာပဲ အသင္းနဲ႔
လမ္းခြဲမယ္ဆိုၿပီး ဆီႁမြန္နီက အသင္းဥကၠ႒ျဖစ္သူ ဂီလ္မာရင္ကို

အသိေပးခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။