ရာသီကုန်ကျရင် ယူနိုက်တက်ကနေ အလွတ်နဲ့ထွက်ခွာရမယ့်အခြေအနေနဲ့ ဒီဂီယာ ရင်ဆိုင်နေရ

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဂိုးသမားသစ်တစ်ဦး

ခေါ်ချင်နေတာကြောင့် အသင်းရဲ့ ဝါရင့်ဂိုးသမားဒီဂီယာအနေနဲ့ လာမယ့်နှစ်၊
နွေရာသီကျရင် အလွတ်နဲ့ထွက်ခွာရမယ့်အနေအထားဖြစ်နေပါပြီ။

ဒီဂီယာဟာ ဆယ်စုနှစ်တစ်ခုကျော်ကစားထားတဲ့ ယူနိုက်တက်အသင်းမှာ
ပျော်ရွှင်နေပြီဖြစ်ပေမယ့် အသင်းကတော့ သူ့ရဲ့ စာချုပ်ထဲက (၁၂)လသက်တမ်း
တိုးခွင့်ရှိတယ်ဆိုတဲ့ အချက်ကို အကောင်အထည်ဖော်ဖို့ ဆန္ဒမရှိဖြစ်နေပါတယ်။

Sky Germany သတင်းဌာနက ယူနိုက်တက်အသင်းဟာ ဒီဂီယာကို ရာသီကုန်
အထိသာ အသင်းမှာ ဆက်ထားချင်နေပြီး အဲရစ်တန်ဟက်ကလည်း ဒီဂီယာနေရာမှာ
အစားထိုးဖို့ ဂိုးသမားတစ်ဦးရှာဖွေသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

၂၀၁၁ ခုနစ်က အက်သလက်တီကိုကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့သူ ဒီဂီယာဟာ
အသင်းရဲ့ ဦးစားပေးဂိုးသမားအဖြစ်ကစားခွင့်ရနေပြီး အခုလောလောဆယ်
တစ်ပတ်ကို ပေါင်(၃၀၀,၀၀၀)ကျော်အထိ လစာငွေရရှိနေသလို လစာငွေ

အများဆုံးလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီဂီယာနဲ့လမ်းခွဲလိုက်ရင် လစာငွေကုန်ကျစရိတ်

သက်သာသွားမှာဖြစ်ပြီး ပေါ်တိုအသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်ဂိုးသမား
ဒီယိုဂိုကော်စတာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ဂိုးသမားသစ္တစ္ဦး
ေခၚခ်င္ေနတာေၾကာင့္ အသင္းရဲ႕ ဝါရင့္ဂိုးသမားဒီဂီယာအေနနဲ႔ လာမယ့္ႏွစ္၊
ေႏြရာသီက်ရင္ အလြတ္နဲ႔ထြက္ခြာရမယ့္အေနအထားျဖစ္ေနပါၿပီ။

ဒီဂီယာဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ကစားထားတဲ့ ယူႏိုက္တက္အသင္းမွာ
ေပ်ာ္႐ႊင္ေနၿပီျဖစ္ေပမယ့္ အသင္းကေတာ့ သူ႔ရဲ႕ စာခ်ဳပ္ထဲက (၁၂)လသက္တမ္း
တိုးခြင့္ရွိတယ္ဆိုတဲ့ အခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ ဆႏၵမရွိျဖစ္ေနပါတယ္။

Sky Germany သတင္းဌာနက ယူႏိုက္တက္အသင္းဟာ ဒီဂီယာကို ရာသီကုန္
အထိသာ အသင္းမွာ ဆက္ထားခ်င္ေနၿပီး အဲရစ္တန္ဟက္ကလည္း ဒီဂီယာေနရာမွာ
အစားထိုးဖို႔ ဂိုးသမားတစ္ဦးရွာေဖြသြားမွာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

၂၀၁၁ ခုနစ္က အက္သလက္တီကိုကေန ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့သူ ဒီဂီယာဟာ
အသင္းရဲ႕ ဦးစားေပးဂိုးသမားအျဖစ္ကစားခြင့္ရေနၿပီး အခုေလာေလာဆယ္

တစ္ပတ္ကို ေပါင္(၃၀၀,၀၀၀)ေက်ာ္အထိ လစာေငြရရွိေနသလို လစာေငြ
အမ်ားဆုံးလည္းျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဒီဂီယာနဲ႔လမ္းခြဲလိုက္ရင္ လစာေငြကုန္က်စရိတ္
သက္သာသြားမွာျဖစ္ၿပီး ေပၚတိုအသင္းရဲ႕ ေပၚတူဂီလက္ေ႐ြးစင္ဂိုးသမား
ဒီယိုဂိုေကာ္စတာကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။