ရာဘီယော့ဟာ ဒုတိယပေါ့ဘာဖြစ်လာမှာလားဆိုပြီး မန်ယူပရိသတ်တွေ စိုးရိမ်နေကြ

ဒီဂျောင်ကိုခေါ်မရဖြစ်နေတဲ့ မန်ယူအသင်းဟာ ကွင်းလယ်ကစားသမားတစ်ယောက် ရသွားခဲ့ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်ရဲ့ရာဘီယော့ပါ။ ပြင်သစ်ကွင်းလယ်လူကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ခေါ်ယူဖို့

မန်ယူ သဘောတူညီမှုရသွားပြီလို့ The Sun သတင်းစာက ဖေါ်ပြပါတယ်။ ဒါပေမဲ့ ရာဘီယော့ရဲ့အပြောင်းအရွှေ့ကိစ္စ အပြီးသတ်နိုင်ဖို့ကတော့ မိခင်ဖြစ်သူဗာရွန်နစ်ရာဘီယော့ရဲ့ ခွင့်ပြုချက်လိုနေသေးတယ်လို့

ရေးထားပါတယ်။ ဗာရွန်နစ်ဟာ သားဖြစ်သူရဲ့အေးဂျင့်လည်း ဖြစ်နေလို့ပါ။ အပြောင်းအရွှေ့အောင်မြင်သွားရင် ပေါ့ဘာနဲ့ရာဘီယော့ လဲလိုက်သလိုဖြစ်နေတာကြောင့် မန်ယူပရိသတ်တစ်ချို့ကတော့

သဘောမတွေ့ဖြစ်နေပါတယ်။ ရာဘီယော့က ပေါ့ဘာလောက်ကောင်းလို့လားဆိုတာမျိုးတွေနဲ့ နှိုင်းယှဉ်လာကြတာပါ။ ဒါ့အပြင် ပြင်သစ်သားရဲ့စည်းကမ်းပိုင်းအားနည်းမှုကလည်း

သရဲနီပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ရာဘီယော့ဟာ ပီအက်စ်ဂျီမှာကစားတုန်းက နည်းပြတူချယ်နဲ့ပြဿနာတက်ခဲ့ဖူးပါတယ်။ အသင်းအစည်းအဝေးနောက်ကျတဲ့သူ့ကို ဂျာမန်သားနည်းပြက

ပွဲထွက်ခွင့်မပေးခဲ့ပါဘူး။ အဲဒီနောက်ပိုင်း အဆင်မပြေမှုတွေဟာ စာချုပ်သစ်ချုပ်ဖို့နှောင့်နှေးတာ၊ အရန်အသင်းမှာ လေ့ကျင့်စေတာ စတာတွေကြောင့် ပိုဆိုးလာခဲ့ပြီး ပီအက်စ်ဂျီကို

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်တိုင်တဲ့အထိ ရာဘီယော့လုပ်ခဲ့ဖူူးပါတယ်။ ဒါ့အပြင် ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့်စ်နဲ့လည်း အဆင်ပြေသူမဟုတ်တာကြောင့် လက်ရွေးစင်အသင်းကနေ

ချန်လှပ်ခံခဲ့ရဖူးပါတယ်။ မိခင်ဖြစ်သူ ဗာရွန်နစ်ကလည်း ဆွစ်ဇာလန်နဲ့ယူရို ၂၀၂၀ ပွဲစဉ်တုန်းက အမ်ဘာပီရဲ့ဖခင်ဖြစ်သူနဲ့ ပွဲကြည့်စင်ပေါ်မှာရန်ဖြစ်ခဲ့ဖူးတဲ့ ခပ်စွာစွာအမျိုးသမီးဖြစ်တာကြောင့် မန်ယူပရိသတ်တွေ ရင်မနေကြတာပါ။

(zawgyi)

ဒီေဂ်ာင္ကိုေခၚမရျဖစ္ေနတဲ့ မန္ယူအသင္းဟာ ကြင္းလယ္ကစားသမားတစ္ေယာက္ ရသြားခဲ့ၿပီျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ရဲ႕ရာဘီေယာ့ပါ။ ျပင္သစ္ကြင္းလယ္လူကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅ သန္းနဲ႔ေခၚယူဖို႔

မန္ယူ သေဘာတူညီမႈရသြားၿပီလို႔ The Sun သတင္းစာက ေဖၚျပပါတယ္။ ဒါေပမဲ့ ရာဘီေယာ့ရဲ႕အေျပာင္းအေ႐ႊ႕ကိစၥ အၿပီးသတ္ႏိုင္ဖို႔ကေတာ့ မိခင္ျဖစ္သူဗာ႐ြန္နစ္ရာဘီေယာ့ရဲ႕ ခြင့္ျပဳခ်က္လိုေနေသးတယ္လို႔

ေရးထားပါတယ္။ ဗာ႐ြန္နစ္ဟာ သားျဖစ္သူရဲ႕ေအးဂ်င့္လည္း ျဖစ္ေနလို႔ပါ။ အေျပာင္းအေ႐ႊ႕ေအာင္ျမင္သြားရင္ ေပါ့ဘာနဲ႔ရာဘီေယာ့ လဲလိုက္သလိုျဖစ္ေနတာေၾကာင့္ မန္ယူပရိသတ္တစ္ခ်ိဳ႕ကေတာ့

သေဘာမေတြ႕ျဖစ္ေနပါတယ္။ ရာဘီေယာ့က ေပါ့ဘာေလာက္ေကာင္းလို႔လားဆိုတာမ်ိဳးေတြနဲ႔ ႏႈိင္းယွဥ္လာၾကတာပါ။ ဒါ့အျပင္ ျပင္သစ္သားရဲ႕စည္းကမ္းပိုင္းအားနည္းမႈကလည္း သရဲနီပရိသတ္ေတြအတြက္

စိုးရိမ္စရာျဖစ္ေနပါတယ္။ ရာဘီေယာ့ဟာ ပီအက္စ္ဂ်ီမွာကစားတုန္းက နည္းျပတူခ်ယ္နဲ႔ျပႆနာတက္ခဲ့ဖူးပါတယ္။ အသင္းအစည္းအေဝးေနာက္က်တဲ့သူ႔ကို ဂ်ာမန္သားနည္းျပက ပြဲထြက္ခြင့္မေပးခဲ့ပါဘူး။

အဲဒီေနာက္ပိုင္း အဆင္မေျပမႈေတြဟာ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ေႏွာင့္ေႏွးတာ၊ အရန္အသင္းမွာ ေလ့က်င့္ေစတာ စတာေတြေၾကာင့္ ပိုဆိုးလာခဲ့ၿပီး ပီအက္စ္ဂ်ီကို ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္တိုင္တဲ့အထိ

ရာဘီေယာ့လုပ္ခဲ့ဖူူးပါတယ္။ ဒါ့အျပင္ ျပင္သစ္လက္ေ႐ြးစင္အသင္းနည္းျပ ဒက္စ္ခ်မ့္စ္နဲ႔လည္း အဆင္ေျပသူမဟုတ္တာေၾကာင့္ လက္ေ႐ြးစင္အသင္းကေန ခ်န္လွပ္ခံခဲ့ရဖူးပါတယ္။

မိခင္ျဖစ္သူ ဗာ႐ြန္နစ္ကလည္း ဆြစ္ဇာလန္နဲ႔ယူ႐ို ၂၀၂၀ ပြဲစဥ္တုန္းက အမ္ဘာပီရဲ႕ဖခင္ျဖစ္သူနဲ႔ ပြဲၾကည့္စင္ေပၚမွာရန္ျဖစ္ခဲ့ဖူးတဲ့ ခပ္စြာစြာအမ်ိဳးသမီးျဖစ္တာေၾကာင့္ မန္ယူပရိသတ္ေတြ ရင္မေနၾကတာပါ။