ရလဒ်ဆိုးတွေကြောင့် စပါးအသင်းနဲ့ လမ်းခွဲရမယ့်အခြေအနေဖြစ်နေတဲ့ ကွန်တီ

ပရီးမီးယားလိဂ်မှာ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေတဲ့ စပါးအသင်း

နည်းပြကွန်တီဟာ ရာသီကုန်ကျရင် အသင်းနဲ့ လမ်းခွဲရဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မြောက်လန်ဒန်ဒါဘီပွဲအဖြစ် အခါးသီးဆုံး

ပြိုင်ဘက် အာဆင်နယ်ကို စပါးအသင်း အိမ်ကွင်းမှာ (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး
ဒါက ၂၀၁၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်အိမ်ကွင်းမှာ
အာဆင်နယ်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁၊ နိုဝင်ဘာလက စပါးအသင်းနည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့သူ
ကွန်တီရဲ့ လက်ရှိစာချုပ်က လာမယ့်နွေရာသီကျရင် သက်တမ်း
ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ထဲမှာ နောက်ထပ်(၁၂)လ သက်တမ်းတိုးခွင့်
ရှိတယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ပါတယ်။

ဒါပေမဲ့ ကွန်တီအနေနဲ့ အသင်းရဲ့ လက်ရှိအနေအထားကို မပြောင်းလဲနိုင်ဘူး
ဆိုရင် စပါးအသင်းတာဝန်ရှိသူတွေဟာ ရာသီကုန်မှာ ကွန်တီနဲ့ စာချုပ်

သက်တမ်းတိုးမယ့် အနေအထားမရှိပါဘူး။

အခုလောလောဆယ်မှာ စပါးအသင်းရဲ့ ရလဒ်ဆိုးတွေက ပရိသတ်တွေ

အတွက် စိတ်ပျက်စရာဖြစ်နေပြီး ပရီးမီးယားလိဂ်နောက်ဆုံး(၉)ပွဲမှာ
(၃)ပွဲသာအနိုင်ရခဲ့သလို အဆင့်(၄)နေရာကို ယူနိုက်တက်အသင်းဆီ
လွှဲပြောင်းပေးလိုက်ရတဲ့ အပြင် အမှတ်ကွာဟချက်ကလည်း (၅)မှတ်
အထိ ရှိနေပါပြီ။

တကယ်လို့ ရာသီကုန်မှာ စပါးအသင်း အဆင့်(၄)နေရာနဲ့ လွဲချော်မယ်ဆိုရင်
ကွန်တီနဲ့ သေချာပေါက် လမ်းခွဲဖို့ရှိပြီး ကွန်တီရဲ့နေရာမှာ အစားဝင်ဖို့
နာမည်ကျော်နည်းပြဟောင်း ပိုချက်တီနို၊ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်

ဖလားရယူခဲ့တဲ့ နည်းပြဟောင်း တူချယ်လ်တို့ လတ်တလော ရေပန်းစားနေပါတယ်။

[Zawgyi]

ပရီးမီးယားလိဂ္မွာ ရလဒ္ေတြ မတည္မၿငိမ္ျဖစ္ေနတဲ့ စပါးအသင္း

နည္းျပကြန္တီဟာ ရာသီကုန္က်ရင္ အသင္းနဲ႔ လမ္းခြဲရဖို႔ရွိေနပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ေျမာက္လန္ဒန္ဒါဘီပြဲအျဖစ္ အခါးသီးဆုံး

ၿပိဳင္ဘက္ အာဆင္နယ္ကို စပါးအသင္း အိမ္ကြင္းမွာ (၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး
ဒါက ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း ပရီးမီးယားလိဂ္အိမ္ကြင္းမွာ
အာဆင္နယ္ကို ပထမဆုံးအႀကိမ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

၂၀၂၁၊ ႏိုဝင္ဘာလက စပါးအသင္းနည္းျပအျဖစ္ စတင္ေဆာင္႐ြက္ခဲ့သူ
ကြန္တီရဲ႕ လက္ရွိစာခ်ဳပ္က လာမယ့္ေႏြရာသီက်ရင္ သက္တမ္း
ကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္ထဲမွာ ေနာက္ထပ္(၁၂)လ သက္တမ္းတိုးခြင့္
ရွိတယ္ဆိုတဲ့ သေဘာတူညီခ်က္ ပါဝင္ပါတယ္။

ဒါေပမဲ့ ကြန္တီအေနနဲ႔ အသင္းရဲ႕ လက္ရွိအေနအထားကို မေျပာင္းလဲႏိုင္ဘူး
ဆိုရင္ စပါးအသင္းတာဝန္ရွိသူေတြဟာ ရာသီကုန္မွာ ကြန္တီနဲ႔ စာခ်ဳပ္

သက္တမ္းတိုးမယ့္ အေနအထားမရွိပါဘူး။

အခုေလာေလာဆယ္မွာ စပါးအသင္းရဲ႕ ရလဒ္ဆိုးေတြက ပရိသတ္ေတြ

အတြက္ စိတ္ပ်က္စရာျဖစ္ေနၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး(၉)ပြဲမွာ
(၃)ပြဲသာအႏိုင္ရခဲ့သလို အဆင့္(၄)ေနရာကို ယူႏိုက္တက္အသင္းဆီ
လႊဲေျပာင္းေပးလိုက္ရတဲ့ အျပင္ အမွတ္ကြာဟခ်က္ကလည္း (၅)မွတ္
အထိ ရွိေနပါၿပီ။

တကယ္လို႔ ရာသီကုန္မွာ စပါးအသင္း အဆင့္(၄)ေနရာနဲ႔ လြဲေခ်ာ္မယ္ဆိုရင္
ကြန္တီနဲ႔ ေသခ်ာေပါက္ လမ္းခြဲဖို႔ရွိၿပီး ကြန္တီရဲ႕ေနရာမွာ အစားဝင္ဖို႔
နာမည္ေက်ာ္နည္းျပေဟာင္း ပိုခ်က္တီႏို၊ ခ်ယ္လ္ဆီးနဲ႔အတူ ခ်န္ပီယံလိဂ္

ဖလားရယူခဲ့တဲ့ နည္းျပေဟာင္း တူခ်ယ္လ္တို႔ လတ္တေလာ ေရပန္းစားေနပါတယ္။