ရမ်ဆေး ဂိုးသွင်းလိုက်တာကြောင့် နာမည်ကြီးပုဂ္ဂိုလ်တွေ ဆယ်လီတွေ မျက်ခုံးလှုပ်နေရပြီ

ကမ္ဘာ့တစ်ဝန်းက နာမည်ကျော်ပုဂ္ဂိုလ်တွေ၊ ဆယ်လီတွေတော့ မျက်ခုံးလှုပ်နေရပြီလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေနောက်ပြောင်နေကြပါတယ်။ အကြောင်းကတော့

ရမ်ဆေး ဂိုးသွင်းလိုက်လို့ပါ။ တိုက်ဆိုင်မှုဖြစ်ပေမယ့် သူဂိုးသွင်းနိုင်ရင် နာမည်ကြီးတစ်ယောက်ယောက် အနိစ္စသဘောနဲ့ကိစ္စချောတတ်တဲ့ အဖြစ်တွေလည်း ရှိခဲ့ဖူးပါတယ်။

စတိဗ်ဂျော့ဘ်၊ စတီဖင်ဟော့ကင်း၊ အိုစမာဘင်လာဒင်၊ မူအမ်မာကဒါဖီ၊ ပေါလ်ဝေါလ်ကာနဲ့ ဝှစ်တနီဟောက်စတန်တို့လို နာမည်ကျော်တွေ၊ အထင်ကရပုဂ္ဂိုလ်တွေဟာ

ဝေးလ်ကွင်းလယ်လူ ဂိုးသွင်းပြီးတဲ့နောက် တိုက်တိုက်ဆိုင်ဆိုင် သေဆုံးခဲ့ကြရတာပါ။ အခုလည်း ဂျူဗင်တပ်ကနေ နိုက်စ်ကိုရောက်လာတဲ့ ရမ်ဆေးဟာ အသင်းသစ်အတွက်

ပထမဆုံးကစားခွင့်ရတဲ့ပွဲမှာတင် ဂိုးသွင်းနိုင်ခဲ့ပြန်ပါပြီ။ တူးလော့စ်နဲ့ နိုက်စ်တို့ကစားခဲ့တဲ့ လီဂူး-၁ အဖွင့်ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုးသွင်းပေးခဲ့တာပါ။ တိတိကျကျပြောရရင်

လူစားဝင်လာပြီး တစ်မိနစ်အကြာမှာတင် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်မှာ ပရီးမီးယားလိဂ်ပရိသတ်တွေနဲ့ ရင်းနှီးခွင့်ရခဲ့တဲ့ အသက် ၃၁ နှစ်အရွယ်ကွင်းလယ်လူရဲ့

ကစားသမားဘဝကတော့ အကျပိုင်းရောက်နေတာပါ။ အာဆင်နယ်ကနေ နော်တင်ဟမ်ဖောရက်စ်နဲ့ ကာဒစ်ဖ်မှာ အငှားနဲ့သွားကစားခဲ့ရသလို ဂျူဗင်တပ်ကလည်း ရိန်းဂျားဆီ အငှားချခဲ့တာပါပဲ။ အခုတော့ ရမ်ဆေးဟာ လီဂူး-၁ မှာ ဘဝသစ်စရတော့မှာပါ။

(zawgyi)

ကမာၻ႔တစ္ဝန္းက နာမည္ေက်ာ္ပုဂၢိဳလ္ေတြ၊ ဆယ္လီေတြေတာ့ မ်က္ခုံးလႈပ္ေနရၿပီလို႔ ဆိုရွယ္မီဒီယာေပၚမွာ ပရိသတ္ေတြေနာက္ေျပာင္ေနၾကပါတယ္။ အေၾကာင္းကေတာ့

ရမ္ေဆး ဂိုးသြင္းလိုက္လို႔ပါ။ တိုက္ဆိုင္မႈျဖစ္ေပမယ့္ သူဂိုးသြင္းႏိုင္ရင္ နာမည္ႀကီးတစ္ေယာက္ေယာက္ အနိစၥသေဘာနဲ႔ကိစၥေခ်ာတတ္တဲ့ အျဖစ္ေတြလည္း ရွိခဲ့ဖူးပါတယ္။ စတိဗ္ေဂ်ာ့ဘ္၊

စတီဖင္ေဟာ့ကင္း၊ အိုစမာဘင္လာဒင္၊ မူအမ္မာကဒါဖီ၊ ေပါလ္ေဝါလ္ကာနဲ႔ ဝွစ္တနီေဟာက္စတန္တို႔လို နာမည္ေက်ာ္ေတြ၊ အထင္ကရပုဂၢိဳလ္ေတြဟာ ေဝးလ္ကြင္းလယ္လူ ဂိုးသြင္းၿပီးတဲ့ေနာက္

တိုက္တိုက္ဆိုင္ဆိုင္ ေသဆုံးခဲ့ၾကရတာပါ။ အခုလည္း ဂ်ဴဗင္တပ္ကေန ႏိုက္စ္ကိုေရာက္လာတဲ့ ရမ္ေဆးဟာ အသင္းသစ္အတြက္ ပထမဆုံးကစားခြင့္ရတဲ့ပြဲမွာတင္ ဂိုးသြင္းႏိုင္ခဲ့ျပန္ပါၿပီ။

တူးေလာ့စ္နဲ႔ ႏိုက္စ္တို႔ကစားခဲ့တဲ့ လီဂူး-၁ အဖြင့္ပြဲစဥ္မွာ အသင္းအတြက္ ေခ်ပဂိုးသြင္းေပးခဲ့တာပါ။ တိတိက်က်ေျပာရရင္ လူစားဝင္လာၿပီး တစ္မိနစ္အၾကာမွာတင္ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္မွာ ပရီးမီးယားလိဂ္ပရိသတ္ေတြနဲ႔ ရင္းႏွီးခြင့္ရခဲ့တဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ကြင္းလယ္လူရဲ႕ ကစားသမားဘဝကေတာ့ အက်ပိုင္းေရာက္ေနတာပါ။

အာဆင္နယ္ကေန ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ ကာဒစ္ဖ္မွာ အငွားနဲ႔သြားကစားခဲ့ရသလို ဂ်ဴဗင္တပ္ကလည္း ရိန္းဂ်ားဆီ အငွားခ်ခဲ့တာပါပဲ။ အခုေတာ့ ရမ္ေဆးဟာ လီဂူး-၁ မွာ ဘဝသစ္စရေတာ့မွာပါ။