ရမ်ဆေးရဲ့ဂိုးကျိန်စာမှာ ကြွေလွင့်သွားခဲ့ရပြန်တဲ့ ဂန္ထဝင်အနုပညာရှင် အိုလီဗီယာ နယူတန်ဂျွန်

ရမ်ဆေးရဲ့ဂိုးတွေကတော့ အစဉ်အလာအတိုင်း ကျိန်စာမိနေဆဲပါ။ ဝေးလ်ကြယ်ပွင့် ဂိုးသွင်းပြီးရင် ကမ္ဘာကျော်တွေ ဒါမှမဟုတ် ဆယ်လီတွေထဲက တစ်ယောက်ယောက် ဆုံးပါးသွားတတ်ပါတယ်။

တိုက်ဆိုင်မှုဖြစ်ပေမယ့် ကြောက်စရာကောင်းပြီး အံ့အားသင့်စရာကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုပါ။ ၂၀၀၉ ခုနှစ်လောက်ကစတင်ခဲ့တဲ့ ရမ်ဆေးရဲ့ဂိုးကျိန်စာမှာ အိုစမာဘင်လာဒင်၊ ဂဒါဖီ၊

စတိဗ်ဂျော့၊ ဝှိုက်တနေးဟောက်စတန်နဲ့ ရော်ဂျာမိုးတို့လို နာမည်ကြီးတွေ တိုက်တိုက်ဆိုင်ဆိုင် သေဆုံးသွားခဲ့ကြဖူးပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ လီဂူး-၁ ပွဲစဉ်မှာ ရမ်ဆေး ဂိုးသွင်းလိုက်တော့

ဘယ်သူ့အလှည့်ရောက်လာဦးမလဲလို့ စိတ်ဝင်တစားစောင့်ကြည့်ခံခဲ့ရပါတယ်။ ဂျူဗင်တပ်ကနေ နိုက်စ်ကိုပြောင်းရွှေ့လာခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်းဟာ

တူးလော့စ်နဲ့အဝေးကွင်းပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ လူစားဝင်လာပြီး ချက်ချင်းဆိုသလို ဂိုးသွင်းနိုင်ခဲ့တာပါ။ အခုတော့ ရမ်ဆေး ဒီဂိုးသွင်းပြီးတဲ့နောက်

သိပ်မကြာခင်မှာ ဂန္ထဝင်အနုပညာရှင်တစ်ဦး ကြွေလွင့်သွားခဲ့ပြီဆိုတဲ့သတင်းတွေ ထွက်လာခဲ့ပါတယ်။ အိုလီဗီယာ နယူတန်ဂျွန်ဆိုတဲ့ အသက် ၇၃ နှစ်အရွယ် စွယ်စုံရအမျိုးသမီးအနုပညာရှင်ကြီးပါ။

ဂျာမနီမှာ တေးဂီတနဲ့ပတ်သက်တဲ့ ဂရမ်မီဆု ၄ ကြိမ်ရဖူးသလို သရုပ်ဆောင်လောကမှာလည်း ထွန်းတောက်ခဲ့တဲ့ ဗြိတိန်နဲ့သြတြေးလျနွယ်ဖွား ဂန္ထဝင်အဆိုတော်ဆိုရင်လည်း မမှားပါဘူး။

နာမည်ကျော် ဟောလီးဝုဒ်မင်းသားကြီး ဂျွန်ထရာဗိုတာနဲ့ရိုက်ကူးခဲ့တဲ့ Grease ၊ Two of a Kind စတဲ့ဇာတ်ကားတွေ ကျော်ကြားခဲ့သလို ဇာတ်ဝင်တေးတွေပါ အောင်မြင်ခဲ့တာပါ။

(zawgyi)

ရမ္ေဆးရဲ႕ဂိုးေတြကေတာ့ အစဥ္အလာအတိုင္း က်ိန္စာမိေနဆဲပါ။ ေဝးလ္ၾကယ္ပြင့္ ဂိုးသြင္းၿပီးရင္ ကမာၻေက်ာ္ေတြ ဒါမွမဟုတ္ ဆယ္လီေတြထဲက တစ္ေယာက္ေယာက္ ဆုံးပါးသြားတတ္ပါတယ္။

တိုက္ဆိုင္မႈျဖစ္ေပမယ့္ ေၾကာက္စရာေကာင္းၿပီး အံ့အားသင့္စရာေကာင္းတဲ့ တိုက္ဆိုင္မႈတစ္ခုပါ။ ၂၀၀၉ ခုႏွစ္ေလာက္ကစတင္ခဲ့တဲ့ ရမ္ေဆးရဲ႕ဂိုးက်ိန္စာမွာ အိုစမာဘင္လာဒင္၊ ဂဒါဖီ၊ စတိဗ္ေဂ်ာ့၊

ဝႈိက္တေနးေဟာက္စတန္နဲ႔ ေရာ္ဂ်ာမိုးတို႔လို နာမည္ႀကီးေတြ တိုက္တိုက္ဆိုင္ဆိုင္ ေသဆုံးသြားခဲ့ၾကဖူးပါတယ္။ ဒါေၾကာင့္ ၿပီးခဲ့တဲ့ လီဂူး-၁ ပြဲစဥ္မွာ ရမ္ေဆး ဂိုးသြင္းလိုက္ေတာ့ ဘယ္သူ႔အလွည့္ေရာက္လာဦးမလဲလို႔

စိတ္ဝင္တစားေစာင့္ၾကည့္ခံခဲ့ရပါတယ္။ ဂ်ဴဗင္တပ္ကေန ႏိုက္စ္ကိုေျပာင္းေ႐ႊ႕လာခဲ့တဲ့ အာဆင္နယ္ကြင္းလယ္လူေဟာင္းဟာ တူးေလာ့စ္နဲ႔အေဝးကြင္းပြဲစဥ္မွာ လူစားဝင္ကစားခြင့္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာ လူစားဝင္လာၿပီး ခ်က္ခ်င္းဆိုသလို ဂိုးသြင္းႏိုင္ခဲ့တာပါ။ အခုေတာ့ ရမ္ေဆး ဒီဂိုးသြင္းၿပီးတဲ့ေနာက္ သိပ္မၾကာခင္မွာ ဂႏၴဝင္အႏုပညာရွင္တစ္ဦး ေႂကြလြင့္သြားခဲ့ၿပီဆိုတဲ့သတင္းေတြ ထြက္လာခဲ့ပါတယ္။

အိုလီဗီယာ နယူတန္ဂြၽန္ဆိုတဲ့ အသက္ ၇၃ ႏွစ္အ႐ြယ္ စြယ္စုံရအမ်ိဳးသမီးအႏုပညာရွင္ႀကီးပါ။ ဂ်ာမနီမွာ ေတးဂီတနဲ႔ပတ္သက္တဲ့ ဂရမ္မီဆု ၄ ႀကိမ္ရဖူးသလို သ႐ုပ္ေဆာင္ေလာကမွာလည္း ထြန္းေတာက္ခဲ့တဲ့ ၿဗိတိန္နဲ႔ၾသေၾတးလ်ႏြယ္ဖြား

ဂႏၴဝင္အဆိုေတာ္ဆိုရင္လည္း မမွားပါဘူး။ နာမည္ေက်ာ္ ေဟာလီးဝုဒ္မင္းသားႀကီး ဂြၽန္ထရာဗိုတာနဲ႔႐ိုက္ကူးခဲ့တဲ့ Grease ၊ Two of a Kind စတဲ့ဇာတ္ကားေတြ ေက်ာ္ၾကားခဲ့သလို ဇာတ္ဝင္ေတးေတြပါ ေအာင္ျမင္ခဲ့တာပါ။