ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ဖရက်ဒ်တို့ရဲ့ ဂိုးတွေနဲ့ နော်တင်ဟမ်ဖော်ရက်စ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ယူနိုက်တက်

စီရော်နယ်လ်ဒို မရှိတော့ချိန်မှာ ယူနိုက်တက်ရဲ့ ကစားပုံက စည်းလုံးမှု ပိုရှိလာသလို

မြင်မိပြီး အဲရစ်တန်ဟက်အတွက်လည်း လုပ်ရ၊ကိုင်ရတာ ပိုလွယ်တဲ့အနေအထား
ဖြစ်လာတယ်။

အခုပွဲမှာ တန်းဆင်းဇုန်ထဲက နော်တင်ဟမ်ဖော်ရက်စ်လို အသင်းမျိုးနဲ့ ရင်ဆိုင်
ရတာဖြစ်လို့ အလွယ်တကူအနိုင်ရတယ်ဆိုပြီး ပြောနိုင်ပေမယ့် ကွင်းတွင်း
ခြေစွမ်းပိုင်း၊ ကစားသမားတွေရဲ့ အချိတ်အဆက်က တဖြည်းဖြည်းနဲ့ အားရစရာ
ပုံစံတစ်ခု ရောက်လာတာကိုတော့ မငြင်းနိုင်ဘူး။

အဲရစ်တန်ဟက်လက်ထက်မှာ ခြေစွမ်းပိုင်း၊ စိတ်ဓာတ်ပိုင်း ကြီးကြီးမားမား
ပြောင်းလဲသွားတဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ အခုပွဲမှာ သူ့ရဲ့ ပုံစံကောင်းကို
ဆက်လက်ပြသခဲ့ပြီး (၁)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ပွဲအစ(၁၉)မိနစ်မှာ ထောင့်ကန်ဘောကနေ အဲရစ်ဆင် အကွက်မြင်မြင်နဲ့ အနိမ့်ဘော
ချပေးလိုက်တာကို ရပ်ရှ်ဖို့ဒ်က အလိုက်သင့် ပြေးဝင်ပိတ်ပြီးတော့ ယူနိုက်တက်အတွက်

အဖွင့်ဂိုးသွင်းခဲ့တယ်။

မိနစ်ပိုင်းအကြာမှာပဲ ဘယ်ခြမ်းကနေ ရပ်ရှ်ဖို့ဒ် ပယ်နယ်တီဧရိယာထဲ ခင်းပေးလိုက်တာကို

မာစီယဲလ် ပိတ်သွင်းခဲ့တာကြောင့် ယူနိုက်တက်တို့ ဒုတိယဂိုးရခဲ့တယ်။ ဒီရာသီမှာ
ရပ်ရှ်ဖို့ဒ်လိုပဲ ခြေစွမ်းပိုင်း ပြောင်းလဲသွားတာက မာစီယဲလ်ဖြစ်ပြီး ဒဏ်ရာပြဿနာတွေနဲ့သာ
နောက်ထပ် မကြုံတွေ့ဘူးဆိုရင် မာစီယဲလ်ဆီကနေ ဂိုးတွေအများကြီးမျှော်လင့်နိုင်တဲ့
အနေအထားပါပဲ။

ယူနိုက်တက်အသင်းအတွက် တတိယဂိုးကို (၈၇)မိနစ်မှာ ကတ်စ်မဲရိုး ပေးတာကနေ
ဖရက်ဒ်က ဘယ်ခြေနဲ့အဆုံးသတ်သွင်းယူခဲ့ပြီး ဒီပွဲမှာ ကတ်စ်မဲရိုးရဲ့ ခြေစွမ်းပြ
ကစားနိုင်ခဲ့တယ်။ ယူနိုက်တက်အသင်းသမိုင်းမှာ ဘရာဇီးလ်ကစားသမားနှစ်ဦးရဲ့ တွဲလုံးကနေ

ဂိုးရခဲ့တာက ဒါ ပထမဆုံးအကြိမ်ပါပဲ။ အခုပွဲအနိုင်ရခဲ့တာကြောင့် ယူနိုက်တက်တို့
အဆင့်(၅)နေရာက စပါးအသင်းနဲ့ တစ်ပွဲလျော့၊ (၁)မှတ်သာကွာတော့လို့ အဆင့်(၄)နေရာ
ရယူနိုင်ဖို့ အခြေအနေ ပိုကောင်းလာပါပြီ။

[Zawgyi]

စီေရာ္နယ္လ္ဒို မရွိေတာ့ခ်ိန္မွာ ယူႏိုက္တက္ရဲ႕ ကစားပုံက စည္းလုံးမႈ ပိုရွိလာသလို
ျမင္မိၿပီး အဲရစ္တန္ဟက္အတြက္လည္း လုပ္ရ၊ကိုင္ရတာ ပိုလြယ္တဲ့အေနအထား
ျဖစ္လာတယ္။

အခုပြဲမွာ တန္းဆင္းဇုန္ထဲက ေနာ္တင္ဟမ္ေဖာ္ရက္စ္လို အသင္းမ်ိဳးနဲ႔ ရင္ဆိုင္
ရတာျဖစ္လို႔ အလြယ္တကူအႏိုင္ရတယ္ဆိုၿပီး ေျပာႏိုင္ေပမယ့္ ကြင္းတြင္း
ေျခစြမ္းပိုင္း၊ ကစားသမားေတြရဲ႕ အခ်ိတ္အဆက္က တျဖည္းျဖည္းနဲ႔ အားရစရာ

ပုံစံတစ္ခု ေရာက္လာတာကိုေတာ့ မျငင္းႏိုင္ဘူး။

အဲရစ္တန္ဟက္လက္ထက္မွာ ေျခစြမ္းပိုင္း၊ စိတ္ဓာတ္ပိုင္း ႀကီးႀကီးမားမား

ေျပာင္းလဲသြားတဲ့ တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ အခုပြဲမွာ သူ႔ရဲ႕ ပုံစံေကာင္းကို
ဆက္လက္ျပသခဲ့ၿပီး (၁)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

ပြဲအစ(၁၉)မိနစ္မွာ ေထာင့္ကန္ေဘာကေန အဲရစ္ဆင္ အကြက္ျမင္ျမင္နဲ႔ အနိမ့္ေဘာ
ခ်ေပးလိုက္တာကို ရပ္ရွ္ဖို႔ဒ္က အလိုက္သင့္ ေျပးဝင္ပိတ္ၿပီးေတာ့ ယူႏိုက္တက္အတြက္
အဖြင့္ဂိုးသြင္းခဲ့တယ္။

မိနစ္ပိုင္းအၾကာမွာပဲ ဘယ္ျခမ္းကေန ရပ္ရွ္ဖို႔ဒ္ ပယ္နယ္တီဧရိယာထဲ ခင္းေပးလိုက္တာကို
မာစီယဲလ္ ပိတ္သြင္းခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ဒုတိယဂိုးရခဲ့တယ္။ ဒီရာသီမွာ
ရပ္ရွ္ဖို႔ဒ္လိုပဲ ေျခစြမ္းပိုင္း ေျပာင္းလဲသြားတာက မာစီယဲလ္ျဖစ္ၿပီး ဒဏ္ရာျပႆနာေတြနဲ႔သာ
ေနာက္ထပ္ မႀကဳံေတြ႕ဘူးဆိုရင္ မာစီယဲလ္ဆီကေန ဂိုးေတြအမ်ားႀကီးေမွ်ာ္လင့္ႏိုင္တဲ့

အေနအထားပါပဲ။

ယူႏိုက္တက္အသင္းအတြက္ တတိယဂိုးကို (၈၇)မိနစ္မွာ ကတ္စ္မဲ႐ိုး ေပးတာကေန

ဖရက္ဒ္က ဘယ္ေျခနဲ႔အဆုံးသတ္သြင္းယူခဲ့ၿပီး ဒီပြဲမွာ ကတ္စ္မဲ႐ိုးရဲ႕ ေျခစြမ္းျပ
ကစားႏိုင္ခဲ့တယ္။ ယူႏိုက္တက္အသင္းသမိုင္းမွာ ဘရာဇီးလ္ကစားသမားႏွစ္ဦးရဲ႕ တြဲလုံးကေန
ဂိုးရခဲ့တာက ဒါ ပထမဆုံးအႀကိမ္ပါပဲ။ အခုပြဲအႏိုင္ရခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔
အဆင့္(၅)ေနရာက စပါးအသင္းနဲ႔ တစ္ပြဲေလ်ာ့၊ (၁)မွတ္သာကြာေတာ့လို႔ အဆင့္(၄)ေနရာ
ရယူႏိုင္ဖို႔ အေျခအေန ပိုေကာင္းလာပါၿပီ။