
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရပ်ရှ်ဖို့ဒ်ရဲ့ ကယ်တင်ပေးမှုကြောင့်ပဲ
အဲဗာတန်ကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး FA ဖလားပြိုင်ပွဲမှာ နောက်တစ်ဆင့်
တက်နိုင်ခဲ့ပါပြီ။
ဒီပွဲမှာ ယူနိုက်တက်ခြေစွမ်းက အရမ်းကြီး Balance မဖြစ်ဘဲ ကောင်းလိုက်၊
ပျက်လိုက်နဲ့ တစ်ပွဲလုံးကစားခဲ့တယ်။ မာလာစီယာနဲ့ လုခ်ရှောတို့ Timing
မကိုက်လို့ ယူနိုက်တက်ခံစစ်ဘယ်ခြမ်းက အပေါက်ကြီးဖြစ်နေပြီး အဲဗာတန်
တောင်ပံတိုက်စစ်ကစားသမား ဒါမာရီဂရေးက ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တယ်။
ပွဲအစ (၄)မိနစ်မှာပဲ ယူနိုက်တက်တို့ ဂိုးစရပြီး ရပ်ရှ်ဖို့ဒ်ရဲ့ တစ်ကိုယ်တော်
ထိုးဖောက်မှုကနေ ဂိုးရှေ့ချိုးပေးလိုက်တာကို အန်တိုနီက ပြေးဝင်ပိတ်သွင်းခဲ့ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက အဲဗာတန်ကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့
ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အတွက် ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း အခု
အဲဗာတန်နဲ့ပွဲမှ ဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
(၁၄)မိနစ်မှာတော့ အဲဗာတန် ချေပဂိုးရခဲ့ပြီး ဂိုးသမား ဒီဂီယာရဲ့ ရူးကြောင်ကြောင်
အမှားကနေ အဲဗာတန်နောက်ခံလူ ကိုဒီက ပိတ်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ကိုဒီလည်း
Hero ကနေ Zero ဖြစ်ခဲ့ရပြီး (၅၄)မိနစ်မှာ ရပ်ရှ်ဖို့ဒ် တင်ပေးလိုက်တဲ့ဘောလုံးကို
ဖျက်ထုတ်ဖို့ ကြိုးစားတာကနေ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်ခဲ့ပြီး ယူနိုက်တက်ဘက်က
ဂိုးသွင်းခွင့်တချိုကို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်ခဲ့သလို အဲဗာတန်ရတဲ့
အခွင့်အရေးတွေကိုလည်း ဒီဂီယာ တားဆီးနိုင်ခဲ့တယ်။
ယူနိုက်တက်အတွက် တတိယဂိုးကို ဂါနာချိုကြောင့် ရတဲ့ ပယ်နယ်တီကနေ
ရပ်ရှ်ဖို့ဒ်က အပိုင်ကန်သွင်းခဲ့ပြီး ဒီပွဲမှာ ယူနိုက်တက်ရခဲ့တဲ့ (၃)ဂိုးစလုံးက ရပ်ရှ်ဖို့ဒ်ရဲ့
ပါဝင်ပတ်သက်မှုကနေ ရရှိခဲ့တာလည်းဖြစ်ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရပ္ရွ္ဖို႔ဒ္ရဲ႕ ကယ္တင္ေပးမႈေၾကာင့္ပဲ
အဲဗာတန္ကို (၃-၁)ဂိုးနဲ႔အႏိုင္ယူၿပီး FA ဖလားၿပိဳင္ပြဲမွာ ေနာက္တစ္ဆင့္
တက္ႏိုင္ခဲ့ပါၿပီ။
ဒီပြဲမွာ ယူႏိုက္တက္ေျခစြမ္းက အရမ္းႀကီး Balance မျဖစ္ဘဲ ေကာင္းလိုက္၊
ပ်က္လိုက္နဲ႔ တစ္ပြဲလုံးကစားခဲ့တယ္။ မာလာစီယာနဲ႔ လုခ္ေရွာတို႔ Timing
မကိုက္လို႔ ယူႏိုက္တက္ခံစစ္ဘယ္ျခမ္းက အေပါက္ႀကီးျဖစ္ေနၿပီး အဲဗာတန္
ေတာင္ပံတိုက္စစ္ကစားသမား ဒါမာရီဂေရးက ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့တယ္။
ပြဲအစ (၄)မိနစ္မွာပဲ ယူႏိုက္တက္တို႔ ဂိုးစရၿပီး ရပ္ရွ္ဖို႔ဒ္ရဲ႕ တစ္ကိုယ္ေတာ္
ထိုးေဖာက္မႈကေန ဂိုးေရွ႕ခ်ိဳးေပးလိုက္တာကို အန္တိုနီက ေျပးဝင္ပိတ္သြင္းခဲ့ပါတယ္။
အန္တိုနီဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက အဲဗာတန္ကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့
ပရီးမီးယားလိဂ္ပြဲမွာ ယူႏိုက္တက္အတြက္ ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း အခု
အဲဗာတန္နဲ႔ပြဲမွ ဂိုးေပါက္ျပန္ေတြ႕ခဲ့တာျဖစ္ပါတယ္။
(၁၄)မိနစ္မွာေတာ့ အဲဗာတန္ ေခ်ပဂိုးရခဲ့ၿပီး ဂိုးသမား ဒီဂီယာရဲ႕ ႐ူးေၾကာင္ေၾကာင္
အမွားကေန အဲဗာတန္ေနာက္ခံလူ ကိုဒီက ပိတ္သြင္းခဲ့ပါတယ္။ ဒါေပမဲ့ ကိုဒီလည္း
Hero ကေန Zero ျဖစ္ခဲ့ရၿပီး (၅၄)မိနစ္မွာ ရပ္ရွ္ဖို႔ဒ္ တင္ေပးလိုက္တဲ့ေဘာလုံးကို
ဖ်က္ထုတ္ဖို႔ ႀကိဳးစားတာကေန ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းစလုံး အျပန္အလွန္ထိုးေဖာက္ခဲ့ၿပီး ယူႏိုက္တက္ဘက္က
ဂိုးသြင္းခြင့္တခ်ိဳကို အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္ ကာကြယ္ခဲ့သလို အဲဗာတန္ရတဲ့
အခြင့္အေရးေတြကိုလည္း ဒီဂီယာ တားဆီးႏိုင္ခဲ့တယ္။
ယူႏိုက္တက္အတြက္ တတိယဂိုးကို ဂါနာခ်ိဳေၾကာင့္ ရတဲ့ ပယ္နယ္တီကေန
ရပ္ရွ္ဖို႔ဒ္က အပိုင္ကန္သြင္းခဲ့ၿပီး ဒီပြဲမွာ ယူႏိုက္တက္ရခဲ့တဲ့ (၃)ဂိုးစလုံးက ရပ္ရွ္ဖို႔ဒ္ရဲ႕
ပါဝင္ပတ္သက္မႈကေန ရရွိခဲ့တာလည္းျဖစ္ပါတယ္။