ရပ်ရှ်ဖို့ဒ်ရဲ့ လှပတဲ့ တစ်ကိုယ်တော်သွင်းဂိုးနဲ့အတူ ဘန်လေကို အနိုင်ယူပြီး ကွာတားတက်သွားတဲ့ ယူနိုက်တက်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံးပြန်ကစားတဲ့ လိဂ်ဖလားပွဲမှာ မန်ချက်စတာ

ယူနိုက်တက်အသင်းက ဘန်လေကို အမှားအယွင်းမရှိအနိုင်ယူပြီး ကွာတားဖိုင်နယ်
တက်သွားပါတယ်။

အဲရစ်တန်ဟက်က အသင်းခေါင်းဆောင် မက်ဂွိုင်းယား၊ ဒါလော့တ်၊ ဒီဂီယာ၊
လုခ်ရှောတို့လောက်က လွဲပြီး ကျန်တဲ့ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့သလို
ကမ္ဘာ့ဖလားမှာ ကြေကွဲစရာတွေ ကြုံခဲ့ရတဲ့ ယူနိုက်တက်ကစားသမားအများစု
အခုပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ပွဲစလို့ (၇)မိနစ်လောက်မှာပဲ ဂါနာချို အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဘန်လေဂိုးသမား
ဖာရယ်လ် လက်စွမ်းပြကာကွယ်ခဲ့တာကြောင့် စောစောစီးစီးဂိုးရမယ့်အနေအထားနဲ့
လွဲချော်ခဲ့တာပါ။ လိဂ်ချန်ပီယံရှစ်မှာ ရလဒ်ကောင်းတွေ ရယူပြီး အမှတ်ပေးဇယား

အဆင့်(၁)နေရာ ရပ်တည်နေတဲ့ ကွန်ပနီရဲ့ ဘန်လေအသင်းဟာ အဝေးကွင်းဖြစ်ပေမယ့်
ယူနိုက်တက်ကို ဒုက္ခပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်းရခဲ့ပါတယ်။

ယူနိုက်တက်ဘက်မှာ နောက်ထပ် အားတက်စရာကောင်းတာက ညာနောက်ခံလူ
ဘစ်ဆာကာဟာ Overlap လုပ်တဲ့အပိုင်းမှာ အရင်ကထက် ပိုတိုးတက်လာပြီး
ပွဲထွက်ခွင့်တစ်နေရာအတွက် ဒါလော့တ်ကို ဖိအားပေးနိုင်တဲ့အနေအထားရှိနေပါပြီ။

ယူနိုက်တက် ရသွားတဲ့ အဖွင့်ဂိုးကလည်း ဘရူနိုဖာနန်ဒက်စ် အကွက်မြင်မြင်
ကန်တင်ပေးလိုက်တာကို ဘစ်ဆာကာက ညာခြမ်းကနေ ပယ်နယ်တီဧရိယာထဲ
ပြန်ချိုးပေးတာကနေ အဲရစ်ဆင် အပိုင်ပိတ်သွင်းခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဒုတိယဂိုးကို (၅၇)မိနစ်မှာ ရပ်ရှ်ဖို့ဒ်က ကွင်းလယ်ကနေ
Solo ဆွဲပြေးပြီးတော့ လှလှပပကန်သွင်းခဲ့တာဖြစ်ပါတယ်။

[Zawgyi]

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ပထမဆုံးျပန္ကစားတဲ့ လိဂ္ဖလားပြဲမွာ မန္ခ်က္စတာ
ယူႏိုက္တက္အသင္းက ဘန္ေလကို အမွားအယြင္းမရွိအႏိုင္ယူၿပီး ကြာတားဖိုင္နယ္
တက္သြားပါတယ္။

အဲရစ္တန္ဟက္က အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား၊ ဒါေလာ့တ္၊ ဒီဂီယာ၊
လုခ္ေရွာတို႔ေလာက္က လြဲၿပီး က်န္တဲ့ကစားသမားအစုံအလင္နဲ႔ ပြဲထြက္ခဲ့သလို

ကမာၻ႔ဖလားမွာ ေၾကကြဲစရာေတြ ႀကဳံခဲ့ရတဲ့ ယူႏိုက္တက္ကစားသမားအမ်ားစု
အခုပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

ပြဲစလို႔ (၇)မိနစ္ေလာက္မွာပဲ ဂါနာခ်ိဳ အပိုင္အခြင့္အေရးရခဲ့ေပမယ့္ ဘန္ေလဂိုးသမား
ဖာရယ္လ္ လက္စြမ္းျပကာကြယ္ခဲ့တာေၾကာင့္ ေစာေစာစီးစီးဂိုးရမယ့္အေနအထားနဲ႔
လြဲေခ်ာ္ခဲ့တာပါ။ လိဂ္ခ်န္ပီယံရွစ္မွာ ရလဒ္ေကာင္းေတြ ရယူၿပီး အမွတ္ေပးဇယား
အဆင့္(၁)ေနရာ ရပ္တည္ေနတဲ့ ကြန္ပနီရဲ႕ ဘန္ေလအသင္းဟာ အေဝးကြင္းျဖစ္ေပမယ့္
ယူႏိုက္တက္ကို ဒုကၡေပးႏိုင္ခဲ့ၿပီး အခြင့္အေရးေတြလည္းရခဲ့ပါတယ္။

ယူႏိုက္တက္ဘက္မွာ ေနာက္ထပ္ အားတက္စရာေကာင္းတာက ညာေနာက္ခံလူ
ဘစ္ဆာကာဟာ Overlap လုပ္တဲ့အပိုင္းမွာ အရင္ကထက္ ပိုတိုးတက္လာၿပီး

ပြဲထြက္ခြင့္တစ္ေနရာအတြက္ ဒါေလာ့တ္ကို ဖိအားေပးႏိုင္တဲ့အေနအထားရွိေနပါၿပီ။

ယူႏိုက္တက္ ရသြားတဲ့ အဖြင့္ဂိုးကလည္း ဘ႐ူႏိုဖာနန္ဒက္စ္ အကြက္ျမင္ျမင္

ကန္တင္ေပးလိုက္တာကို ဘစ္ဆာကာက ညာျခမ္းကေန ပယ္နယ္တီဧရိယာထဲ
ျပန္ခ်ိဳးေပးတာကေန အဲရစ္ဆင္ အပိုင္ပိတ္သြင္းခဲ့ပါတယ္။

ယူႏိုက္တက္အတြက္ ဒုတိယဂိုးကို (၅၇)မိနစ္မွာ ရပ္ရွ္ဖို႔ဒ္က ကြင္းလယ္ကေန
Solo ဆြဲေျပးၿပီးေတာ့ လွလွပပကန္သြင္းခဲ့တာျဖစ္ပါတယ္။