ရပ်ရှ်ဖို့ဒ်ရဲ့ ရပ်တန့်လို့မရတဲ့ ခြေစွမ်းကြောင့် ဘာစီလိုနာနည်းပြဇာဗီ စိုးရိမ်ထိတ်လန့်နေ

၂၀၂၃ ဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား

ရပ်ရှ်ဖို့ဒ်အတွက် လာခြင်းကောင်းတဲ့ နှစ်အဖြစ် သတ်မှတ်ရမှာဖြစ်ပြီး
သွင်းဂိုးစွမ်းဆောင်ရည်သာမကပဲ တစ်ဦးချင်း အရည်အသွေးပိုင်းပါ
အရင်ကထက် သိသိသာသာ တိုးတက်လာတာကို အားလုံးအသိ
ဖြစ်ပါလိမ့်မယ်။

ဒီရာသီပြိုင်ပွဲစုံမှာ (၂၁)ဂိုးအထိသွင်းယူပြီး ယူနိုက်တက်ကစားသမားဘ၀
အကောင်းဆုံးသွင်းဂိုးမှတ်တမ်းကို ကျော်ဖြတ်ဖို့ (၂)ဂိုးသာ လိုတော့တဲ့
အပြင် ဂိုးဖန်တီးမှု(၈)ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ဒီရာသီမှာ

ယူနိုက်တက်အတွက် ရပ်ရှ်ဖို့ဒ် ပါဝင်ပတ်သက်ခဲ့တဲ့ သွင်းဂိုးက (၂၉)ဂိုး
အထိရှိနေပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားကို ရွေးချယ်ပါဆိုရင်
ရပ်ရှ်ဖို့ဒ်ကို သေချာပေါက် သတ်မှတ်ရမှာဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းကို
ဒီညကစားမယ့် ဘာစီလိုနာနဲ့ပွဲမှာ ဆက်လက်ပြသနိုင်အောင် ကြိုးစားရမှာပါ။

လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၁၁)ပွဲဆက်တိုက်
အနိုင်ရခဲ့သလို ဒီရာသီမှာ Clean Sheets ပွဲပေါင်း(၁၈)ပွဲအထိ ရယူပြီး
ဥရောပထိပ်သီးလိဂ်ကလပ်တွေထဲမှာ Clean Sheets ပွဲအများဆုံးအသင်း
အဖြစ် ရပ်တည်နေပေမယ့် နည်းပြဇာဗီကတော့ ရပ်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်

အပေါ် စိုးရိမ်ထိတ်လန့်နေပါတယ်။

ဒီညပွဲမှာ ယူနိုက်တက်တို့ ရလဒ်ကောင်း၊ မကောင်းဆိုတာက ရပ်ရှ်ဖို့ဒ်ရဲ့

စွမ်းဆောင်အပေါ် အများကြီး မူတည်နေပြီး ရပ်ရှ်ဖို့ဒ်အနေနဲ့လည်း သူ့ရဲ့ ခြေစွမ်း
အစစ်အမှန်ကို မှတ်ကျောက်တင်နိုင်ဖို့ဆိုရင် ဒီလို ပွဲကြီးမျိုးမှာ ပုံစံကောင်း
ပြသနိုင်ဖို့လည်း လိုအပ်နေပါတယ်။

[Zawgyi]

၂၀၂၃ ဟာ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမား
ရပ္ရွ္ဖို႔ဒ္အတြက္ လာျခင္းေကာင္းတဲ့ ႏွစ္အျဖစ္ သတ္မွတ္ရမွာျဖစ္ၿပီး
သြင္းဂိုးစြမ္းေဆာင္ရည္သာမကပဲ တစ္ဦးခ်င္း အရည္အေသြးပိုင္းပါ
အရင္ကထက္ သိသိသာသာ တိုးတက္လာတာကို အားလုံးအသိ

ျဖစ္ပါလိမ့္မယ္။

ဒီရာသီၿပိဳင္ပြဲစုံမွာ (၂၁)ဂိုးအထိသြင္းယူၿပီး ယူႏိုက္တက္ကစားသမားဘ၀

အေကာင္းဆုံးသြင္းဂိုးမွတ္တမ္းကို ေက်ာ္ျဖတ္ဖို႔ (၂)ဂိုးသာ လိုေတာ့တဲ့
အျပင္ ဂိုးဖန္တီးမႈ(၈)ႀကိမ္အထိ ျပဳလုပ္ခဲ့တာေၾကာင့္ ဒီရာသီမွာ
ယူႏိုက္တက္အတြက္ ရပ္ရွ္ဖို႔ဒ္ ပါဝင္ပတ္သက္ခဲ့တဲ့ သြင္းဂိုးက (၂၉)ဂိုး
အထိရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ ယူႏိုက္တက္ရဲ႕ အေကာင္းဆုံးကစားသမားကို ေ႐ြးခ်ယ္ပါဆိုရင္
ရပ္ရွ္ဖို႔ဒ္ကို ေသခ်ာေပါက္ သတ္မွတ္ရမွာျဖစ္ၿပီး သူ႔ရဲ႕ ေျခစြမ္းေကာင္းကို
ဒီညကစားမယ့္ ဘာစီလိုနာနဲ႔ပြဲမွာ ဆက္လက္ျပသႏိုင္ေအာင္ ႀကိဳးစားရမွာပါ။

လာလီဂါထိပ္သီး ဘာစီလိုနာအသင္းဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး(၁၁)ပြဲဆက္တိုက္
အႏိုင္ရခဲ့သလို ဒီရာသီမွာ Clean Sheets ပြဲေပါင္း(၁၈)ပြဲအထိ ရယူၿပီး

ဥေရာပထိပ္သီးလိဂ္ကလပ္ေတြထဲမွာ Clean Sheets ပြဲအမ်ားဆုံးအသင္း
အျဖစ္ ရပ္တည္ေနေပမယ့္ နည္းျပဇာဗီကေတာ့ ရပ္ရွ္ဖို႔ဒ္ရဲ႕ စြမ္းေဆာင္ရည္
အေပၚ စိုးရိမ္ထိတ္လန႔္ေနပါတယ္။

ဒီညပြဲမွာ ယူႏိုက္တက္တို႔ ရလဒ္ေကာင္း၊ မေကာင္းဆိုတာက ရပ္ရွ္ဖို႔ဒ္ရဲ႕
စြမ္းေဆာင္အေပၚ အမ်ားႀကီး မူတည္ေနၿပီး ရပ္ရွ္ဖို႔ဒ္အေနနဲ႔လည္း သူ႔ရဲ႕ ေျခစြမ္း
အစစ္အမွန္ကို မွတ္ေက်ာက္တင္ႏိုင္ဖို႔ဆိုရင္ ဒီလို ပြဲႀကီးမ်ိဳးမွာ ပုံစံေကာင္း
ျပသႏိုင္ဖို႔လည္း လိုအပ္ေနပါတယ္။