ရပ်ရှ်ဖို့ဒ်ရဲ့ ဂိုးဟာ လူကျွံနေပေမယ့် VAR က,ကလိမ်ကကျစ်လုပ်ပြီး ဂိုးပေးလိုက်တာလို့ ပရိသတ်တွေ ဝေဖန်

လက်စတာနဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်ရဲ့ ဒုတိယဂိုးကို ခွင့်ပေးခဲ့တာနဲ့ပတ်သက်လို့

ပရိသတ်တွေ ဒေါသပေါက်ကွဲနေပြီး ရပ်ရှ်ဖို့ဒ် သိသိသာသာ
လူကျွံနေပေမယ့် VAR က ကလိမ်ကကျစ်လုပ်ပြီးတော့ ဂိုးပေးခဲ့တာ
ဖြစ်တယ်လို့ စွပ်စွဲနေကြပါတယ်။

လက်စတာနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ ရပ်ရှ်ဖို့ဒ်က
အဖွင့်ဂိုးသွင်းခဲ့ပြီး ဒုတိယဂိုးကိုလည်း ပွဲချိန်(၅၆)မိနစ်မှာ ဖရက်ဒ်
ထိုးပေးလိုက်တာကို ဆွဲပြေးပြီးတော့ ဂိုးသွင်းခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ် ဂိုးသွင်းပြီးချိန်မှာ စည်းကြပ်ဒိုင်က လူကျွံအလံထောင်ခဲ့တာကြောင့်
ကွင်းလယ်ဒိုင် စတူးဝပ်အက်တ်ဝဲလ်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပေမယ့်
VAR က ရုပ်သံပြန်ကြည့်ချိန်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ခြေထောက်နဲ့ လက်စတာ

နောက်ခံလူ ဝုဒ်ဖက်စ်ရဲ့လက်မောင်းဟာ တစ်တန်းတည်းရှိနေတဲ့အတွက်
Onside သတ်မှတ်ပြီး ဂိုးပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းရဲ့ ပြိုင်ဘက်ပရိသတ်တွေကတော့ VAR ရဲ့
ဆုံးဖြတ်ချက်အပေါ် မကျေနပ်ကြဘဲ ယူနိုက်တက်ဘက်ကို မျက်နှာလိုက်
ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြစ်တင်ခဲ့ပါတယ်။

ပရိသတ်တွေက ‘ရပ်ရှ်ဖို့ဒ်ဟာ လူကျွံနေပေမယ့် Onside ဖြစ်ရတဲ့
အကြောင်းရင်းရှိပါတယ် . .အဲဒါကတော့ ယူနိုက်တက်အသင်းရဲ့လိုဂိုကြောင့်ပါပဲ’၊
‘ဒီလောက်ကြီးက ဘယ်လိုလုပ် Onside ဖြစ်ရတာလဲ . .ဘောလုံးပွဲတွေမှာလည်း
ကလိမ်ကကျစ်ဖြစ်ရပ်တွေ များနေပါပြီ’၊ ‘ဒီလောက် လူကျွံနေတာကို

ဂိုးပေးလိုက်တယ် .. တကယ့် ကလိမ်ကကျစ်ပဲ’လို့ Twitter မှာ ဝေဖန်
ရေးသားခဲ့ကြပါတယ်။

[Zawgyi]

လက္စတာနဲ႔ပြဲမွာ ရပ္ရွ္ဖို႔ဒ္ရဲ႕ ဒုတိယဂိုးကို ခြင့္ေပးခဲ့တာနဲ႔ပတ္သက္လို႔
ပရိသတ္ေတြ ေဒါသေပါက္ကြဲေနၿပီး ရပ္ရွ္ဖို႔ဒ္ သိသိသာသာ
လူကြၽံေနေပမယ့္ VAR က ကလိမ္ကက်စ္လုပ္ၿပီးေတာ့ ဂိုးေပးခဲ့တာ
ျဖစ္တယ္လို႔ စြပ္စြဲေနၾကပါတယ္။

လက္စတာနဲ႔ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ဖန္တီးေပးမႈကေန ရပ္ရွ္ဖို႔ဒ္က
အဖြင့္ဂိုးသြင္းခဲ့ၿပီး ဒုတိယဂိုးကိုလည္း ပြဲခ်ိန္(၅၆)မိနစ္မွာ ဖရက္ဒ္
ထိုးေပးလိုက္တာကို ဆြဲေျပးၿပီးေတာ့ ဂိုးသြင္းခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္ ဂိုးသြင္းၿပီးခ်ိန္မွာ စည္းၾကပ္ဒိုင္က လူကြၽံအလံေထာင္ခဲ့တာေၾကာင့္
ကြင္းလယ္ဒိုင္ စတူးဝပ္အက္တ္ဝဲလ္က လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့ေပမယ့္

VAR က ႐ုပ္သံျပန္ၾကည့္ခ်ိန္မွာ ရပ္ရွ္ဖို႔ဒ္ရဲ႕ေျခေထာက္နဲ႔ လက္စတာ
ေနာက္ခံလူ ဝုဒ္ဖက္စ္ရဲ႕လက္ေမာင္းဟာ တစ္တန္းတည္းရွိေနတဲ့အတြက္
Onside သတ္မွတ္ၿပီး ဂိုးေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ယူႏိုက္တက္အသင္းရဲ႕ ၿပိဳင္ဘက္ပရိသတ္ေတြကေတာ့ VAR ရဲ႕
ဆုံးျဖတ္ခ်က္အေပၚ မေက်နပ္ၾကဘဲ ယူႏိုက္တက္ဘက္ကို မ်က္ႏွာလိုက္
ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ ျပစ္တင္ခဲ့ပါတယ္။

ပရိသတ္ေတြက ‘ရပ္ရွ္ဖို႔ဒ္ဟာ လူကြၽံေနေပမယ့္ Onside ျဖစ္ရတဲ့
အေၾကာင္းရင္းရွိပါတယ္ . .အဲဒါကေတာ့ ယူႏိုက္တက္အသင္းရဲ႕လိုဂိုေၾကာင့္ပါပဲ’၊
‘ဒီေလာက္ႀကီးက ဘယ္လိုလုပ္ Onside ျဖစ္ရတာလဲ . .ေဘာလုံးပြဲေတြမွာလည္း

ကလိမ္ကက်စ္ျဖစ္ရပ္ေတြ မ်ားေနပါၿပီ’၊ ‘ဒီေလာက္ လူကြၽံေနတာကို
ဂိုးေပးလိုက္တယ္ .. တကယ့္ ကလိမ္ကက်စ္ပဲ’လို႔ Twitter မွာ ေဝဖန္
ေရးသားခဲ့ၾကပါတယ္။