ရပ်တန့်လို့ မရနိုင်တဲ့ ခြေစွမ်းနဲ့ သွင်းဂိုးစံချိန်မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်

ဒီရာသီမှာ မယုံနိုင်လောက်အောင် ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ မန်ချက်စတာ

ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဘုန်းမောက်ကို (၃-ဝ)ဂိုးနဲ့
အနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲမှာလည်း အသင်းအတွက် တတိယမြောက်ဂိုးကို
သွင်းယူခဲ့ပါတယ်။

ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ပွဲချိန်(၂၃)မိနစ်မှာ အဲရစ်ဆင်ရဲ့ ပေးပို့မှုကနေ
ကတ်စ်မဲရိုးက ပိတ်သွင်းခဲ့တာဖြစ်ပြီး ဒုတိယပိုင်းစလို့ မိနစ်ပိုင်းအကြာမှာပဲ
ညာခြမ်းကနေ ဂါနာချို ချိုးပေးလိုက်တာကို လုခ်ရှောက အပိုင်ကန်သွင်းခဲ့ပါတယ်။
တတိယဂိုးကိုတော့ ဘရူနိုဖာနန်ဒက်စ် တစ်ကိုယ်ကောင်းမဆန်ဘဲ ရပ်ရှ်ဖို့ဒ်ဆီ

ဘောလုံးပေးတာကို ရပ်ရှ်ဖို့ဒ်က အသာအယာ သွင်းယူခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်လည်စတင်တဲ့ ကလပ်အသင်းပွဲတွေမှာ

ရပ်ရှ်ဖို့ဒ်တစ်ယောက် ဂိုးမြူးနေပြီး အခုဆိုရင် ဘန်လေ၊ နော်တင်ဟမ်ဖော်ရက်စ်၊
ဝုလ်ဗ်၊ ဘုန်းမောက်နဲ့ပွဲတွေမှာ ဆက်တိုက်ဂိုးသွင်းနိုင်တာကြောင့် ယူနိုက်တက်
ကစားသမားဘ၀ ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ(၄)ပွဲဆက်ဂိုးသွင်းနိုင်တဲ့
မှတ်တမ်းကောင်းပိုင်ဆိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပခုံးဒဏ်ရာခွဲစိတ်မှု၊ ပုံမှန်ခြေစွမ်းမပြနိုင်တာတွေကြောင့်
ပြိုင်ပွဲစုံ(၃၂)ပွဲကစား၊ (၅)ဂိုးသာ သွင်းယူနိုင်တဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာတော့
(၂၃)ပွဲကစားပြီးချိန်မှာပဲ (၁၂)ဂိုးအထိသွင်းခဲ့ပြီး မနှစ်ကထက် အရေအတွက်

(၂)ဆ သွင်းထားပြီးဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၉၊ ဇန်နဝါရီလနောက်ပိုင်း ပရီးမီးယားလိဂ်(၃)ပွဲဆက်

ဂိုးသွင်းနိုင်ခဲ့တာဖြစ်သလို ဒီရာသီ အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ပွဲစုံ (၅)ပွဲဆက်
(ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ၊ ဘန်လ၊နော်တင်ဟမ်ဖော်ရက်စ်၊ ဘုန်းမောက်)
ဂိုးသွင်းနိုင်ခဲ့ပါတယ်။

[Zawgyi]

ဒီရာသီမွာ မယုံႏိုင္ေလာက္ေအာင္ ေျခစြမ္းျပဂိုးေတြသြင္းေနတဲ့ မန္ခ်က္စတာ
ယူႏိုက္တက္ တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ ဘုန္းေမာက္ကို (၃-ဝ)ဂိုးနဲ႔
အႏိုင္ရတဲ့ပရီးမီးယားလိဂ္ပြဲမွာလည္း အသင္းအတြက္ တတိယေျမာက္ဂိုးကို
သြင္းယူခဲ့ပါတယ္။

ယူႏိုက္တက္အတြက္ အဖြင့္ဂိုးကို ပြဲခ်ိန္(၂၃)မိနစ္မွာ အဲရစ္ဆင္ရဲ႕ ေပးပို႔မႈကေန
ကတ္စ္မဲ႐ိုးက ပိတ္သြင္းခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းစလို႔ မိနစ္ပိုင္းအၾကာမွာပဲ

ညာျခမ္းကေန ဂါနာခ်ိဳ ခ်ိဳးေပးလိုက္တာကို လုခ္ေရွာက အပိုင္ကန္သြင္းခဲ့ပါတယ္။
တတိယဂိုးကိုေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ တစ္ကိုယ္ေကာင္းမဆန္ဘဲ ရပ္ရွ္ဖို႔ဒ္ဆီ
ေဘာလုံးေပးတာကို ရပ္ရွ္ဖို႔ဒ္က အသာအယာ သြင္းယူခဲ့တာျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ျပန္လည္စတင္တဲ့ ကလပ္အသင္းပြဲေတြမွာ
ရပ္ရွ္ဖို႔ဒ္တစ္ေယာက္ ဂိုးျမဴးေနၿပီး အခုဆိုရင္ ဘန္ေလ၊ ေနာ္တင္ဟမ္ေဖာ္ရက္စ္၊
ဝုလ္ဗ္၊ ဘုန္းေမာက္နဲ႔ပြဲေတြမွာ ဆက္တိုက္ဂိုးသြင္းႏိုင္တာေၾကာင့္ ယူႏိုက္တက္
ကစားသမားဘ၀ ပထမဆုံးအႀကိမ္ ၿပိဳင္ပြဲစုံ(၄)ပြဲဆက္ဂိုးသြင္းႏိုင္တဲ့

မွတ္တမ္းေကာင္းပိုင္ဆိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ပခုံးဒဏ္ရာခြဲစိတ္မႈ၊ ပုံမွန္ေျခစြမ္းမျပႏိုင္တာေတြေၾကာင့္

ၿပိဳင္ပြဲစုံ(၃၂)ပြဲကစား၊ (၅)ဂိုးသာ သြင္းယူႏိုင္တဲ့ ရပ္ရွ္ဖို႔ဒ္ဟာ ဒီရာသီမွာေတာ့
(၂၃)ပြဲကစားၿပီးခ်ိန္မွာပဲ (၁၂)ဂိုးအထိသြင္းခဲ့ၿပီး မႏွစ္ကထက္ အေရအတြက္
(၂)ဆ သြင္းထားၿပီးျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာ ၂၀၁၉၊ ဇန္နဝါရီလေနာက္ပိုင္း ပရီးမီးယားလိဂ္(၃)ပြဲဆက္
ဂိုးသြင္းႏိုင္ခဲ့တာျဖစ္သလို ဒီရာသီ အိုးလ္ထရက္ဖို႔ဒ္မွာ ၿပိဳင္ပြဲစုံ (၅)ပြဲဆက္
(ဝက္စ္ဟမ္း၊ အက္စတြန္ဗီလာ၊ ဘန္လ၊ေနာ္တင္ဟမ္ေဖာ္ရက္စ္၊ ဘုန္းေမာက္)
ဂိုးသြင္းႏိုင္ခဲ့ပါတယ္။