
ရပ်ရှ်ဖို့ဒ်ကတော့ ဘယ်လိုမှ တားဆီးလို့ မရလောက်တော့အောင်
ဆက်တိုက်ပဲ ဂိုးတွေသွင်းနေပါပြီ။ ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းပိုင်း၊ စိတ်ဓာတ်ပိုင်းက
ဒီရာသီမှာ အကောင်းဆုံးအနေအထားရောက်နေပြီး အခုနောက်ပိုင်း
ပွဲတွေမှာ အရင်ကထက် Finishing ပိုတိုးတက်လာတဲ့အတွက် အခုလို
ဂိုးတွေ တောက်လျှောက်သွင်းနိုင်တာလို့ မြင်မိပါတယ်။
လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်ခွင့်ရခဲ့တဲ့
ချာလ်တန်အသင်းဟာ ဒုတိယပိုင်းမှာ အိမ်ရှင် ယူနိုက်တက်ကို အပြန်အလှန်
ကစားနိုင်ပေမယ့် ရပ်ရှ်ဖို့ဒ်ရဲ့ ဂိုးတွေကြောင့်သာ (၃-ဝ)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ပွဲထွက်ကစားသမားစာရင်းကို
(၉)နေရာအထိအပြောင်းအလဲလုပ်ခဲ့ပြီး ထူးခြားတာက အသက်(၁၇)နှစ်အရွယ်
လူငယ်ကွင်းလယ်လူ ကိုဘီမင်နူးကို စီနီယာအသင်းမှာ ပထမဆုံးအကြိမ် ပွဲထွက်
အသုံးပြုခဲ့ပါတယ်။ ပွဲထွက်ကစားသမားအပြောင်းအလဲလုပ်ခဲ့ပေမယ့်
အများစုက စီနီယာ ကစားသမားတွေဖြစ်လို့ ယူနိုက်တက် ခြေစွမ်းပိုင်း
ထိခိုက်မှုမရှိဘဲ ချာလ်တန်ကို ဖိအားပေးကစားနိုင်ခဲ့တယ်။
ပထမပိုင်း (၂၁)မိနစ်မှာ အန်တိုနီက သူ့ပုံစံအတိုင်းပဲ ညာခြမ်းကနေ Cut-Inside
လုပ်ပြီးတော့ ဘယ်ခြေနဲ့ လှလှပပ ဝေ့ဝိုက်ကန်သွင်းခဲ့ပါတယ်။ ပထမပိုင်းမှာ
ဖရက်ဒ်ရဲ့ ဖရီးကစ်ကန်ချက် လှပခဲ့ပေမယ့် တိုင်ထိထွက်သွားလို့ နစ်နာခဲ့ရတယ်။
ဒုတိယပိုင်းမှာ ချာလ်တန်အသင်းက တိုက်စစ်ကို အပြောင်းအလဲလုပ်ပြီး
တောင်ပံတိုက်စစ်တွေကနေ ထိုးဖောက်ကစားချိန်မှာ ယူနိုက်တက်ခံစစ်
ကစားသမားတွေ ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပေမယ့် ဂိုးသမားတွမ်ဟီတန်
အမှားမရှိလို့ ယူနိုက်တက် ဂိုးမပေးခဲ့ရပါဘူး။
မိနစ်(၆၀)မှာ အဲရစ်တန်ဟက်က ရပ်ရှ်ဖို့ဒ်ကို လူစားဝင်ကစားခိုင်းခဲ့ပြီး ပွဲပြီးဖို့
(၄)မိနစ်အတွင်းမှာပဲ (၂)ဂိုးသွင်းယူခဲ့ပါတယ်။ မိနစ်(၉၀)မှာ ပယ်လစ်စထရီ
ပေးတာကနေ ရပ်ရှ်ဖို့ဒ်က အပိုင်သွင်းယူခဲ့သလို (၉၄)မိနစ်မှာ ကတ်စ်မဲရိုးရဲ့
အကွက်မြင်မြင် ဖန်တီးပေးမှုကို ရပ်ရှ်ဖို့ဒ်ကပဲ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
အခု နိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာ (၄)ရာသီ
အတွင်း ဆီမီးဖိုင်နယ်အဆင့်ကို (၃)ကြိမ်မြောက်တက်ခွင့်ရခဲ့သလို ပြိုင်ပွဲစုံ
နောက်ဆုံး(၈)ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့အတွက် ဒါက ၂၀၁၈ ဒီဇင်ဘာကနေ
၂၀၁၉ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
[Zawgyi]
ရပ္ရွ္ဖို႔ဒ္ကေတာ့ ဘယ္လိုမွ တားဆီးလို႔ မရေလာက္ေတာ့ေအာင္
ဆက္တိုက္ပဲ ဂိုးေတြသြင္းေနပါၿပီ။ ရပ္ရွ္ဖို႔ဒ္ရဲ႕ ေျခစြမ္းပိုင္း၊ စိတ္ဓာတ္ပိုင္းက
ဒီရာသီမွာ အေကာင္းဆုံးအေနအထားေရာက္ေနၿပီး အခုေနာက္ပိုင္း
ပြဲေတြမွာ အရင္ကထက္ Finishing ပိုတိုးတက္လာတဲ့အတြက္ အခုလို
ဂိုးေတြ ေတာက္ေလွ်ာက္သြင္းႏိုင္တာလို႔ ျမင္မိပါတယ္။
လိဂ္ဖလား ကြာတားဖိုင္နယ္အဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္ခြင့္ရခဲ့တဲ့
ခ်ာလ္တန္အသင္းဟာ ဒုတိယပိုင္းမွာ အိမ္ရွင္ ယူႏိုက္တက္ကို အျပန္အလွန္
ကစားႏိုင္ေပမယ့္ ရပ္ရွ္ဖို႔ဒ္ရဲ႕ ဂိုးေတြေၾကာင့္သာ (၃-ဝ)ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့တာပါ။
ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ပြဲထြက္ကစားသမားစာရင္းကို
(၉)ေနရာအထိအေျပာင္းအလဲလုပ္ခဲ့ၿပီး ထူးျခားတာက အသက္(၁၇)ႏွစ္အ႐ြယ္
လူငယ္ကြင္းလယ္လူ ကိုဘီမင္ႏူးကို စီနီယာအသင္းမွာ ပထမဆုံးအႀကိမ္ ပြဲထြက္
အသုံးျပဳခဲ့ပါတယ္။ ပြဲထြက္ကစားသမားအေျပာင္းအလဲလုပ္ခဲ့ေပမယ့္
အမ်ားစုက စီနီယာ ကစားသမားေတြျဖစ္လို႔ ယူႏိုက္တက္ ေျခစြမ္းပိုင္း
ထိခိုက္မႈမရွိဘဲ ခ်ာလ္တန္ကို ဖိအားေပးကစားႏိုင္ခဲ့တယ္။
ပထမပိုင္း (၂၁)မိနစ္မွာ အန္တိုနီက သူ႔ပုံစံအတိုင္းပဲ ညာျခမ္းကေန Cut-Inside
လုပ္ၿပီးေတာ့ ဘယ္ေျခနဲ႔ လွလွပပ ေဝ့ဝိုက္ကန္သြင္းခဲ့ပါတယ္။ ပထမပိုင္းမွာ
ဖရက္ဒ္ရဲ႕ ဖရီးကစ္ကန္ခ်က္ လွပခဲ့ေပမယ့္ တိုင္ထိထြက္သြားလို႔ နစ္နာခဲ့ရတယ္။
ဒုတိယပိုင္းမွာ ခ်ာလ္တန္အသင္းက တိုက္စစ္ကို အေျပာင္းအလဲလုပ္ၿပီး
ေတာင္ပံတိုက္စစ္ေတြကေန ထိုးေဖာက္ကစားခ်ိန္မွာ ယူႏိုက္တက္ခံစစ္
ကစားသမားေတြ ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရေပမယ့္ ဂိုးသမားတြမ္ဟီတန္
အမွားမရွိလို႔ ယူႏိုက္တက္ ဂိုးမေပးခဲ့ရပါဘူး။
မိနစ္(၆၀)မွာ အဲရစ္တန္ဟက္က ရပ္ရွ္ဖို႔ဒ္ကို လူစားဝင္ကစားခိုင္းခဲ့ၿပီး ပြဲၿပီးဖို႔
(၄)မိနစ္အတြင္းမွာပဲ (၂)ဂိုးသြင္းယူခဲ့ပါတယ္။ မိနစ္(၉၀)မွာ ပယ္လစ္စထရီ
ေပးတာကေန ရပ္ရွ္ဖို႔ဒ္က အပိုင္သြင္းယူခဲ့သလို (၉၄)မိနစ္မွာ ကတ္စ္မဲ႐ိုးရဲ႕
အကြက္ျမင္ျမင္ ဖန္တီးေပးမႈကို ရပ္ရွ္ဖို႔ဒ္ကပဲ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။
အခု ႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္အသင္းဟာ လိဂ္ဖလားၿပိဳင္ပြဲမွာ (၄)ရာသီ
အတြင္း ဆီမီးဖိုင္နယ္အဆင့္ကို (၃)ႀကိမ္ေျမာက္တက္ခြင့္ရခဲ့သလို ၿပိဳင္ပြဲစုံ
ေနာက္ဆုံး(၈)ပြဲဆက္တိုက္ အႏိုင္ရခဲ့တဲ့အတြက္ ဒါက ၂၀၁၈ ဒီဇင္ဘာကေန
၂၀၁၉ ဇန္နဝါရီေနာက္ပိုင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။