ရန်းနစ်ခ် ပညာပြလိုက်လို့ ဒိုင်လူကြီးတွေ ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းရတော့မယ်

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြရန်နစ်ခ်ရဲ့ အကြံပေးချက်အရ

မကြာခင်အချိန်အတွင်း ကလပ်အသင်းတွေမှာ ဒိုင်လူကြီးတွေလည်း

အတူတူလေ့ကျင့်ခန်းဆင်းရမယ့်အစီအစဉ်ကို စတင်ဖို့ရှိနေပါပြီ။

ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေရဲ့အရည်အသွေးနဲ့ပတ်သက်လို့ နည်းပြတွေက

မကြာခဏဆိုသလိုဝေဖန်လေ့ရှိကြပြီး ရန်နစ်ခ်က ဒိုင်လူကြီးတွေကိုသာ

ကလပ်အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းခိုင်းမယ်ဆိုရင်

ကစားသမားတွေနဲ့ဆက်ဆံရေးပိုအဆင်ပြေလာလိမ့်မယ်လို့ အကြံပေး

တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ပရီးမီးယားလိဂ်

နည်းပြတွေနဲ့ဒိုင်အဖွဲ့ဝင်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ရန်နစ်ခ်က

အဲဒီလိုအကြံပြုခဲ့တာဖြစ်ပြီး သူ့ရဲ့အဆိုကို ဒိုင်လူကြီးအဖွဲ့ချုပ်အကြီးအကဲ

မိုက်ရီလေးအပါအဝင် ကျန်တဲ့သူတွေအားလုံးကထောက်ခံခဲ့ကြပါတယ်။

အဲဒါကြောင့် ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့(PGMOL)ဟာ ရန်နစ်ခ်ရဲ့အကြံပေးမှုကို

အလေးအနက်ထားစဉ်းစားသွားမှာဖြစ်ပြီး လာမယ့်ရာသီကစလို့

အကောင်အထည်ဖော်သွားဖို့ရှိနေပါတယ်။ အဲဒီစီမံကိန်းနဲ့ပတ်သက်လို့

အသေးစိတ်ကိုတော့ မသတ်မှတ်ရသေးပေမယ့် ဒိုင်လူကြီးတွေအနေနဲ့

ကလပ်အသင်းတွေမှာ လေ့ကျင့်ခန်းဆင်းမယ်ဆိုရင် အဲဒီအသင်းမှာရှိတဲ့

ပစ္စည်းကိရိယာတွေကို သုံးခွင့်ရှိမှာဖြစ်ပြီး ကစားသမားတွေနဲ့ရင်းနှီးမှု

ပိုရှိလာဖို့အတွက် လေ့ကျင့်ရေးပွဲတွေမှာ ဒိုင်လူကြီးအဖြစ် တာဝန်ယူ

ဆောင်ရွက်သွားဖို့ရှိနေတယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ

Daily Mail ကဖော်ပြခဲ့ပါတယ်။

zawgyi

ရန္းနစ္ခ္ ပညာျပလုိက္လုိ႔ ဒုိင္လူႀကီးေတြ ကစားသမားေတြနဲ႔အတူ ေလ့က်င့္ခန္းဆင္းရေတာ့မယ္

မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပရန္နစ္ခ္ရဲ႕ အႀကံေပးခ်က္အရ

မၾကာခင္အခ်ိန္အတြင္း ကလပ္အသင္းေတြမွာ ဒိုင္လူႀကီးေတြလည္း

အတူတူေလ့က်င့္ခန္းဆင္းရမယ့္အစီအစဥ္ကို စတင္ဖို႔ရွိေနပါၿပီ။

ပရီးမီးယားလိဂ္ဒိုင္လူႀကီးေတြရဲ႕အရည္အေသြးနဲ႔ပတ္သက္လို႔ နည္းျပေတြက

မၾကာခဏဆိုသလိုေဝဖန္ေလ့ရွိၾကၿပီး ရန္နစ္ခ္က ဒိုင္လူႀကီးေတြကိုသာ

ကလပ္အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းခိုင္းမယ္ဆိုရင္

ကစားသမားေတြနဲ႔ဆက္ဆံေရးပိုအဆင္ေျပလာလိမ့္မယ္လို႔ အႀကံေပး

တိုက္တြန္းခဲ့တာျဖစ္ပါတယ္။ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ ပရီးမီးယားလိဂ္

နည္းျပေတြနဲ႔ဒိုင္အဖြဲ႕ဝင္တာဝန္ရွိသူေတြ ေတြ႕ဆုံေဆြးေႏြးပြဲမွာ ရန္နစ္ခ္က

အဲဒီလိုအႀကံျပဳခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အဆိုကို ဒိုင္လူႀကီးအဖြဲ႕ခ်ဳပ္အႀကီးအကဲ

မိုက္ရီေလးအပါအဝင္ က်န္တဲ့သူေတြအားလုံးကေထာက္ခံခဲ့ၾကပါတယ္။

အဲဒါေၾကာင့္ ပရီးမီးယားလိဂ္ဒိုင္လူႀကီးအဖြဲ႕(PGMOL)ဟာ ရန္နစ္ခ္ရဲ႕အႀကံေပးမႈကို

အေလးအနက္ထားစဥ္းစားသြားမွာျဖစ္ၿပီး လာမယ့္ရာသီကစလို႔

အေကာင္အထည္ေဖာ္သြားဖို႔ရွိေနပါတယ္။ အဲဒီစီမံကိန္းနဲ႔ပတ္သက္လို႔

အေသးစိတ္ကိုေတာ့ မသတ္မွတ္ရေသးေပမယ့္ ဒိုင္လူႀကီးေတြအေနနဲ႔

ကလပ္အသင္းေတြမွာ ေလ့က်င့္ခန္းဆင္းမယ္ဆိုရင္ အဲဒီအသင္းမွာရွိတဲ့

ပစၥည္းကိရိယာေတြကို သုံးခြင့္ရွိမွာျဖစ္ၿပီး ကစားသမားေတြနဲ႔ရင္းႏွီးမႈ

ပိုရွိလာဖို႔အတြက္ ေလ့က်င့္ေရးပြဲေတြမွာ ဒိုင္လူႀကီးအျဖစ္ တာဝန္ယူ

ေဆာင္႐ြက္သြားဖို႔ရွိေနတယ္လို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ

Daily Mail ကေဖာ္ျပခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*