ရန်းနစ်ခ်ရှိစဉ်ကတည်းက ဂေါင်းကြီးကိုဖြုတ်ချင်နေခဲ့တဲ့ ရော်နယ်ဒိုရဲ့ဆန္ဒ တန်းဟတ်လက်ထက်မှာ ပြည့်ဝသွားခဲ့

ယူနိုက်တက်အသင်း အဝတ်လဲခန်းပြဿနာတစ်ချို့ကို The Athletic သတင်းစာက ဖွင့်ချလာပါတယ်။ အထူးသဖြင့် ရော်နယ်ဒိုကိုတည်ခဲ့တဲ့ ကန့်လန့်ကာနောက်ကွယ်က ဇာတ်လမ်းတွေပါ။

လက်ရှိအကြောင်းတွေတော့ မဟုတ်ပါဘူး။ သရဲနီတွေကို ယာယီနည်းပြအဖြစ် ရန်းနစ်ခ် တာဝန်ယူနေစဉ်ကာလဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးနဲ့ ဂျာမန်သားနည်းပြရဲ့ဆက်ဆံရေး၊ အသင်းဖော်တွေနဲ့ အခန့်မသင့်တာတွေကို

ပြန်လည်ဖော်ပြသွားခဲ့တာပါ။ အားလုံးအံ့အားသင့်ခဲ့ကြရတာကတော့ ရော်နယ်ဒိုဟာ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ချဖို့တောင်းဆိုခဲ့တယ်ဆိုတာပါပဲ။ အင်္ဂလန်နောက်ခံလူဟာ

အသင်းရင်ဆိုင်နေရတဲ့ပြဿနာတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီး ပွဲတွေမှာထည့်မသုံးဖို့အထိ ပေါ်တူဂီသားက တောင်းဆိုခဲ့တာလို့ ရေးသားထားပါတယ်။ ဒါ့အပြင် အသင်းရဲ့တိုက်စစ်မှာ ကာဗာနီနဲ့အတူ ပွဲထွက်ခွင့်ပေးဖို့လည်း

ရော်နယ်ဒို တောင်းဆိုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ကာရင်တန်လေ့ကျင့်ကွင်းက အသင်းအစည်းအဝေးမှာ ပေါ်ပေါက်ခဲ့တဲ့ ဒီတောင်းဆိုမှုကို နည်းပြရန်းနစ်ခ်ကတော့ မလိုက်လျောခဲ့ပါဘူး။

အသင်းခေါင်းဆောင်တစ်ယောက်ကို ရာထူးချဖို့တောင်းဆိုတာဟာ မသင့်တော်ဘူးလို့ အခြေအနေကို ထိန်းသိမ်းခဲ့ပါတယ်။ တနည်းအားဖြင့် ဂျာမန်သား အမုန်းမခံခဲ့တာပါ။ ဒါပေမဲ့ ရွှေဘောလုံး ၅ ဆုရှင်ရဲ့ဆန္ဒဟာ

နည်းပြတန်းဟတ်လက်ထက်မှာတော့  ပြည့်ဝသွားခဲ့ပြီဖြစ်ပါတယ်။ မက်ဂွိုင်းယားကို ထည့်မသုံးတဲ့ ၂ ပွဲလုံး မန်ယူအနိုင်ရခဲ့တာကလည်း နယ်သာလန်သားနည်းပြမှန်တယ်ဆိုတဲ့ ထောက်ခံမှုတွေရထားပါတယ်။

(zawgyi)

ယူႏိုက္တက္အသင္း အဝတ္လဲခန္းျပႆနာတစ္ခ်ိဳ႕ကို The Athletic သတင္းစာက ဖြင့္ခ်လာပါတယ္။ အထူးသျဖင့္ ေရာ္နယ္ဒိုကိုတည္ခဲ့တဲ့ ကန႔္လန႔္ကာေနာက္ကြယ္က ဇာတ္လမ္းေတြပါ။ လက္ရွိအေၾကာင္းေတြေတာ့ မဟုတ္ပါဘူး။

သရဲနီေတြကို ယာယီနည္းျပအျဖစ္ ရန္းနစ္ခ္ တာဝန္ယူေနစဥ္ကာလျဖစ္ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးနဲ႔ ဂ်ာမန္သားနည္းျပရဲ႕ဆက္ဆံေရး၊ အသင္းေဖာ္ေတြနဲ႔ အခန႔္မသင့္တာေတြကို ျပန္လည္ေဖာ္ျပသြားခဲ့တာပါ။

အားလုံးအံ့အားသင့္ခဲ့ၾကရတာကေတာ့ ေရာ္နယ္ဒိုဟာ မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္ရာထူးကေန ျဖဳတ္ခ်ဖို႔ေတာင္းဆိုခဲ့တယ္ဆိုတာပါပဲ။ အဂၤလန္ေနာက္ခံလူဟာ အသင္းရင္ဆိုင္ေနရတဲ့ျပႆနာေတြရဲ႕

အစိတ္အပိုင္းတစ္ခုျဖစ္ေနၿပီး ပြဲေတြမွာထည့္မသုံးဖို႔အထိ ေပၚတူဂီသားက ေတာင္းဆိုခဲ့တာလို႔ ေရးသားထားပါတယ္။ ဒါ့အျပင္ အသင္းရဲ႕တိုက္စစ္မွာ ကာဗာနီနဲ႔အတူ ပြဲထြက္ခြင့္ေပးဖို႔လည္း

ေရာ္နယ္ဒို ေတာင္းဆိုခဲ့တယ္လို႔ ေဖၚျပထားပါတယ္။ ကာရင္တန္ေလ့က်င့္ကြင္းက အသင္းအစည္းအေဝးမွာ ေပၚေပါက္ခဲ့တဲ့ ဒီေတာင္းဆိုမႈကို နည္းျပရန္းနစ္ခ္ကေတာ့ မလိုက္ေလ်ာခဲ့ပါဘူး။

အသင္းေခါင္းေဆာင္တစ္ေယာက္ကို ရာထူးခ်ဖို႔ေတာင္းဆိုတာဟာ မသင့္ေတာ္ဘူးလို႔ အေျခအေနကို ထိန္းသိမ္းခဲ့ပါတယ္။ တနည္းအားျဖင့္ ဂ်ာမန္သား အမုန္းမခံခဲ့တာပါ။ ဒါေပမဲ့ ေ႐ႊေဘာလုံး ၅ ဆုရွင္ရဲ႕

ဆႏၵဟာ နည္းျပတန္းဟတ္လက္ထက္မွာေတာ့ ျပည့္ဝသြားခဲ့ၿပီျဖစ္ပါတယ္။ မက္ဂြိဳင္းယားကို ထည့္မသုံးတဲ့ ၂ ပြဲလုံး မန္ယူအႏိုင္ရခဲ့တာကလည္း နယ္သာလန္သားနည္းျပမွန္တယ္ဆိုတဲ့ ေထာက္ခံမႈေတြရထားပါတယ္။