ရက်စက်လွန်းတဲ့ဒဏ်ကြေးစာရင်း ပေါက်ကြားလာတာကြောင့် မြေဇာပင်ဖြစ်နေရတဲ့ ဂျရတ်

အက်စ်တွန်ဗီလာနည်းပြစတီဗင်ဂျရတ်ရဲ့ရက်စက်လွန်းတဲ့ဒဏ်ကြေးစာရင်းဆိုပြီး အွန်လိုင်းမှာပွဲဆူနေပါတယ်။ ပေါက်ကြားလာတဲ့ ဒီစာရင်းမှာ ကစားသမားတွေပေးဆောင်ရမယ့်

ဒဏ်ကြေးပမာဏက ကြောက်စရာကောင်းနေတာပါ။ လေ့ကျင့်ကွင်းကိုနောက်ကျမှရောက်လာရင် ပေါင် ၅၀၀ ၊ အသင်းအစည်းအဝေး ဒါမှမဟုတ် နည်းပြနဲ့တွေ့ဆုံဖို့နောက်ကျရင်

တစ်မိနစ်ကို ပေါင် ၂၀၀ ၊ စီးပွားရေးနဲ့ပတ်သက်တဲ့ပွဲတွေနောက်ကျရင် ပေါင် ၂၅၀ ၊ အဝတ်အစားမှားဝတ်ရင် ပေါင် ၂၀၀ ၊ ကန်တင်းမှာ လေ့ကျင့်ရေးပစ္စည်း ဒါမှမဟုတ်

ဟင်းပွဲတွေမေ့ကျန်ခဲ့ရင် တစ်ခုကို ပေါင် ၁၀၀ ၊ မွေးနေ့မှာ ကိတ်မုန့်မေ့လာရင် တစ်ရက်ကို ပေါင် ၅၀ စတဲ့ ထိတ်လန့်စရာ ဒဏ်ကြေးစာရင်း ပျံ့နှံ့နေပါတယ်။

အသင်းကို မြင့်မြင့်မားမားမျှော်လင့်ထားတဲ့ ဂျရတ်ဟာ စည်းကမ်းပိုင်းကိုလည်း တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေတာမှန်ပေမယ့် ကစားသမားတွေဟာ အကျဉ်းသားတွေမဟုတ်ဘူးဆိုတဲ့

ဝေဖန်သံတွေထွက်လာခဲ့ပါတယ်။ တကယ်တော့ လီဗာပူးလ်ဂန္ထင်ဟာ ဗီလာပါ့ခ်ကို ၂၀၂၁ ခုနှစ်နိုဝင်ဘာလကမှ ရောက်လာခဲ့တာပါ။ ရိန်းဂျားကို ၅၅ ကြိမ်မြောက်

စကော့တလန်ဖလားရယူပေးခဲ့တဲ့နောက်မှာပေါ့။ ၂၀၂၀-၂၁ ရာသီတစ်ခုလုံး ရှုံးပွဲမရှိအောင်စွမ်းဆောင်ခဲ့ရာမှာ စည်းကမ်းတင်းကျပ်ခဲ့တာလည်း အဓိကအချက်ဖြစ်တယ်လို့

နာမည်ကျော်ပေမယ့် အခုပေါက်ကြားလာတဲ့ ဒဏ်ကြေးစာရင်းကတော့ အသက် ၄၂ နှစ်သား ရောက်မလာခင်ကတည်းက ဗီလာပါ့ခ်လူကြီးမင်းတွေလုပ်ခဲ့တာဖြစ်ပါတယ်။

(zawgyi)

အက္စ္တြန္ဗီလာနည္းျပစတီဗင္ဂ်ရတ္ရဲ႕ရက္စက္လြန္းတဲ့ဒဏ္ေၾကးစာရင္းဆိုၿပီး အြန္လိုင္းမွာပြဲဆူေနပါတယ္။ ေပါက္ၾကားလာတဲ့ ဒီစာရင္းမွာ ကစားသမားေတြေပးေဆာင္ရမယ့္

ဒဏ္ေၾကးပမာဏက ေၾကာက္စရာေကာင္းေနတာပါ။ ေလ့က်င့္ကြင္းကိုေနာက္က်မွေရာက္လာရင္ ေပါင္ ၅၀၀ ၊ အသင္းအစည္းအေဝး ဒါမွမဟုတ္ နည္းျပနဲ႔ေတြ႕ဆုံဖို႔ေနာက္က်ရင္

တစ္မိနစ္ကို ေပါင္ ၂၀၀ ၊ စီးပြားေရးနဲ႔ပတ္သက္တဲ့ပြဲေတြေနာက္က်ရင္ ေပါင္ ၂၅၀ ၊ အဝတ္အစားမွားဝတ္ရင္ ေပါင္ ၂၀၀ ၊ ကန္တင္းမွာ ေလ့က်င့္ေရးပစၥည္း ဒါမွမဟုတ္

ဟင္းပြဲေတြေမ့က်န္ခဲ့ရင္ တစ္ခုကို ေပါင္ ၁၀၀ ၊ ေမြးေန႔မွာ ကိတ္မုန႔္ေမ့လာရင္ တစ္ရက္ကို ေပါင္ ၅၀ စတဲ့ ထိတ္လန႔္စရာ ဒဏ္ေၾကးစာရင္း ပ်ံ႕ႏွံ႔ေနပါတယ္။ အသင္းကို ျမင့္ျမင့္မားမားေမွ်ာ္လင့္ထားတဲ့

ဂ်ရတ္ဟာ စည္းကမ္းပိုင္းကိုလည္း တင္းတင္းက်ပ္က်ပ္ကိုင္တြယ္ေနတာမွန္ေပမယ့္ ကစားသမားေတြဟာ အက်ဥ္းသားေတြမဟုတ္ဘူးဆိုတဲ့ ေဝဖန္သံေတြထြက္လာခဲ့ပါတယ္။

တကယ္ေတာ့ လီဗာပူးလ္ဂႏၴင္ဟာ ဗီလာပါ့ခ္ကို ၂၀၂၁ ခုႏွစ္ႏိုဝင္ဘာလကမွ ေရာက္လာခဲ့တာပါ။ ရိန္းဂ်ားကို ၅၅ ႀကိမ္ေျမာက္ စေကာ့တလန္ဖလားရယူေပးခဲ့တဲ့ေနာက္မွာေပါ့။

၂၀၂၀-၂၁ ရာသီတစ္ခုလုံး ရႈံးပြဲမရွိေအာင္စြမ္းေဆာင္ခဲ့ရာမွာ စည္းကမ္းတင္းက်ပ္ခဲ့တာလည္း အဓိကအခ်က္ျဖစ္တယ္လို႔ နာမည္ေက်ာ္ေပမယ့္

အခုေပါက္ၾကားလာတဲ့ ဒဏ္ေၾကးစာရင္းကေတာ့ အသက္ ၄၂ ႏွစ္သား ေရာက္မလာခင္ကတည္းက ဗီလာပါ့ခ္လူႀကီးမင္းေတြလုပ္ခဲ့တာျဖစ္ပါတယ္။