ယူအီးအက်ဖ်အေ အကောင်းဆုံးကစားသမားဆုက ရွှေဘောလုံးဆုနဲ့လွဲခဲ့တဲ့ ဘန်ဇီမာအတွက်လား ..

ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်း ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ၂၀၂၁-၂၂ ရာသီအတွက် ဆန်ကာတင် ၃ ဦးကတော့ ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာ၊

ဂိုးသမားကော်တိုရစ်နဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့နည်းစနစ်ပိုင်းဆိုင်ရာစိစစ်ရေးအဖွဲ့နဲ့ ဥရောပအားကစားမီဒီယာဂျာနယ်လစ်တွေဟာ ပဏာမ ၁၅ ဦးစာရင်းကို

အရင်ဆုံးရွေးချယ်ခဲ့တာပါ။ ဆာလက်၊ လီဝမ်ဒေါစကီး၊ အမ်ဘာပီ၊ ဗင်နီစီးယက်စ် စတဲ့နာမည်ကျော်တွေဟာ ပဏာမစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် နောက်ဆုံးဆန်ကာတင် ၃ ဦးစာရင်းနဲ့တော့ လွဲချော်ခဲ့ရပါတယ်။

လက်ရှိ ဥရောပအကောင်းဆုံးကစားသမားဆုရှင်က ဂျော်ဂျင်ဟိုဖြစ်ပြီး ချဲလ်ဆီး၊ အီတလီအသင်းတွေနဲ့အတူ အောင်မြင်ခဲ့တာကြောင့် ရွေးချယ်ခံခဲ့ရတာပါ။ ဒီနှစ်အတွက် ရေပန်းအစားဆုံးဖြစ်နေသူကတော့

ရီးရဲလ်ကို ချန်ပီယံလိဂ်နဲ့လာလီဂါဖလားရအောင် ကူညီပေးခဲ့တဲ့ ဘန်ဇီမာပါပဲ။ ပြင်သစ်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်သွင်းဂိုး ၁၅ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မက်ဒရစ်ကလပ်ရဲ့ချန်ပီယံလိဂ်အောင်မြင်မှုမှာ လက်စွမ်းပြနိုင်ခဲ့တဲ့ ကော်တိုရစ်ကလည်း အဓိကကစားသမားတစ်ယောက်ဖြစ်ခဲ့တာပါပဲ။ ဒီရိုင်းကတော့ မန်စီးတီးရဲ့ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်အောင်မြင်မှုမှာ သွင်းဂိုး ၁၉ ဂိုးနဲ့ ကူညီနိုင်ခဲ့သူပါ။

တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းမှာတော့ ကားလို့စ်အန်ဆယ်လော့တီ၊ ဂွါဒီယိုလာနဲ့ ဂျာဂင်ကလော့ပ်တို့ ရွေးချယ်ခံထားရပါတယ်။ ဆုတွေကိုတော့ သြဂုတ်လ ၂၅ ရက်နေ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲမှာ ချီးမြှင့်သွားမှာပါ။

(zawgyi)

ယူအီးအက္ဖ္ေအ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ကာတင္ ၃ ဦးစာရင္း ထြက္ေပၚလာၿပီျဖစ္ပါတယ္။ ၂၀၂၁-၂၂ ရာသီအတြက္ ဆန္ကာတင္ ၃ ဦးကေတာ့ ရီးရဲလ္တိုက္စစ္မႉးဘန္ဇီမာ၊

ဂိုးသမားေကာ္တိုရစ္နဲ႔ မန္စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းျဖစ္ပါတယ္။ ယူအီးအက္ဖ္ေအရဲ႕နည္းစနစ္ပိုင္းဆိုင္ရာစိစစ္ေရးအဖြဲ႕နဲ႔ ဥေရာပအားကစားမီဒီယာဂ်ာနယ္လစ္ေတြဟာ ပဏာမ ၁၅ ဦးစာရင္းကို

အရင္ဆုံးေ႐ြးခ်ယ္ခဲ့တာပါ။ ဆာလက္၊ လီဝမ္ေဒါစကီး၊ အမ္ဘာပီ၊ ဗင္နီစီးယက္စ္ စတဲ့နာမည္ေက်ာ္ေတြဟာ ပဏာမစာရင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ ေနာက္ဆုံးဆန္ကာတင္ ၃ ဦးစာရင္းနဲ႔ေတာ့

လြဲေခ်ာ္ခဲ့ရပါတယ္။ လက္ရွိ ဥေရာပအေကာင္းဆုံးကစားသမားဆုရွင္က ေဂ်ာ္ဂ်င္ဟိုျဖစ္ၿပီး ခ်ဲလ္ဆီး၊ အီတလီအသင္းေတြနဲ႔အတူ ေအာင္ျမင္ခဲ့တာေၾကာင့္ ေ႐ြးခ်ယ္ခံခဲ့ရတာပါ။

ဒီႏွစ္အတြက္ ေရပန္းအစားဆုံးျဖစ္ေနသူကေတာ့ ရီးရဲလ္ကို ခ်န္ပီယံလိဂ္နဲ႔လာလီဂါဖလားရေအာင္ ကူညီေပးခဲ့တဲ့ ဘန္ဇီမာပါပဲ။ ျပင္သစ္တိုက္စစ္မႉးဟာ ခ်န္ပီယံလိဂ္သြင္းဂိုး ၁၅ ဂိုးအပါအဝင္ ၿပိဳင္ပြဲစုံ ၄၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ မက္ဒရစ္ကလပ္ရဲ႕ခ်န္ပီယံလိဂ္ေအာင္ျမင္မႈမွာ လက္စြမ္းျပႏိုင္ခဲ့တဲ့ ေကာ္တိုရစ္ကလည္း အဓိကကစားသမားတစ္ေယာက္ျဖစ္ခဲ့တာပါပဲ။ ဒီ႐ိုင္းကေတာ့ မန္စီးတီးရဲ႕ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ေအာင္ျမင္မႈမွာ သြင္းဂိုး ၁၉ ဂိုးနဲ႔ ကူညီႏိုင္ခဲ့သူပါ။

တစ္ႏွစ္တာ အေကာင္းဆုံးနည္းျပဆုအတြက္ ဆန္ကာတင္ ၃ ဦးစာရင္းမွာေတာ့ ကားလို႔စ္အန္ဆယ္ေလာ့တီ၊ ဂြါဒီယိုလာနဲ႔ ဂ်ာဂင္ကေလာ့ပ္တို႔ ေ႐ြးခ်ယ္ခံထားရပါတယ္။ ဆုေတြကိုေတာ့ ၾသဂုတ္လ ၂၅ ရက္ေန႔ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲပြဲမွာ ခ်ီးျမႇင့္သြားမွာပါ။