ယူအီးအက်ဖ်အေရဲ့ သံသယစာရင်းထဲဝင်သွားပြီး စောင့်ကြည့်စစ်ဆေးခံရတော့မယ့် အာဆင်နယ်

ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲလုံးနိုင်ပြီး အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတာကြောင့် ပျော်နေကြတဲ့ အာဆင်နယ်ပရိသတ်တွေအတွက်တော့ ဝမ်းမြောက်စရာသတင်း မဟုတ်ပါဘူး။ ဂန်းနားတွေဟာ

ဘဏ္ဍာရေးမျှခြေစည်းမျဉ်း (Financial Fair Play (FFP) ချိုးဖောက်တယ်လို့ သံသယရှိစရာစောင့်ကြည့်စာရင်းထဲ ဝင်သွားခဲ့တာကြောင့်ပါ။ ယူအီးအက်ဖ်အေဟာ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ရိုးမား၊ ဂျူဗင်တပ်၊

အင်တာမီလန်တို့နဲ့အတူ အာဆင်နယ်ကိုလည်း အသေအချာစောင့်ကြည့် စစ်ဆေးသွားပါတော့မယ်။ စုစုပေါင်း အသင်း ၂၀ ရဲ့ ဝင်ငွေထွက်ငွေကို စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပြီး နောက်ဆုံးဘဏ္ဍာရေးမှတ်တမ်းတွေ

သူတို့လက်ထဲရောက်လာချိန်မှာ ယူအီးအက်ဖ်အေရဲ့အရေးယူတဲ့လှုပ်ရှားမှု စတင်မယ်လို့သိရပါတယ်။ အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ ပေါင် ၂၁၃ သန်း အရှုံးပေါ်ခဲ့တာပါ။ ဒီပမာဏဟာ ယူအီးအက်ဖ်အေ

သတ်မှတ်ထားတဲ့ နောက်ဆုံးပမာဏထက် ပေါင် ၂၅ သန်းစွန်းထွက်နေပါတယ်။ ကိုဗစ်ကြောင့် ကျန်းမာရေးအသုံးစရိတ်အပါအဝင် တစ်ခြားကုန်ကျစရိတ်တွေအတွက် ယူအီးအက်ဖ်အေက ခြွင်းချက်ပေးပြီး

လိုက်လျောထားပါသေးတယ်။ ဒါပေမဲ့ အာဆင်နယ်ရဲ့ဈေးကွက်အသုံးစရိတ်တွေကတော့ သူတို့အတွက် မင်္သကာစရာဖြစ်လာခဲ့တာပါ။ ဂန်းနားတွေဟာ ပြီးခဲ့တဲ့နွေဈေးကွက်မှာ ဘန်ဝှိုက်၊

အိုဒီဂတ်နဲ့ ရန်းဒဲလ်အပါအဝင် ကစားသမားသစ်တွေအတွက် ပေါင် သန်း ၁၅၀ သုံးစွဲခဲ့ပါတယ်။ ဒီနွေဈေးကွက်မှာလည်း ဂျီဆပ်၊ ဇင်ချန်ကိုနဲ့ ဗီအဲရာတို့လူစုအတွက် ပေါင် သန်း ၁၀၀ ကျော် သုံးထားတာပါ။

(zawgyi)

ပရီးမီးယားလိဂ္ အဖြင့္ ၃ ပြဲလုံးႏိုင္ၿပီး အမွတ္ေပးဇယားထိပ္မွာ ဦးေဆာင္ေနတာေၾကာင့္ ေပ်ာ္ေနၾကတဲ့ အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ ဝမ္းေျမာက္စရာသတင္း မဟုတ္ပါဘူး။

ဂန္းနားေတြဟာ ဘ႑ာေရးမွ်ေျခစည္းမ်ဥ္း (Financial Fair Play (FFP) ခ်ိဳးေဖာက္တယ္လို႔ သံသယရွိစရာေစာင့္ၾကည့္စာရင္းထဲ ဝင္သြားခဲ့တာေၾကာင့္ပါ။ ယူအီးအက္ဖ္ေအဟာ ဘာစီလိုနာ၊

ပီအက္စ္ဂ်ီ၊ ႐ိုးမား၊ ဂ်ဴဗင္တပ္၊ အင္တာမီလန္တို႔နဲ႔အတူ အာဆင္နယ္ကိုလည္း အေသအခ်ာေစာင့္ၾကည့္ စစ္ေဆးသြားပါေတာ့မယ္။ စုစုေပါင္း အသင္း ၂၀ ရဲ႕ ဝင္ေငြထြက္ေငြကို ေစာင့္ၾကည့္စစ္ေဆးသြားမွာျဖစ္ၿပီး

ေနာက္ဆုံးဘ႑ာေရးမွတ္တမ္းေတြ သူတို႔လက္ထဲေရာက္လာခ်ိန္မွာ ယူအီးအက္ဖ္ေအရဲ႕အေရးယူတဲ့လႈပ္ရွားမႈ စတင္မယ္လို႔သိရပါတယ္။ အာဆင္နယ္ဟာ လြန္ခဲ့တဲ့ ၃ ႏွစ္အတြင္းမွာ ေပါင္ ၂၁၃ သန္း အရႈံးေပၚခဲ့တာပါ။

ဒီပမာဏဟာ ယူအီးအက္ဖ္ေအ သတ္မွတ္ထားတဲ့ ေနာက္ဆုံးပမာဏထက္ ေပါင္ ၂၅ သန္းစြန္းထြက္ေနပါတယ္။ ကိုဗစ္ေၾကာင့္ က်န္းမာေရးအသုံးစရိတ္အပါအဝင္ တစ္ျခားကုန္က်စရိတ္ေတြအတြက္

ယူအီးအက္ဖ္ေအက ႁခြင္းခ်က္ေပးၿပီး လိုက္ေလ်ာထားပါေသးတယ္။ ဒါေပမဲ့ အာဆင္နယ္ရဲ႕ေဈးကြက္အသုံးစရိတ္ေတြကေတာ့ သူတို႔အတြက္ မသၤကာစရာျဖစ္လာခဲ့တာပါ။ ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ

ဘန္ဝႈိက္၊ အိုဒီဂတ္နဲ႔ ရန္းဒဲလ္အပါအဝင္ ကစားသမားသစ္ေတြအတြက္ ေပါင္ သန္း ၁၅၀ သုံးစြဲခဲ့ပါတယ္။ ဒီေႏြေဈးကြက္မွာလည္း ဂ်ီဆပ္၊ ဇင္ခ်န္ကိုနဲ႔ ဗီအဲရာတို႔လူစုအတြက္ ေပါင္ သန္း ၁၀၀ ေက်ာ္ သုံးထားတာပါ။