ယူရို-၂၀၂၄ ပြိုင်ပွဲအထိ အင်္ဂလန်အသင်းနည်းပြအဖြစ် ဆက်လက်ဆောင်ရွက်သွားမယ့် ဆောက်ဂိတ်

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ပရိသတ်တွေရဲ့ တောင်းဆိုချက်အရ

လက်ရွေးစင်နည်းပြအဖြစ် ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ဆက်လက်တာဝန်ယူသွားမှာ
ဖြစ်တယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့ လက်ရှိစာချုပ်က ယူရို-၂၀၂၄ အပြီးမှ သက်တမ်းပြည့်မှာဖြစ်ပေမယ့်
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ပြင်သစ်ကို ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလား
ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးတဲ့နောက် ဆောက်ဂိတ်တစ်ယောက် အင်္ဂလန်
အသင်းနဲ့လမ်းခွဲဖို့ စဉ်းစားနေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တာဝန်သူတွေ၊ အင်္ဂလန်အသင်း လက်ရှိ
ကစားသမားတွေနဲ့ နာမည်ကျော်ကစားသမားဟောင်းတွေအပြင် ပရိသတ်တွေက
နည်းပြအဖြစ် ဆောက်ဂိတ် ဆက်လက်တာဝန်ယူသွားဖို့ ဆန္ဒရှိနေပြီး အခု

ဆောက်ဂိတ်ကလည်း စာချုပ်သက်တမ်းပြည့်တဲ့အထိ အသင်းမှာပဲ ဆက်နေသွားဖို့
ဆုံးဖြတ်လိုက်ပုံရပါတယ်။

ဆောက်ဂိတ်ဟာ သူ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အခုလောလောဆယ် FA
တာဝန်ရှိသူတွေကို အသိမပေးရသေးပေမယ့် မကြာခင် အကြောင်းကြားသွားဖို့
ရှိတယ်လို့ Daily Mail က သုံးသပ်ခဲ့ပါတယ်။

အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်က
စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ့လက်ထက်အတွင်း ၂၀၁၈ ကမ္ဘာ့ဖလား စတုတ္ထရခဲ့သလို
ယူရို-၂၀၂၀ မှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ခဲ့ပေမယ့်
ဒုတိယနဲ့ကျေနပ်ခဲ့ရပြီး အခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်အဆင့်

တက်ရောက်နိုင်ခဲ့ပါတယ်။

[Zawgyi]

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ ပရိသတ္ေတြရဲ႕ ေတာင္းဆိုခ်က္အရ

လက္ေ႐ြးစင္နည္းျပအျဖစ္ ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲအထိ ဆက္လက္တာဝန္ယူသြားမွာ
ျဖစ္တယ္လို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ေဆာက္ဂိတ္ရဲ႕ လက္ရွိစာခ်ဳပ္က ယူ႐ို-၂၀၂၄ အၿပီးမွ သက္တမ္းျပည့္မွာျဖစ္ေပမယ့္
အဂၤလန္အသင္းဟာ ၿပီးခဲ့တဲ့တစ္ပတ္က ျပင္သစ္ကို ရႈံးနိမ့္ၿပီး ကမာၻ႔ဖလား
ကြာတားဖိုင္နယ္ကေန ထြက္ခဲ့ရၿပီးတဲ့ေနာက္ ေဆာက္ဂိတ္တစ္ေယာက္ အဂၤလန္
အသင္းနဲ႔လမ္းခြဲဖို႔ စဥ္းစားေနၿပီဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ပါတယ္။

ဒါေပမဲ့ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)တာဝန္သူေတြ၊ အဂၤလန္အသင္း လက္ရွိ
ကစားသမားေတြနဲ႔ နာမည္ေက်ာ္ကစားသမားေဟာင္းေတြအျပင္ ပရိသတ္ေတြက
နည္းျပအျဖစ္ ေဆာက္ဂိတ္ ဆက္လက္တာဝန္ယူသြားဖို႔ ဆႏၵရွိေနၿပီး အခု

ေဆာက္ဂိတ္ကလည္း စာခ်ဳပ္သက္တမ္းျပည့္တဲ့အထိ အသင္းမွာပဲ ဆက္ေနသြားဖို႔
ဆုံးျဖတ္လိုက္ပုံရပါတယ္။

ေဆာက္ဂိတ္ဟာ သူ႔ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အခုေလာေလာဆယ္ FA
တာဝန္ရွိသူေတြကို အသိမေပးရေသးေပမယ့္ မၾကာခင္ အေၾကာင္းၾကားသြားဖို႔
ရွိတယ္လို႔ Daily Mail က သုံးသပ္ခဲ့ပါတယ္။

အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေဆာက္ဂိတ္ဟာ အဂၤလန္အသင္းကို ၂၀၁၆ ခုႏွစ္က
စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး သူ႔လက္ထက္အတြင္း ၂၀၁၈ ကမာၻ႔ဖလား စတုတၳရခဲ့သလို
ယူ႐ို-၂၀၂၀ မွာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဗိုလ္လုပြဲတက္ခဲ့ေပမယ့္
ဒုတိယနဲ႔ေက်နပ္ခဲ့ရၿပီး အခု ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ ကြာတားဖိုင္နယ္အဆင့္

တက္ေရာက္ႏိုင္ခဲ့ပါတယ္။