M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပေါ်တူဂီအသင်းဟာ ယမန်နေ့ည ဆီဗီလာမှာ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ
စပိန်ကို ၁ဂိုးစီသရေရအောင် ကစားနိုင်ခဲ့ပါတယ်။ မိုရတာက တန်ပြန်
တိုက်စစ်ကနေ စပိန်အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့ ရီကာဒို ဟိုတာက
ပေါ်တူဂီအတွက် ပြန်လည်ချေပခဲ့ပါတယ်။ စပိန်အသင်းဟာ ၁၇နှစ်သား ဂါဗီရဲ့
ခြေစွမ်းပြသမှုနဲ့အတူ ထိပ်တန်း ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။
ဂါဗီရဲ့ ဖန်တီးပေးမှုကနေ ရရှိလာတဲ့ အခွင့်အရေးတွေကို မိုရာတာနဲ့
ကားလို့စ် ဆိုလာတို့ ဖြုန်းတီးပစ်ခဲ့တာကြောင့် စပိန်တို့ နိုင်ပွဲနဲ့ ဝေးကွာခဲ့ပါတယ်။
တစ်ဖက်မှာလည်း အန်ဒရေ ဆေးလ်ဗားက ရော်နယ်ဒို မပါချိန်
ပေါ်တူဂီတိုက်စစ်ကို ဦးဆောင်လာပေမဲ့ အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပြန်ပါတယ်။
စပိန်နဲ့ ပေါ်တူဂီတို့ရဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာတော့ ရော်နယ်ဒို
တစ်ယောက် အရန်လူစာရင်းမှာသာ ရှိနေခဲ့ပါတယ်။
ရော်နယ်ဒိုကို ပေါ်တူဂီနည်းပြဆန်းတို့စ်က အနားပေးထားခဲ့ပြီး
ဒုတိယပိုင်းမှသာ လူစားလဲအသုံးပြုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ရော်နယ်ဒိုကတော့ အသင်းအတွက်ကစားပေးရခြင်းမရှိခဲ့ပေမယ့်
ကွင်းဘေးနားကနေ တောက်လျှောက်ဆိုသလို အားပေးမှုတွေကို
ပြုလုပ်သွားခဲ့ပါတယ်။ အသင်းဖော်တွေကို လက်ခုပ်တီးအားပေးခဲ့သလို
အော်ဟစ်ညွှန်ကြားမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ယူရို ၂၀၁၆ ဗိုလ်လုပွဲတုန်းက ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီးနောက်
ရော်နယ်ဒိုဟာ အသင်းကို နည်းပြနဲ့အပြိုင် အော်ဟစ်ညွှန်ကြားမှုတွေ
ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလုပ်ရပ်က တော်တော်လေးကို ကျော်ကြားခဲ့တာပါ။
မနေ့ညကပွဲမှာတော့ အဆိုပါပုံစံကို ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ယူရို ၂၀၁၆ ဗိုလ်လုပွဲတုန်းကလို ကွင်းဘေးကနေ နည်းပြတာဝန်တွေကို ခွဲယူခဲ့ ပြန်တဲ့ ရော်နယ်ဒို
Leave a Reply