ယူရိုပါလိဂ်အတွက်လူစာရင်းမှာ ကစားသမားသစ်(၃)ဦးစလုံးကို ယူနိုက်တက် ထည့်သွင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲအတွက်

လူစာရင်းမှာ ကစားသမားသစ်(၃)ဦးဖြစ်တဲ့ ဝက်ဟော့တ်၊
ဆာဘစ်ဇာနဲ့ ဂိုးသမားဘတ်လန်းတို့ကို ထည့်သွင်းလိုက်ပြီ
ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ရှုံးထွက် Play offs အဆင့်အဖြစ်
လာလီဂါထိပ်သီး ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဖေဖော်ဝါရီ
(၁၆)ရက်ကျရင် ပထမအကျော့အဖြစ် နူးကမ့်ကွင်းမှာ သွားရောက်
ကစားရမှာပါ။ ဖေဖော်ဝါရီ(၂၃)ရက်မှာတော့ ဘာစီလိုနာကို

အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားရမှာဖြစ်ပြီး ရလဒ်ကောင်းမယ်ဆိုရင်
ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ
ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဆာဘစ်ဇာကာကို အငှားနဲ့ခေါ်ယူခဲ့သလို
အဲဒီမတိုင်ခင် ခရစ္စတယ်ပဲ့လေစ်ဂိုးသမားဘတ်လန်း၊ ဘန်လေ
တိုက်စစ်မှူးဝက်ဟော့တ်တို့ကိုလည်း အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။

အခု ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဒီကစားသမား(၃)ဦးစလုံးကို
ယူရိုပါလိဂ်ပြိုင်ပွဲအတွက် (၂၅)ဦးစာရင်းမှာ ထည့်သွင်းပြီး UEFA ဆီ
စာရင်းပေးပို့ခဲ့တာဖြစ်ပါတယ်။ အဲရစ်တန်ဟက်ဟာ အရင်ကစားသမား

(၂၅)ဦးစာရင်းကနေ ဂိုးသမားဒူဘရက်ဗ်ကာ၊ စီရော်နယ်လ်ဒိုနဲ့ နောက်ခံလူ
တွမ်ဇီဘီတို့ နေရာမှာ ကစားသမားသစ်(၃)ဦးကို ပြောင်းလဲ
စာရင်းသွင်းခဲ့တာပါ။

ဒူဘရက်ဗ်ကာဟာ ဇန်နဝါရီလအတွင်း သူ့အသင်းဟောင်း နယူးကာဆယ်ကို
ပြန်သွားပြီဖြစ်သလို စီရော်နယ်လ်ဒိုကလည်း ယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ
စာချုပ်ဖျက်သိမ်းပြီးတော့ အခု ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ
ကစားနေပြီဖြစ်ပါတယ်။

နောက်ခံလူ တွမ်ဇီဘီကတော့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့အတွင်း
စတုတ်စီးတီးအသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့တာကြောင့်

သူတို့(၃)ဦးနေရာမှာ အဲရစ်တန်ဟက်က ဝက်ဟော့တ်၊ ဆာဘစ်ဇာ၊
ဘတ်လန်းတို့ကို စာရင်းသွင်းခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲအတြက္
လူစာရင္းမွာ ကစားသမားသစ္(၃)ဦးျဖစ္တဲ့ ဝက္ေဟာ့တ္၊
ဆာဘစ္ဇာနဲ႔ ဂိုးသမားဘတ္လန္းတို႔ကို ထည့္သြင္းလိုက္ၿပီ
ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိဂ္ ရႈံးထြက္ Play offs အဆင့္အျဖစ္
လာလီဂါထိပ္သီး ဘာစီလိုနာနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ေဖေဖာ္ဝါရီ
(၁၆)ရက္က်ရင္ ပထမအေက်ာ့အျဖစ္ ႏူးကမ့္ကြင္းမွာ သြားေရာက္

ကစားရမွာပါ။ ေဖေဖာ္ဝါရီ(၂၃)ရက္မွာေတာ့ ဘာစီလိုနာကို
အိုးလ္ထရက္ဖို႔ဒ္မွာ လက္ခံကစားရမွာျဖစ္ၿပီး ရလဒ္ေကာင္းမယ္ဆိုရင္
ရႈံးထြက္(၁၆)သင္းအဆင့္ တက္ေရာက္ခြင့္ရရွိမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ
ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ ဆာဘစ္ဇာကာကို အငွားနဲ႔ေခၚယူခဲ့သလို
အဲဒီမတိုင္ခင္ ခရစၥတယ္ပဲ့ေလစ္ဂိုးသမားဘတ္လန္း၊ ဘန္ေလ
တိုက္စစ္မႉးဝက္ေဟာ့တ္တို႔ကိုလည္း အငွားနဲ႔ ေခၚယူခဲ့ပါတယ္။

အခု ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ဒီကစားသမား(၃)ဦးစလုံးကို
ယူ႐ိုပါလိဂ္ၿပိဳင္ပြဲအတြက္ (၂၅)ဦးစာရင္းမွာ ထည့္သြင္းၿပီး UEFA ဆီ

စာရင္းေပးပို႔ခဲ့တာျဖစ္ပါတယ္။ အဲရစ္တန္ဟက္ဟာ အရင္ကစားသမား
(၂၅)ဦးစာရင္းကေန ဂိုးသမားဒူဘရက္ဗ္ကာ၊ စီေရာ္နယ္လ္ဒိုနဲ႔ ေနာက္ခံလူ
တြမ္ဇီဘီတို႔ ေနရာမွာ ကစားသမားသစ္(၃)ဦးကို ေျပာင္းလဲ
စာရင္းသြင္းခဲ့တာပါ။

ဒူဘရက္ဗ္ကာဟာ ဇန္နဝါရီလအတြင္း သူ႔အသင္းေဟာင္း နယူးကာဆယ္ကို
ျပန္သြားၿပီျဖစ္သလို စီေရာ္နယ္လ္ဒိုကလည္း ယူႏိုက္တက္နဲ႔ ႏွစ္ဦးသေဘာတူ
စာခ်ဳပ္ဖ်က္သိမ္းၿပီးေတာ့ အခု ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းမွာ

ကစားေနၿပီျဖစ္ပါတယ္။

ေနာက္ခံလူ တြမ္ဇီဘီကေတာ့ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း

စတုတ္စီးတီးအသင္းကို အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့တာေၾကာင့္
သူတို႔(၃)ဦးေနရာမွာ အဲရစ္တန္ဟက္က ဝက္ေဟာ့တ္၊ ဆာဘစ္ဇာ၊
ဘတ္လန္းတို႔ကို စာရင္းသြင္းခဲ့ပါတယ္။