
ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်က ယူရိုပါလိဂ် ၁၆ သင်းအဆင့်မှာ
ဆီဗီလာကိုကျော်ဖြတ်ခဲ့ပြီးနောက်ဘယ်အသင်းကိုမှ မကြောက်တော့ဘူးလို့ ပြောလိုက်ပါတယ်။
ဆီဗီလာအသင်းဟာ ယူရိုပါလိဂ်မှာအောင်မြင်မှုအရှိဆုံးအသင်းဖြစ်ပြီး
ပြီးခဲ့တဲ့ ၈ နှစ်အတွင်းမှာ ၄ ကြိမ်ဗိုလ်စွဲထားပါတယ်။
ဒါ့အပြင်ဆီဗီလာဟာ ဥရောပအဆင့်မှာ ပထမအကျော့ဦးဆောင်နိုင်ခဲ့ပြီးနောက်
ပြိုင်ဘက်ကိုမရှုံးခဲ့တာ ၁၉၈၁ ကတည်းဖြစ်ပါတယ်။ ဒီလိုအသင်းကို
၁၆ သင်းအဆင့်မှာရင်ဆိုင်ခဲ့ရာမှာ ဆီဗီလာဟာပထမအကျော့သူတို့အိမ်ကွင်းမှာ
၁-၀ နဲ့နိုင်ခဲ့ပေမယ့် လန်ဒန်ကွင်းမှာတော့ ၂-၀ နဲ့ပြန်အနိုင်ရလို့
ကွာတား ကိုတက်ရောက်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မဲခွဲမှုမှာ ဝက်စ်ဟမ်းဟာ
ပြင်သစ်ကလပ် လိုင်ယွန်နဲ့တွေ့ဆုံခဲ့တာပါ။ အခြားကွာတားဖိုင်နယ်တွေမှာတော့
လိုက်ပ်ဇစ်နဲ့ အတ္တလန္တာ၊ ဖရန့်ဖတ်နဲ့ ဘာစီလိုနာ၊ ဘရာဂါနဲ့ ရိန်းဂျားစ် တို့တွေ့နေခဲ့တာပါ။
ဒါပေမယ့် ဒီကလန်ရိုက်စ်ကတော့ ၁၆ သင်းအဆင့်ကစွမ်းဆောင်နိုင်မှုအရ
သူတို့ဟာလက်ရှိအဆင့်ကိုရောက်လာတဲ့ဘယ်သူ့ကိုမဆိုမကြောက်တော့ဘူးလို့ ဆိုခဲ့ပါတယ်။
သူက” ဆီဗီလာနဲ့ ၁၆ သင်းအဆင့်မှာတွေ့တော့ လူတွေကကျွန်တော်တို့
အရမ်းကိုခက်ခဲတော့မှာလို့ ထင်ခဲ့ကြပါတယ်။ သူတို့ထင်တာလည်းမမှားပါဘူး။
ဒါပေမယ့်ကျွန်တော်တို့က ခက်ခဲတဲ့အရာကိုဖြတ်ကျော်နိုင်စွမ်းရှိတယ်ဆိုတာပြသခဲ့ပြီးပါပြီ။
ကျွန်တော်တို့ထွက်ရမယ်လို့ ထင်ခဲ့တဲ့သူတွေကို သူတို့ထွက်ရအောင်လုပ်ပြခဲ့ပြီးလို့
ကွာတားဖိုင်နယ်မှာလည်း ဘယ်အသင်းကိုမှကြောက်စရာမရှိတော့ပါဘူး။
ဘယ်အသင်းရဲ့ကွင်းကိုဘဲသွားသွား ကျွန်တော်တို့ဟာအသင်းလိုက်အားနဲ့
ရလဒ်ကောင်း ရယူနိုင်စွမ်းရှိတယ်လို့လည်း ယုံကြည်ပါတယ်။
ကိုယ့်ကွင်းမှာဆိုရင်ပရိသတ်အားလည်းပိုရှိလို့ ဘယ်သူ့ကိုမဆိုရင်ဆိုင်ဖို့
အသင့်ပါဘဲ” လို့ပြောသွားပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါလိဂ်အုပ်စု
အဆင့်မှာကတည်းက ခြေစွမ်းပြနေတာဖြစ်ပြီး အုပ်စုအဆင့်မှာ
ဒိုင်နမိုဇာဂရက်ဘ်ကိုရှုံးခဲ့တဲ့ တစ်ပွဲဘဲရှိခဲ့ပြီး ကျန်တဲ့ပွဲတွေမှာရလဒ်ကောင်းကာ
အုပ်စုဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။
zawgyi
ယူ႐ိုပါလိဂ္မွာဘယ္သူ႔ကိုမွမေၾကာက္ဘူးလို႔ ဒီကလန္႐ိုက္စ္ ဟစ္ေႂကြး
ဝက္စ္ဟမ္းအသင္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္က ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္မွာ
ဆီဗီလာကိုေက်ာ္ျဖတ္ခဲ့ၿပီးေနာက္ဘယ္အသင္းကိုမွ မေၾကာက္ေတာ့ဘူးလို႔ ေျပာလိုက္ပါတယ္။
ဆီဗီလာအသင္းဟာ ယူ႐ိုပါလိဂ္မွာေအာင္ျမင္မႈအရွိဆုံးအသင္းျဖစ္ၿပီး
ၿပီးခဲ့တဲ့ ၈ ႏွစ္အတြင္းမွာ ၄ ႀကိမ္ဗိုလ္စြဲထားပါတယ္။
ဒါ့အျပင္ဆီဗီလာဟာ ဥေရာပအဆင့္မွာ ပထမအေက်ာ့ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္
ၿပိဳင္ဘက္ကိုမရႈံးခဲ့တာ ၁၉၈၁ ကတည္းျဖစ္ပါတယ္။ ဒီလိုအသင္းကို
၁၆ သင္းအဆင့္မွာရင္ဆိုင္ခဲ့ရာမွာ ဆီဗီလာဟာပထမအေက်ာ့သူတို႔အိမ္ကြင္းမွာ
၁-၀ နဲ႔ႏိုင္ခဲ့ေပမယ့္ လန္ဒန္ကြင္းမွာေတာ့ ၂-၀ နဲ႔ျပန္အႏိုင္ရလို႔
ကြာတား ကိုတက္ေရာက္ခဲ့ပါတယ္။ ကြာတားဖိုင္နယ္မဲခြဲမႈမွာ ဝက္စ္ဟမ္းဟာ
ျပင္သစ္ကလပ္ လိုင္ယြန္နဲ႔ေတြ႕ဆုံခဲ့တာပါ။ အျခားကြာတားဖိုင္နယ္ေတြမွာေတာ့
လိုက္ပ္ဇစ္နဲ႔ အတၱလႏၲာ၊ ဖရန႔္ဖတ္နဲ႔ ဘာစီလိုနာ၊ ဘရာဂါနဲ႔ ရိန္းဂ်ားစ္ တို႔ေတြ႕ေနခဲ့တာပါ။
ဒါေပမယ့္ ဒီကလန္႐ိုက္စ္ကေတာ့ ၁၆ သင္းအဆင့္ကစြမ္းေဆာင္ႏိုင္မႈအရ
သူတို႔ဟာလက္ရွိအဆင့္ကိုေရာက္လာတဲ့ဘယ္သူ႔ကိုမဆိုမေၾကာက္ေတာ့ဘူးလို႔ ဆိုခဲ့ပါတယ္။
သူက” ဆီဗီလာနဲ႔ ၁၆ သင္းအဆင့္မွာေတြ႕ေတာ့ လူေတြကကြၽန္ေတာ္တို႔
အရမ္းကိုခက္ခဲေတာ့မွာလို႔ ထင္ခဲ့ၾကပါတယ္။ သူတို႔ထင္တာလည္းမမွားပါဘူး။
ဒါေပမယ့္ကြၽန္ေတာ္တို႔က ခက္ခဲတဲ့အရာကိုျဖတ္ေက်ာ္ႏိုင္စြမ္းရွိတယ္ဆိုတာျပသခဲ့ၿပီးပါၿပီ။
ကြၽန္ေတာ္တို႔ထြက္ရမယ္လို႔ ထင္ခဲ့တဲ့သူေတြကို သူတို႔ထြက္ရေအာင္လုပ္ျပခဲ့ၿပီးလို႔
ကြာတားဖိုင္နယ္မွာလည္း ဘယ္အသင္းကိုမွေၾကာက္စရာမရွိေတာ့ပါဘူး။
ဘယ္အသင္းရဲ႕ကြင္းကိုဘဲသြားသြား ကြၽန္ေတာ္တို႔ဟာအသင္းလိုက္အားနဲ႔
ရလဒ္ေကာင္း ရယူႏိုင္စြမ္းရွိတယ္လို႔လည္း ယုံၾကည္ပါတယ္။
ကိုယ့္ကြင္းမွာဆိုရင္ပရိသတ္အားလည္းပိုရွိလို႔ ဘယ္သူ႔ကိုမဆိုရင္ဆိုင္ဖို႔
အသင့္ပါဘဲ” လို႔ေျပာသြားပါတယ္။ ဝက္စ္ဟမ္းအသင္းဟာ ယူ႐ိုပါလိဂ္အုပ္စု
အဆင့္မွာကတည္းက ေျခစြမ္းျပေနတာျဖစ္ၿပီး အုပ္စုအဆင့္မွာ
ဒိုင္နမိုဇာဂရက္ဘ္ကိုရႈံးခဲ့တဲ့ တစ္ပြဲဘဲရွိခဲ့ၿပီး က်န္တဲ့ပြဲေတြမွာရလဒ္ေကာင္းကာ
အုပ္စုဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။
Leave a Reply