ယူရိုပါလိဂ်ချန်ပီယံဆု မျှော်လင့်ချက်အတွက် အိုးလ်ထရက်ဖို့ဒ်မှာ စီးချင်းထိုးကြမယ့် ရပ်ရှ်ဖို့ဒ်နဲ့ လီဝန်ဒေါစကီး

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ရှုံးထွက် Play off

အဆင့် ဒုတိယအကျော့အဖြစ် လာလီဂါထိပ်သီး ဘာစီလိုနာကို ဒီည
(မြန်မာစံတော်ချိန် သောကြာမနက် ၂:၃၀)အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ
လက်ခံကစားသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပထမအကျော့ပွဲတုန်းက နူးကမ့်မှာ ဘာစီလိုနာကို
ခြေစွမ်းပိုင်းအသာနဲ့ကစားနိုင်ခဲ့ပြီး (၂-၂)ဂိုးစီသရေကျခဲ့ပေမယ့် ဥရောပ
ပြိုင်ပွဲတွေမှာ အရင်လို အဝေးဂိုးစည်းမျဉ်းမရှိတော့တာကြောင့်
ယူနိုက်တက်တို့ အခု အိမ်ကွင်းပွဲမှာ ဂိုးမရှိသရေကစားရုံနဲ့ နောက်တစ်ဆင့်

တက်ဖို့ မရှိဘဲ မဖြစ်မနေအနိုင်ကစားရမှာပါ။

ဒီပွဲမှာ ဘယ်အသင်းအနိုင်ရမလဲဆိုတဲ့မေးခွန်းအတွက် အဓိကအဆုံးအဖြတ်

ပေးသွားမှာက နှစ်ဖက်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်နဲ့
လီဝန်ဒေါစကီးတို့ပဲဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အတွက်မယုံနိုင်လောက်အောင် ခြေစွမ်းပြနေတဲ့
ရပ်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲစုံ(၃၆)ပွဲကစား၊ (၂၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၉)ကြိမ်ပြုလုပ်ခဲ့ပြီး
ပထမအကျော့ နူးကမ့်ကွင်းပွဲတုန်းကလည်း ဘာစီလိုနာကို ကောင်းကောင်း
ဒုက္ခပေးခဲ့သလို ယူနိုက်တက်ရဲ့ (၂)ဂိုးစလုံးက သူ့ကြောင့်ရရှိခဲ့တာပါ။

ဒီရာသီယူရိုပါလိဂ်မှာ ရပ်ရှ်ဖို့ဒ်က (၅)ပွဲကစား၊ (၄)ဂိုးသွင်းပြီး ပျမ်းမျှ(၇၆)မိနစ်
ကြာတိုင်း (၁)ဂိုးသွင်းယူနိုင်တာကြောင့် လက်ရှိပြိုင်ပွဲရဲ့ မိနစ်အလိုက် သွင်းဂိုး
စွမ်းဆောင်ရည် အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ဒီရာသီအစကမှ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ပိုလန်
ဝါရင့်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ဂျာမန်မြေက ခြေစွမ်းကောင်းကို

စပိန်မြေမှာလည်း ဆက်လက်ထိန်းသိမ်းနိုင်ပြီး ပြိုင်ပွဲစုံမှာ ဘာစီလိုနာအတွက်
(၂၉)ပွဲကစား၊ (၂၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

၂၀၁၉-၂၀ ရာသီက စတွက်မယ်ဆိုရင် ဥရောပပြိုင်ပွဲတွေမှာ လီဝန်ဒေါစကီးက
(၃၂)ပွဲကစား၊ (၃၈)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ၂၀၁၉-၂၀ ကနေ လက်ရှိရာသီအတွင်း
ဥရောပပြိုင်ပွဲတွေမှာ လီဝန်ဒေါစကီးလောက် ဘယ်သူမှ ဂိုးမသွင်းနိုင်ပါဘူး။
ဒီညကစားမယ့်ပွဲမှာ နှစ်သင်းစလုံးရဲ့ တိုက်စစ်ကို ရပ်ရှ်ဖို့ဒ်နဲ့ လီဝန်ဒေါစကီးတို့က
အဓိကဦးဆောင်ကြမှာဖြစ်ပြီး ဘယ်သူက ကိုယ့်အသင်း နောက်တစ်ဆင့်

တက်ခွင့်ရမယ့် အနိုင်ဂိုးသွင်းယူနိုင်မလဲဆိုတာကတော့ . . .

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယူ႐ိုပါလိဂ္ ရႈံးထြက္ Play off

အဆင့္ ဒုတိယအေက်ာ့အျဖစ္ လာလီဂါထိပ္သီး ဘာစီလိုနာကို ဒီည
(ျမန္မာစံေတာ္ခ်ိန္ ေသာၾကာမနက္ ၂:၃၀)အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ
လက္ခံကစားသြားမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ပထမအေက်ာ့ပြဲတုန္းက ႏူးကမ့္မွာ ဘာစီလိုနာကို
ေျခစြမ္းပိုင္းအသာနဲ႔ကစားႏိုင္ခဲ့ၿပီး (၂-၂)ဂိုးစီသေရက်ခဲ့ေပမယ့္ ဥေရာပ
ၿပိဳင္ပြဲေတြမွာ အရင္လို အေဝးဂိုးစည္းမ်ဥ္းမရွိေတာ့တာေၾကာင့္
ယူႏိုက္တက္တို႔ အခု အိမ္ကြင္းပြဲမွာ ဂိုးမရွိသေရကစား႐ုံနဲ႔ ေနာက္တစ္ဆင့္

တက္ဖို႔ မရွိဘဲ မျဖစ္မေနအႏိုင္ကစားရမွာပါ။

ဒီပြဲမွာ ဘယ္အသင္းအႏိုင္ရမလဲဆိုတဲ့ေမးခြန္းအတြက္ အဓိကအဆုံးအျဖတ္

ေပးသြားမွာက ႏွစ္ဖက္တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္နဲ႔
လီဝန္ေဒါစကီးတို႔ပဲျဖစ္ပါတယ္။

ဒီရာသီမွာ ယူႏိုက္တက္အတြက္မယုံႏိုင္ေလာက္ေအာင္ ေျခစြမ္းျပေနတဲ့
ရပ္ရွ္ဖို႔ဒ္ဟာ ၿပိဳင္ပြဲစုံ(၃၆)ပြဲကစား၊ (၂၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၉)ႀကိမ္ျပဳလုပ္ခဲ့ၿပီး
ပထမအေက်ာ့ ႏူးကမ့္ကြင္းပြဲတုန္းကလည္း ဘာစီလိုနာကို ေကာင္းေကာင္း
ဒုကၡေပးခဲ့သလို ယူႏိုက္တက္ရဲ႕ (၂)ဂိုးစလုံးက သူ႔ေၾကာင့္ရရွိခဲ့တာပါ။

ဒီရာသီယူ႐ိုပါလိဂ္မွာ ရပ္ရွ္ဖို႔ဒ္က (၅)ပြဲကစား၊ (၄)ဂိုးသြင္းၿပီး ပ်မ္းမွ်(၇၆)မိနစ္
ၾကာတိုင္း (၁)ဂိုးသြင္းယူႏိုင္တာေၾကာင့္ လက္ရွိၿပိဳင္ပြဲရဲ႕ မိနစ္အလိုက္ သြင္းဂိုး
စြမ္းေဆာင္ရည္ အေကာင္းဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။

ဒီရာသီအစကမွ ဘိုင္ယန္ျမဴးနစ္ကေန ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ပိုလန္
ဝါရင့္တိုက္စစ္မႉးႀကီး လီဝန္ေဒါစကီးဟာ ဂ်ာမန္ေျမက ေျခစြမ္းေကာင္းကို

စပိန္ေျမမွာလည္း ဆက္လက္ထိန္းသိမ္းႏိုင္ၿပီး ၿပိဳင္ပြဲစုံမွာ ဘာစီလိုနာအတြက္
(၂၉)ပြဲကစား၊ (၂၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၆)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

၂၀၁၉-၂၀ ရာသီက စတြက္မယ္ဆိုရင္ ဥေရာပၿပိဳင္ပြဲေတြမွာ လီဝန္ေဒါစကီးက
(၃၂)ပြဲကစား၊ (၃၈)ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး ၂၀၁၉-၂၀ ကေန လက္ရွိရာသီအတြင္း
ဥေရာပၿပိဳင္ပြဲေတြမွာ လီဝန္ေဒါစကီးေလာက္ ဘယ္သူမွ ဂိုးမသြင္းႏိုင္ပါဘူး။
ဒီညကစားမယ့္ပြဲမွာ ႏွစ္သင္းစလုံးရဲ႕ တိုက္စစ္ကို ရပ္ရွ္ဖို႔ဒ္နဲ႔ လီဝန္ေဒါစကီးတို႔က
အဓိကဦးေဆာင္ၾကမွာျဖစ္ၿပီး ဘယ္သူက ကိုယ့္အသင္း ေနာက္တစ္ဆင့္

တက္ခြင့္ရမယ့္ အႏိုင္ဂိုးသြင္းယူႏိုင္မလဲဆိုတာကေတာ့ . . .