
အင်္ဂလန်အမျိုးသမီးအသင်းဟာ ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အတွက် တစ်ယောက်ကို အပိုဆုကြေး ပေါင် ၅၅၀၀၀ စီ ရရှိမှာဖြစ်ပါတယ်။ အက်ဖ်အေနဲ့ အမျိုးသမီးအသင်းဟာ
ပြိုင်ပွဲမတိုင်ခင်ကတည်းက ကြိုတင်သဘောတူညီထားခဲ့တာပါ။ ဒါဟာ နည်းတဲ့ပမာဏတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့
မြင့်မားတဲ့လုပ်ခလစာနဲ့ယှဉ်လိုက်ရင်တော့ အတော်လေးနည်းတဲ့ အပိုဆုကြေးဖြစ်နေပါတယ်။ ရွှေဘောလုံး ၅ ဆုရှင်ဟာ မန်ယူမှာ တစ်ပတ်လစာ ပေါင် ၃၈၅၀၀၀ ရနေပြီး
တစ်ရက်လုပ်ခ ပေါင် ၅၅၀၀၀ ရှိနေတာပါ။ ဒါ့အပြင် ခြင်္သေ့မလေးတွေရဲ့အပိုဆုကြေးဟာ အင်္ဂလန်အမျိုးသားအသင်းနဲ့ ယှဉ်ရင်လည်း အတော်လေးနည်းပါးနေပါတယ်။
မနှစ်က ယူရို ၂၀၂၀ ဗိုလ်လုပွဲတက်ခဲ့တဲ့ နည်းပြဆောက်ဂိတ်ရဲ့အသင်းဟာ ပေါင် ၃ သိန်းစီရခဲ့ပါတယ်။ တကယ်လို့ အီတလီကိုသာ သူတို့အနိုင်ရရင် ပေါင် ၄၆၀၀၀၀ စီရခဲ့မှာပါ။
ချန်ပီယံဆုနဲ့ ခြင်္သေ့သုံးကောင်လွဲခဲ့ပေမယ့် ဗိုလ်လုပွဲတက်နိုင်ခဲ့တာကြောင့် အပိုဆုကြေးတော့ရခဲ့ကြပါတယ်။ အခုလို အမျိုးသမီးတွေနဲ့ အမျိုးသားကစားသမားတွေကြားမှာ
အပိုဆုကြေးကွာဟနေတဲ့အပေါ် ဝေဖန်မှုတွေရှိနေသလို စိတ်ပျက်ကြသူတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကတောင် အမျိုးသမီးအားကစားရေးရာ
တက်ကြွလှုပ်ရှားသူအဖွဲ့ Women in Sport က တန်းတူလစာနဲ့ဆုကြေးငွေကိစ္စကို မေးခွန်းထုတ်ခဲ့သလို ယူရိုရဲ့အမွေအနှစ်အဖြစ် အထူးပြောင်းလဲသင့်တယ်လို့ ပြောခဲ့ပါသေးတယ်။
(zawgyi)
အဂၤလန္အမ်ိဳးသမီးအသင္းဟာ ယူ႐ို ၂၀၂၂ ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့တဲ့အတြက္ တစ္ေယာက္ကို အပိုဆုေၾကး ေပါင္ ၅၅၀၀၀ စီ ရရွိမွာျဖစ္ပါတယ္။ အက္ဖ္ေအနဲ႔ အမ်ိဳးသမီးအသင္းဟာ
ၿပိဳင္ပြဲမတိုင္ခင္ကတည္းက ႀကိဳတင္သေဘာတူညီထားခဲ့တာပါ။ ဒါဟာ နည္းတဲ့ပမာဏေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕
ျမင့္မားတဲ့လုပ္ခလစာနဲ႔ယွဥ္လိုက္ရင္ေတာ့ အေတာ္ေလးနည္းတဲ့ အပိုဆုေၾကးျဖစ္ေနပါတယ္။ ေ႐ႊေဘာလုံး ၅ ဆုရွင္ဟာ မန္ယူမွာ တစ္ပတ္လစာ ေပါင္ ၃၈၅၀၀၀ ရေနၿပီး
တစ္ရက္လုပ္ခ ေပါင္ ၅၅၀၀၀ ရွိေနတာပါ။ ဒါ့အျပင္ ျခေသၤ့မေလးေတြရဲ႕အပိုဆုေၾကးဟာ အဂၤလန္အမ်ိဳးသားအသင္းနဲ႔ ယွဥ္ရင္လည္း အေတာ္ေလးနည္းပါးေနပါတယ္။
မႏွစ္က ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲတက္ခဲ့တဲ့ နည္းျပေဆာက္ဂိတ္ရဲ႕အသင္းဟာ ေပါင္ ၃ သိန္းစီရခဲ့ပါတယ္။ တကယ္လို႔ အီတလီကိုသာ သူတို႔အႏိုင္ရရင္ ေပါင္ ၄၆၀၀၀၀ စီရခဲ့မွာပါ။
ခ်န္ပီယံဆုနဲ႔ ျခေသၤ့သုံးေကာင္လြဲခဲ့ေပမယ့္ ဗိုလ္လုပြဲတက္ႏိုင္ခဲ့တာေၾကာင့္ အပိုဆုေၾကးေတာ့ရခဲ့ၾကပါတယ္။ အခုလို အမ်ိဳးသမီးေတြနဲ႔ အမ်ိဳးသားကစားသမားေတြၾကားမွာ
အပိုဆုေၾကးကြာဟေနတဲ့အေပၚ ေဝဖန္မႈေတြရွိေနသလို စိတ္ပ်က္ၾကသူေတြလည္း ရွိေနပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္ကေတာင္ အမ်ိဳးသမီးအားကစားေရးရာ
တက္ႂကြလႈပ္ရွားသူအဖြဲ႕ Women in Sport က တန္းတူလစာနဲ႔ဆုေၾကးေငြကိစၥကို ေမးခြန္းထုတ္ခဲ့သလို ယူ႐ိုရဲ႕အေမြအႏွစ္အျဖစ္ အထူးေျပာင္းလဲသင့္တယ္လို႔ ေျပာခဲ့ပါေသးတယ္။