ယူရိုချန်ပီယံအီတလီ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် ပထမဆုံးအကြိမ်အဖြစ် လွဲချော်

ပြီးခဲ့တဲ့ကြာသပတေးည ဥရောပဇုန် play-off ဆီးမီးဖိုင်နယ်မှာ

အသင်းငယ်လေးကို လုံးဝမမျှော်လင့်ဘဲ ရှုံးခဲ့ရတဲ့အတွက်

ယူရိုချန်ပီယံအီတလီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်သွားခဲ့ပါပြီ။

အီတလီဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း ခြေစစ်ပွဲမအောင်ခဲ့တာမို့

ကမ္ဘာ့ဖလားကို နောက်ဆုံး ၂ ကြိမ်ဆက်လွဲခဲ့တာဖြစ်ပြီး အဲဒါမျိုးဟာ

သူတို့သမိုင်းမှာ ပထမဆုံးအကြိမ်ပါ။ မြောက်မက်ဆီဒိုးနီးယားနဲ့အိမ်ကွင်းပွဲမှာ

အီတလီဟာ ပွဲပြီးခါနီးနာကျင်အချိန်ပို ၉၂ မိနစ်အရောက်

တစ်လုံးတည်းသောအနိုင်ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ အီတလီဟာ ပြိုင်ဘက်အသင်းငယ်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့

ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု ၃၂ ကြိမ်တောင် ရှိခဲ့တာပါ။

ဒါပေမဲ့ အဲဒီမှာ ၅ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး တောင့်တောင့်ခံသွားခဲ့တဲ့

မြောက်မက်ဆီဒိုးနီးယားခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။

ပွဲပြီးခါနီးမှာတော့ ကမ္ဘာ့အဆင့် ၆၇ က အသင်းကို တစ်လုံးတည်းသော

အနိုင်ဂိုးခွင့်ပြုလိုက်ရတာပါ။ အီတလီကို အနိုင်ရသွားတဲ့

မြောက်မက်ဆီဒိုးနီးယားဟာ နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ

ဝင်ပြိုင်ဖူးတာဆိုလို့ ယူရို ၂၀၂၀ တစ်ခုသာရှိပါတယ်။

အီတလီဟာ လွန်ခဲ့တဲ့ ၈ လကမှ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့်

အခုတော့ လုံးဝမမျှော်လင့်ထားတဲ့အနိမ့်ဆုံးအခြေအနေကို ကြုံတွေ့လိုက်ရတာပါ။

မန်ချီနီရဲ့အသင်းဟာ ခြေစစ်ပွဲအုပ်စုအဆင့်တုန်းက ရှုံးပွဲမရှိကစားနိုင်ခဲ့ပေမယ့်

၈ ပွဲမှာ ၄ ပွဲသာနိုင်ခဲ့လို့ ဆွစ်လန်ရဲ့နောက် အုပ်စုဒုတိယသာရပြီး

play-off ဆက်ကစားရတာ ဖြစ်ပါတယ်။ အခုတော့ ကမ္ဘာ့ဖလားမှာ

၄ ကြိမ်ဗိုလ်စွဲဖူးတဲ့အီတလီဟာ လာမယ့်နိုဝင်ဘာကနေ ဒီဇင်ဘာထိ

ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားကို အိမ်ကနေသာကြည့်ရတော့မှာပါ။

zawgyi

ယူ႐ိုခ်န္ပီယံအီတလီ ကမာၻ႔ဖလား ၂ ႀကိမ္ဆက္ ပထမဆုံးအႀကိမ္အျဖစ္ လြဲေခ်ာ္

ၿပီးခဲ့တဲ့ၾကာသပေတးည ဥေရာပဇုန္ play-off ဆီးမီးဖိုင္နယ္မွာ

အသင္းငယ္ေလးကို လုံးဝမေမွ်ာ္လင့္ဘဲ ရႈံးခဲ့ရတဲ့အတြက္

ယူ႐ိုခ်န္ပီယံအီတလီဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္သြားခဲ့ပါၿပီ။

အီတလီဟာ ၂၀၁၈ ကမာၻ႔ဖလားတုန္းကလည္း ေျခစစ္ပြဲမေအာင္ခဲ့တာမို႔

ကမာၻ႔ဖလားကို ေနာက္ဆုံး ၂ ႀကိမ္ဆက္လြဲခဲ့တာျဖစ္ၿပီး အဲဒါမ်ိဳးဟာ

သူတို႔သမိုင္းမွာ ပထမဆုံးအႀကိမ္ပါ။ ေျမာက္မက္ဆီဒိုးနီးယားနဲ႔အိမ္ကြင္းပြဲမွာ

အီတလီဟာ ပြဲၿပီးခါနီးနာက်င္အခ်ိန္ပို ၉၂ မိနစ္အေရာက္

တစ္လုံးတည္းေသာအႏိုင္ဂိုးေပးလိုက္ရတာ ျဖစ္ပါတယ္။

အဲဒီပြဲမွာ အီတလီဟာ ၿပိဳင္ဘက္အသင္းငယ္ကို ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔

ကစားႏိုင္ခဲ့ၿပီး ဂိုးကန္သြင္းမႈ ၃၂ ႀကိမ္ေတာင္ ရွိခဲ့တာပါ။

ဒါေပမဲ့ အဲဒီမွာ ၅ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး ေတာင့္ေတာင့္ခံသြားခဲ့တဲ့

ေျမာက္မက္ဆီဒိုးနီးယားခံစစ္ကို မထိုးေဖာက္ႏိုင္ခဲ့ပါဘူး။

ပြဲၿပီးခါနီးမွာေတာ့ ကမာၻ႔အဆင့္ ၆၇ က အသင္းကို တစ္လုံးတည္းေသာ

အႏိုင္ဂိုးခြင့္ျပဳလိုက္ရတာပါ။ အီတလီကို အႏိုင္ရသြားတဲ့

ေျမာက္မက္ဆီဒိုးနီးယားဟာ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ

ဝင္ၿပိဳင္ဖူးတာဆိုလို႔ ယူ႐ို ၂၀၂၀ တစ္ခုသာရွိပါတယ္။

အီတလီဟာ လြန္ခဲ့တဲ့ ၈ လကမွ ယူ႐ိုၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့ေပမယ့္

အခုေတာ့ လုံးဝမေမွ်ာ္လင့္ထားတဲ့အနိမ့္ဆုံးအေျခအေနကို ႀကဳံေတြ႕လိုက္ရတာပါ။

မန္ခ်ီနီရဲ႕အသင္းဟာ ေျခစစ္ပြဲအုပ္စုအဆင့္တုန္းက ရႈံးပြဲမရွိကစားႏိုင္ခဲ့ေပမယ့္

၈ ပြဲမွာ ၄ ပြဲသာႏိုင္ခဲ့လို႔ ဆြစ္လန္ရဲ႕ေနာက္ အုပ္စုဒုတိယသာရၿပီး

play-off ဆက္ကစားရတာ ျဖစ္ပါတယ္။ အခုေတာ့ ကမာၻ႔ဖလားမွာ

၄ ႀကိမ္ဗိုလ္စြဲဖူးတဲ့အီတလီဟာ လာမယ့္ႏိုဝင္ဘာကေန ဒီဇင္ဘာထိ

ကာတာႏိုင္ငံမွာ က်င္းပမယ့္ ကမာၻ႔ဖလားကို အိမ္ကေနသာၾကည့္ရေတာ့မွာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*