ယူနိုက်တက် ဦးဆောင်ဂိုးစောစောမရအောင် အဆင့်ဆင့်ကာကွယ်နိုင်ခဲ့တဲ့ စိန့်ခံစစ်အစွမ်းကို မန်ယူနဲ့လီဗာပူးလ်ပရိသတ်တွေပါ တအံ့တသြချီးကျူးနေကြ

မန်ယူအသင်းဟာ စိန့်မေရီမှာ ဆောက်သမ်တန်ကို ဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုးနဲ့အနိုင်ယူပြီး ဖိအားတွေထပ်မံလျှော့ချနိုင်ခဲ့ပါတယ်။ နည်းပြတန်းဟတ်ဟာ ကွင်းလယ်ကစားသမားသစ် ကက်စ်မီရိုကို အရန်ခုံထိုင်ခိုင်းပြီး လီဗာပူးလ်ကိုအနိုင်ရတဲ့ပွဲက

လူစာရင်းအတိုင်းပဲသုံးသွားခဲ့တာပါ။ အသင်းခေါင်းဆောင်ရာထူး ခပ်လှုပ်လှုပ်ဖြစ်နေတဲ့ မက်ဂွိုင်းယားလည်း အနာဂတ်ဂဏန်းမငြိမ်ဖြစ်နေတဲ့ တိုက်စစ်မှူးရော်နယ်ဒိုနဲ့အတူ ပွဲကြည့်ပရိသတ်လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ သရဲနီတွေဟာ

ပေါ်တူဂီသားမပါလည်းဖြစ်တယ်ဆိုတဲ့အကွက်မျိုးနဲ့ ၁၉ မိနစ်မှာ ဦးဆောင်ဂိုးရလုနီးနီး ဖြစ်ခဲ့တာပါ။ ဒါလော့လှမ်းမပေးလိုက်တာကို ဖာနန်ဒက်စ်ခေါင်းတိုက်တာ ချိန်သားမကိုက်ဖြစ်ခဲ့ပေမယ့် အီလန်ဂါဆီ ရောက်သွားခဲ့ပါတယ်။

ဆွီဒင်သားရဲ့အပိုင်ကန်ချက်ကို ဆောက်သမ်တန်ဂိုးသမား ဘာဇူနူကာကွယ်နိုင်ခဲ့ရုံနဲ့ မပြီးသွားခဲ့ပါဘူး။ ဘောလုံးက အီလန်ဂါဆီပြန်ရောက်သွားခဲ့တာပါ။ အမြန်ပိတ်သွင်းပေမယ့် ထိချက်မမှန်ဘဲ တိုင်ထိပြီး ဖာနန်ဒက်စ်ဆီ တည့်တည့်ကြီးကျလာပါတယ်။

ပေါ်တူဂီသားကလည်း လှပတဲ့မြေမကျကန်ချက်နဲ့ ပိတ်သွင်းပေမယ့် နောက်ခံလူဘယ်လာကော့ချက်နဲ့ ထိသွားခဲ့ပြန်ပါတယ်။ ဒီမှာလည်း မပြီးသေးပါဘူး။ အလယ်ကြောက ပြေးဝင်လာတဲ့ အဲရစ်ဆင်အတွက် မဟာအခွင့်အရေးဖြစ်သွားခဲ့တာပါ။

ဒါပေမဲ့ ဒိန်းမတ်သားရဲ့အပြင်းကန်ချက်ကလည်း စိန့်ဗဟိုခံစစ်မှူး ဆာလီဆူရဲ့ခြေထောက်ကိုသာ မှန်သွားခဲ့ရပါတယ်။ ဒါကြောင့် ဆောက်သမ်တန်ပရိသတ်တွေဟာ လက်ခုပ်တီးပြီး သူတို့ကစားသမားတွေကို ဂုဏ်ပြုခဲ့ကြသလို ကြီးကျယ်တဲ့ကာကွယ်မှုလို့ ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်ပေးခဲ့ကြပါတယ်။

မန်ယူပရိသတ်တွေကလည်း ဒီလောက်ကာကွယ်မှုကောင်းနေမှတော့ ငါတို့ ဂိုးဘယ်လိုရတော့မလဲလို့ စိုးရိမ်တကြီးရေးသားခဲ့ကြတာပါ။ ဒီအထဲမှာ လီဗာပူးလ်ပရိသတ်တွေလည်းပါခဲ့ပြီး စိန့်နောက်ခံလူတွေဆီက သင်ယူသင့်တယ်လို့ ဗန်ဒိုက်ကိုပါ မဆီမဆိုင်ဆွဲထည့်ခဲ့ကြပါသေးတယ်။

(zawgyi)

မန္ယူအသင္းဟာ စိန႔္ေမရီမွာ ေဆာက္သမ္တန္ကို ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕သြင္းဂိုးနဲ႔အႏိုင္ယူၿပီး ဖိအားေတြထပ္မံေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။ နည္းျပတန္းဟတ္ဟာ ကြင္းလယ္ကစားသမားသစ္ ကက္စ္မီ႐ိုကို အရန္ခုံထိုင္ခိုင္းၿပီး လီဗာပူးလ္ကိုအႏိုင္ရတဲ့ပြဲက

လူစာရင္းအတိုင္းပဲသုံးသြားခဲ့တာပါ။ အသင္းေခါင္းေဆာင္ရာထူး ခပ္လႈပ္လႈပ္ျဖစ္ေနတဲ့ မက္ဂြိဳင္းယားလည္း အနာဂတ္ဂဏန္းမၿငိမ္ျဖစ္ေနတဲ့ တိုက္စစ္မႉးေရာ္နယ္ဒိုနဲ႔အတူ ပြဲၾကည့္ပရိသတ္လုပ္ခဲ့ရပါတယ္။ ဒါေပမဲ့ သရဲနီေတြဟာ

ေပၚတူဂီသားမပါလည္းျဖစ္တယ္ဆိုတဲ့အကြက္မ်ိဳးနဲ႔ ၁၉ မိနစ္မွာ ဦးေဆာင္ဂိုးရလုနီးနီး ျဖစ္ခဲ့တာပါ။ ဒါေလာ့လွမ္းမေပးလိုက္တာကို ဖာနန္ဒက္စ္ေခါင္းတိုက္တာ ခ်ိန္သားမကိုက္ျဖစ္ခဲ့ေပမယ့္ အီလန္ဂါဆီ ေရာက္သြားခဲ့ပါတယ္။ ဆြီဒင္သားရဲ႕အပိုင္ကန္ခ်က္ကို ေဆာက္သမ္တန္ဂိုးသမား

ဘာဇူႏူကာကြယ္ႏိုင္ခဲ့႐ုံနဲ႔ မၿပီးသြားခဲ့ပါဘူး။ ေဘာလုံးက အီလန္ဂါဆီျပန္ေရာက္သြားခဲ့တာပါ။ အျမန္ပိတ္သြင္းေပမယ့္ ထိခ်က္မမွန္ဘဲ တိုင္ထိၿပီး ဖာနန္ဒက္စ္ဆီ တည့္တည့္ႀကီးက်လာပါတယ္။ ေပၚတူဂီသားကလည္း လွပတဲ့ေျမမက်ကန္ခ်က္နဲ႔

ပိတ္သြင္းေပမယ့္ ေနာက္ခံလူဘယ္လာေကာ့ခ်က္နဲ႔ ထိသြားခဲ့ျပန္ပါတယ္။ ဒီမွာလည္း မၿပီးေသးပါဘူး။ အလယ္ေၾကာက ေျပးဝင္လာတဲ့ အဲရစ္ဆင္အတြက္ မဟာအခြင့္အေရးျဖစ္သြားခဲ့တာပါ။ ဒါေပမဲ့ ဒိန္းမတ္သားရဲ႕အျပင္းကန္ခ်က္ကလည္း

စိန႔္ဗဟိုခံစစ္မႉး ဆာလီဆူရဲ႕ေျခေထာက္ကိုသာ မွန္သြားခဲ့ရပါတယ္။ ဒါေၾကာင့္ ေဆာက္သမ္တန္ပရိသတ္ေတြဟာ လက္ခုပ္တီးၿပီး သူတို႔ကစားသမားေတြကို ဂုဏ္ျပဳခဲ့ၾကသလို ႀကီးက်ယ္တဲ့ကာကြယ္မႈလို႔ ဆိုရွယ္မီဒီယာေပၚမွာ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

မန္ယူပရိသတ္ေတြကလည္း ဒီေလာက္ကာကြယ္မႈေကာင္းေနမွေတာ့ ငါတို႔ ဂိုးဘယ္လိုရေတာ့မလဲလို႔ စိုးရိမ္တႀကီးေရးသားခဲ့ၾကတာပါ။ ဒီအထဲမွာ လီဗာပူးလ္ပရိသတ္ေတြလည္းပါခဲ့ၿပီး စိန႔္ေနာက္ခံလူေတြဆီက သင္ယူသင့္တယ္လို႔ ဗန္ဒိုက္ကိုပါ မဆီမဆိုင္ဆြဲထည့္ခဲ့ၾကပါေသးတယ္။