ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးအဘူဘာကာကို အယ်လ်နာဆာ စာချုပ်ဖျက်သိမ်း

အယ်လ်နာဆာအသင်းဟာ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့

သူတို့ရဲ့ ဝါရင့်တိုက်စစ်မှူး အဘူဘာကာကို စာချုပ်ဖျက်သိမ်းလိုက်ပြီ
ဖြစ်ပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူး
အဘူဘာကာဟာ ၂၀၂၁ ခုနှစ်က ဘက်ဆစ်တက်အသင်းကနေ အယ်လ်နာဆာကို
ပြောင်းရွှေ့ခဲ့ပြီး,ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ(၂၇)ပွဲကစား၊ (၉)ဂိုးသွင်းခဲ့သလို
ဒီရာသီမှာလည်း (၁၂)ပွဲကစား၊ (၄)ဂိုးသွင်းခဲ့ပါတယ်။

အဘူဘာကာဟာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း အယ်လ်နာဆာ
အသင်းအနေနဲ့ စီရော်နယ်လ်ဒိုကို ဆော်ဒီပရိုလိဂ်အဖွဲ့ချုပ်မှာ စာရင်းသွင်းခွင့်
ရဖို့အတွက် အဘူဘာကာနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အခုလောလောဆယ် အယ်လ်နာဆာအသင်းမှာ စီရော်နယ်လ်ဒိုအပါအဝင် ပြည်ပ
ကစားသမား (၉)ဦးအထိရှိနေပြီး ဆော်ဒီပရိုလိဂ်အဖွဲ့ချုပ်က ခွင့်ပြုထားတဲ့

အရေအတွက်ထက် (၁)ဦးပိုနေတာကြောင့် လက်ရှိကစားသမားတွေထဲက
(၁)ဦးနဲ့ မဖြစ်မနေ လမ်းခွဲရမှာဖြစ်တဲ့အတွက် အဘူဘာကာကို စာချုပ်
ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ ဆော်ဒီသတင်းစာ Al-Riyadh က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုဇန်နဝါရီကာလအတွင်း တိုက်စစ်မှူးတစ်ဦး
ခေါ်ယူချင်နေပြီး အဘူဘာကာကို ပစ်မှတ်ထားနေသလို အခု အလွတ်နဲ့
ခေါ်ယူနိုင်တော့မှာဖြစ်သလို အဘူဘာကာကို တူရကီထိပ်သီး
ဘက်ဆစ်တက်ကလည်း ပစ်မှတ်ထားနေပါတယ်။

[Zawgyi]

အယ္လ္နာဆာအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ ပစ္မွတ္ထားေနတဲ့
သူတို႔ရဲ႕ ဝါရင့္တိုက္စစ္မႉး အဘူဘာကာကို စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီ

ျဖစ္ပါတယ္။

အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ ကင္မ႐ြန္းလက္ေ႐ြးစင္တိုက္စစ္မႉး

အဘူဘာကာဟာ ၂၀၂၁ ခုႏွစ္က ဘက္ဆစ္တက္အသင္းကေန အယ္လ္နာဆာကို
ေျပာင္းေ႐ႊ႕ခဲ့ၿပီး,ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံ(၂၇)ပြဲကစား၊ (၉)ဂိုးသြင္းခဲ့သလို
ဒီရာသီမွာလည္း (၁၂)ပြဲကစား၊ (၄)ဂိုးသြင္းခဲ့ပါတယ္။

အဘူဘာကာဟာ အသင္းအတြက္ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္လည္း အယ္လ္နာဆာ
အသင္းအေနနဲ႔ စီေရာ္နယ္လ္ဒိုကို ေဆာ္ဒီပ႐ိုလိဂ္အဖြဲ႕ခ်ဳပ္မွာ စာရင္းသြင္းခြင့္
ရဖို႔အတြက္ အဘူဘာကာနဲ႔ လမ္းခြဲဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

အခုေလာေလာဆယ္ အယ္လ္နာဆာအသင္းမွာ စီေရာ္နယ္လ္ဒိုအပါအဝင္ ျပည္ပ
ကစားသမား (၉)ဦးအထိရွိေနၿပီး ေဆာ္ဒီပ႐ိုလိဂ္အဖြဲ႕ခ်ဳပ္က ခြင့္ျပဳထားတဲ့
အေရအတြက္ထက္ (၁)ဦးပိုေနတာေၾကာင့္ လက္ရွိကစားသမားေတြထဲက

(၁)ဦးနဲ႔ မျဖစ္မေန လမ္းခြဲရမွာျဖစ္တဲ့အတြက္ အဘူဘာကာကို စာခ်ဳပ္
ဖ်က္သိမ္းခဲ့တာျဖစ္တယ္လို႔ ေဆာ္ဒီသတင္းစာ Al-Riyadh က ေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ အခုဇန္နဝါရီကာလအတြင္း တိုက္စစ္မႉးတစ္ဦး
ေခၚယူခ်င္ေနၿပီး အဘူဘာကာကို ပစ္မွတ္ထားေနသလို အခု အလြတ္နဲ႔
ေခၚယူႏိုင္ေတာ့မွာျဖစ္သလို အဘူဘာကာကို တူရကီထိပ္သီး
ဘက္ဆစ္တက္ကလည္း ပစ္မွတ္ထားေနပါတယ္။