ယူနိုက်တက် ဂိုးသွင်းနိုင်ရင် ဒိုင်လူကြီးတွေ ပျော်နေကြပြီလားလို့ အာကြီးဖန်တွေ မေးခွန်းထုတ်နေ

တနင်္ဂနွေညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်ကတော့ မဟာပြိုင်ဘက်တို့ရဲ့ အစဉ်အလာအတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ဒါ့အပြင် အိမ်ရှင်အသင်းဟာ သရဲနီစိတ်ဓာတ်ကို ပြသခဲ့ပြီး ဂိုးပြတ်အနိုင်ယူပြ နိုင်ခဲ့သလို ရာနှုန်းပြည့် နိုင်ပွဲဆက်နေတဲ့

အာဆင်နယ်ရဲ့ စံချိန်ကို ရပ်တန့် သွားစေခဲ့ပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ်မှာ VAR ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အတော်လေး ပြင်းထန်ခဲ့သလို မန်ယူ-အာဆင်နယ်ပွဲ စဉ်ကလည်း အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ ဆို ရမှာပဲ ဖြစ်ပါတယ်။

ဒီပွဲစဉ်အတွက် ဦးဆောင်ဂိုးကို အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လီက သွင်းယူခဲ့တာဖြစ်ပေမယ့် VAR ပြန်ကြည့်ပြီးတဲ့နောက် ပြစ်ဒဏ်ဘောအဖြစ် ကွင်းလယ်ဒိုင် ပေါလ်တီယာနေးက သတ်မှတ်ပေးခဲ့တယ်။ ယူနိုက်တက်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို

ဧည့်သည် အသင်းခေါင်းဆောင် အိုဒီဂတ် ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန် ၃၅ မိနစ်မှာ မန်ယူနဲ့အတူ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ အန်တိုနီတစ်ယောက် အသင်းသစ်အတွက် ဦး ဆောင်ဂိုး သွင်းယူလိုက်ချိန်မှာတော့

စတုတ္ထဒိုင်လူကြီးဖြစ်တဲ့ ဟူးပါးရဲ့ မျက်နှာအမူအရာက အလွန်အမင်း ကျေနပ်ပျော်ရွှင်နေတာကို တွေ့ခဲ့ရပါတယ်။ နောက်ပြီး မန်ယူနည်းပြ တန်ဟက်ကလည်း ဒိုင်လူကြီး ဟူးပါးရဲ့ ပခုံးကို ကိုင်ထားပြီး ပလဲနံပသင့်နေတဲ့ အမူအရာမျိုးတွေရှိနေတော့ ဂန်းနားပရိသတ် တွေရင်ထဲ

မချိတင်ကဲ ဖြစ်နေခဲ့တာပေါ့။ ဒါကြောင့် အာဆင်နယ်ပရိသတ်တွေဟာ တွစ်တာပေါ်မှာ သူတို့ရဲ့ အလိုမကျမှုတွေကို ဖော်ထုတ်ခဲ့ကြပါ တယ်။ ‘’သူတို့နှစ်ယောက် စကားပြောနေတဲ့ပုံ ကြည့်ရတာ လင်မယားတွေ လိုပဲ’’ လို့ အာဆင်နယ်ပရိသတ် တစ်ယောက်က

တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ‘’မန်ယူလည်း ဂိုးသွင်းပြီးရော တန်ဟက်ကြီးက စတုတ္ထဒိုင်လူကြီးဆီသွားပြီး ခရစ္စမတ် နံနက်ခင်းမှာ ပြုံးကြတဲ့ အပြုံးမျိုးနဲ့ ပြုံးနေတာ။ အနည်းဆုံးတော့ ဘက်လိုက်တာလေးတွေ ဘာလေးတွေကို ဖုံးထားဦးပေါ့ဟ’’ လို့ ရေးသားခဲ့ပါတယ်။

နောက်တစ် ယောက်ကတော့ ‘’ဂိုးသွင်းတာကို မန်ယူနည်းပြတန်ဟက်အတူ ဒိုင်လူကြီးက ဘာလို့ ပြုံးနေကြတာလဲ’’ လို့ ရေးသွားခဲ့ပါတယ်။ ဒါကြောင့် ဒိုင်လူကြီးတွေဟာ မန်ယူဂိုးသွင်းပြီဆိုရင် ပျော်နေကြပြီလားလို့ အာဆင်နယ်ပရိသတ်တွေ က မေးခွန်းထုတ်နေကြပြီဖြစ်ပါတယ်။

(zawgyi)

တနဂၤေႏြညမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ယူနဲ႔ အာဆင္နယ္တို႔ရဲ႕ပြဲစဥ္ကေတာ့ မဟာၿပိဳင္ဘက္တို႔ရဲ႕ အစဥ္အလာအတိုင္း ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ပါတယ္။ ဒါ့အျပင္ အိမ္ရွင္အသင္းဟာ သရဲနီစိတ္ဓာတ္ကို ျပသခဲ့ၿပီး ဂိုးျပတ္အႏိုင္ယူျပ ႏိုင္ခဲ့သလို ရာႏႈန္းျပည့္ ႏိုင္ပြဲဆက္ေနတဲ့

အာဆင္နယ္ရဲ႕ စံခ်ိန္ကို ရပ္တန႔္ သြားေစခဲ့ပါတယ္။ ဒါေပမဲ့ အခုသီတင္းပတ္မွာ VAR ဆုံးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြ အေတာ္ေလး ျပင္းထန္ခဲ့သလို မန္ယူ-အာဆင္နယ္ပြဲ စဥ္ကလည္း အျငင္းပြားစရာ ဆုံးျဖတ္ခ်က္ေတြနဲ႔ ျပည့္ႏွက္ေနခဲ့တယ္လို႔ ဆို ရမွာပဲ ျဖစ္ပါတယ္။

ဒီပြဲစဥ္အတြက္ ဦးေဆာင္ဂိုးကို အာဆင္နယ္တိုက္စစ္မႉး မာတင္နယ္လီက သြင္းယူခဲ့တာျဖစ္ေပမယ့္ VAR ျပန္ၾကည့္ၿပီးတဲ့ေနာက္ ျပစ္ဒဏ္ေဘာအျဖစ္ ကြင္းလယ္ဒိုင္ ေပါလ္တီယာေနးက သတ္မွတ္ေပးခဲ့တယ္။ ယူႏိုက္တက္ကြင္းလယ္ကစားသမား အဲရစ္ဆင္ကို ဧည့္သည္ အသင္းေခါင္းေဆာင္

အိုဒီဂတ္ ျပစ္ဒဏ္က်ဴးလြန္တယ္ဆိုၿပီး ကြင္းလယ္ဒိုင္က ျပစ္ဒဏ္ေဘာသတ္မွတ္ေပးခဲ့တာပါ။ ဒါေပမဲ့ ပြဲခ်ိန္ ၃၅ မိနစ္မွာ မန္ယူနဲ႔အတူ ပထမဆုံး ပြဲထြက္ခြင့္ရခဲ့တဲ့ အန္တိုနီတစ္ေယာက္ အသင္းသစ္အတြက္ ဦး ေဆာင္ဂိုး သြင္းယူလိုက္ခ်ိန္မွာေတာ့ စတုတၳဒိုင္လူႀကီးျဖစ္တဲ့ ဟူးပါးရဲ႕ မ်က္ႏွာအမူအရာက

အလြန္အမင္း ေက်နပ္ေပ်ာ္႐ႊင္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ေနာက္ၿပီး မန္ယူနည္းျပ တန္ဟက္ကလည္း ဒိုင္လူႀကီး ဟူးပါးရဲ႕ ပခုံးကို ကိုင္ထားၿပီး ပလဲနံပသင့္ေနတဲ့ အမူအရာမ်ိဳးေတြရွိေနေတာ့ ဂန္းနားပရိသတ္ ေတြရင္ထဲ မခ်ိတင္ကဲ ျဖစ္ေနခဲ့တာေပါ့။

ဒါေၾကာင့္ အာဆင္နယ္ပရိသတ္ေတြဟာ တြစ္တာေပၚမွာ သူတို႔ရဲ႕ အလိုမက်မႈေတြကို ေဖာ္ထုတ္ခဲ့ၾကပါ တယ္။ ‘’သူတို႔ႏွစ္ေယာက္ စကားေျပာေနတဲ့ပုံ ၾကည့္ရတာ လင္မယားေတြ လိုပဲ’’ လို႔ အာဆင္နယ္ပရိသတ္ တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ဒုတိယတစ္ေယာက္ကေတာ့ ‘’မန္ယူလည္း ဂိုးသြင္းၿပီးေရာ တန္ဟက္ႀကီးက စတုတၳဒိုင္လူႀကီးဆီသြားၿပီး ခရစၥမတ္ နံနက္ခင္းမွာ ၿပဳံးၾကတဲ့ အၿပဳံးမ်ိဳးနဲ႔ ၿပဳံးေနတာ။ အနည္းဆုံးေတာ့ ဘက္လိုက္တာေလးေတြ ဘာေလးေတြကို ဖုံးထားဦးေပါ့ဟ’’ လို႔ ေရးသားခဲ့ပါတယ္။

ေနာက္တစ္ ေယာက္ကေတာ့ ‘’ဂိုးသြင္းတာကို မန္ယူနည္းျပတန္ဟက္အတူ ဒိုင္လူႀကီးက ဘာလို႔ ၿပဳံးေနၾကတာလဲ’’ လို႔ ေရးသြားခဲ့ပါတယ္။ ဒါေၾကာင့္ ဒိုင္လူႀကီးေတြဟာ မန္ယူဂိုးသြင္းၿပီဆိုရင္ ေပ်ာ္ေနၾကၿပီလားလို႔ အာဆင္နယ္ပရိသတ္ေတြ က ေမးခြန္းထုတ္ေနၾကၿပီျဖစ္ပါတယ္။