
ရီးယဲလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ PSG အပါအဝင်
ဥရောပထိပ်သီးကလပ်တွေ ပစ်မှတ်ထားနေကြတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်
ဘယ်လင်ဂမ်ကို လာမယ့်နှစ်၊ နွေရာသီကျရင် ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်
အပြည့်ရှိနေပါတယ်။
အသက်(၁၉)နှစ်သာရှိသေးတဲ့ ဘယ်လင်ဂမ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ပြိုင်ပွဲရဲ့ အကောင်းဆုံး
လူငယ်ကစားသမားဆုကို ကံဆိုးစွာနဲ့ပဲ လွဲချော်ခဲ့ပါတယ်။
ဒေ့ါမွန်ကစားသမားဘ၀ (၂)ရာသီကျော်အတွင်း ပွဲပေါင်း(၁၁၂)ပွဲကစား၊ (၁၉)ဂိုးသွင်း၊
ဂိုးဖန်တီးမှု(၂၁)ကြိမ်ပြုလုပ်ခဲ့တဲ့ ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ယူနိုက်တက်၊
လီဗာပူးလ်၊ PSG ၊ မန်စီးတီး၊ ချယ်လ်ဆီး၊ PSG တို့က အပြိုင်စိတ်ဝင်စားနေပြီး
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ လာမယ့်နှစ်၊ နွေရာသီကျရင် ဘယ်လင်ဂမ်နဲ့
ဒီယွန်းတို့ကို ပေါင်သန်း(၂၀၀)အထိ အသုံးပြုခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရီးယဲလ်အသင်းက ဘယ်လင်ဂမ်ဟာ အဲဒီအသင်းတွေကို ငြင်းဆန်ပြီးတော့
သူတို့အသင်းဆီ သေချာပေါက်ပြောင်းရွှေ့လိမ့်မယ်ဆိုပြီး အခိုင်အမာ
ယုံကြည်ထားတယ်လို့ ဗြိတိန်နာမည်ကျော် The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ ရီးယဲလ်အသင်းဟာ လာမယ့်နွေရာသီကျရင် ဘယ်လင်ဂမ်ကို
ပေါင်သန်း(၁၀၀)ကျော်အသုံးပြုပြီး ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
[Zawgyi]
ရီးယဲလ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္၊ PSG အပါအဝင္
ဥေရာပထိပ္သီးကလပ္ေတြ ပစ္မွတ္ထားေနၾကတဲ့ အဂၤလန္လူငယ္ၾကယ္ပြင့္
ဘယ္လင္ဂမ္ကို လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ခ်က္
အျပည့္ရွိေနပါတယ္။
အသက္(၁၉)ႏွစ္သာရွိေသးတဲ့ ဘယ္လင္ဂမ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ
အဂၤလန္အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး
လူငယ္ကစားသမားဆုကို ကံဆိုးစြာနဲ႔ပဲ လြဲေခ်ာ္ခဲ့ပါတယ္။
ေဒ့ါမြန္ကစားသမားဘ၀ (၂)ရာသီေက်ာ္အတြင္း ပြဲေပါင္း(၁၁၂)ပြဲကစား၊ (၁၉)ဂိုးသြင္း၊
ဂိုးဖန္တီးမႈ(၂၁)ႀကိမ္ျပဳလုပ္ခဲ့တဲ့ ဘယ္လင္ဂမ္ကို ေခၚယူဖို႔ ယူႏိုက္တက္၊
လီဗာပူးလ္၊ PSG ၊ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ PSG တို႔က အၿပိဳင္စိတ္ဝင္စားေနၿပီး
ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ ဘယ္လင္ဂမ္နဲ႔
ဒီယြန္းတို႔ကို ေပါင္သန္း(၂၀၀)အထိ အသုံးျပဳေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။
ဒါေပမဲ့လည္း ရီးယဲလ္အသင္းက ဘယ္လင္ဂမ္ဟာ အဲဒီအသင္းေတြကို ျငင္းဆန္ၿပီးေတာ့
သူတို႔အသင္းဆီ ေသခ်ာေပါက္ေျပာင္းေ႐ႊ႕လိမ့္မယ္ဆိုၿပီး အခိုင္အမာ
ယုံၾကည္ထားတယ္လို႔ ၿဗိတိန္နာမည္ေက်ာ္ The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။
The Sun ရဲ႕ ေဖာ္ျပခ်က္အရ ရီးယဲလ္အသင္းဟာ လာမယ့္ေႏြရာသီက်ရင္ ဘယ္လင္ဂမ္ကို
ေပါင္သန္း(၁၀၀)ေက်ာ္အသုံးျပဳၿပီး ေခၚယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။