ယူနိုက်တက်အသင်း အဝတ်လဲခန်းထဲမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်မကရှိနေတယ်လို့ ဘိုင်လီ အောက်ဖဲလှန်ပြီ

ဂန်းနားတွေရဲ့ ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို အိုးလ်ထရစ်ဖို့ဒ်မှာ အမြစ်ကနေပြီး မြေလှန်ပေးလိုက်လို့ သရဲနီပရိသတ်တွေ ပျော်မဆုံး မော်မဆုံးဖြစ်နေချိန်မှာ နောက်ခံလူဟောင်းတစ်ယောက် ထုတ်ပြောလိုက်တဲ့ အံ့အားသင့်ဖွယ်ရာ စကားတစ်ခွန်းကြောင့်

ယူနိုက်တက်အသင်း အဝတ်လဲခန်းထဲမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်မက ရှိခဲ့တာကို မီးမောင်းထိုးပြလိုက်သလို ဖြစ်ခဲ့ပါတယ်။ မန်ချက်စတာကလပ်အနေနဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားတွေကို ဦးစားပေးပွဲထွက်ခွင့်ပေးပြီး အခွင့်ထူးခံ လူတန်းစားတစ်ရပ်အနေနဲ့

ဆက်ဆံတာမျိုးအတွက် သူ့အနေနဲ့ မကျေမနပ်ဖြစ်ခဲ့ရတယ်လို့ အဲရစ်ဘိုင်လီက ထုတ်ပြောလိုက်တာပါ။ နည်းပြဟောင်းဆိုးလ်ရှားနဲ့ ရန်းနစ်တို့ဟာ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဖြစ်တဲ့ မက်ဂွိုင်းယားကို ပြီးခဲ့တဲ့ရာသီမှာ ဦးစားပေးပွဲထွက်ခွင့်ပေးခဲ့လို့ ဘိုင်လီက

ပေါက်ကွဲနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မန်ယူကနေပြီး မာဆေးလ်ကို အငှားနဲ့ သွားကစားနေ တဲ့ ဘိုင်လီက ‘’အသင်းဟာ အင်္ဂလန်ကစားသမားတွေကို ဦးစားပေးတာမျိုး ရှောင်ရှားသင့်ပြီး လူတိုင်းကို အခွင့်အရေးတစ်ခုပေးသင့်ပါတယ်။

အဝတ်လဲ ခန်းထဲမှာ ပြိုင်ဆိုင်မှုမျိုးကို အသင်းက တွန်းအားပေးသင့်တယ်။ အင်္ဂလန် ကစားသမားတွေကပဲ ဦးစားပေးခံနေရတာမျိုးလို့ ကျွန်တော် ခံစားခဲ့ရတယ်။ ချဲလ်ဆီးနဲ့ တခြား ပရီးမီးယားလိဂ်အသင်းကြီးတွေမှာဆိုရင် အဲဒီလိုမျိုး မဖြစ် ဘူး။ တချို့ကစားသမားတွေက

ဦးစားပေးပွဲထွက်လူစာရင်းမှာ ပါဖို့ အာမခံ ချက်ရပြီးသား။ အဲဒီအချက်ကပဲ အသင်းကို အင်အားချိနဲ့သွားစေတာ။ ကံ ကောင်းတာက တန်ဟက်မှာ စရိုက်ကောင်းတွေရှိနေတယ်။ ဒါကို သူပြောင်း လဲပစ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ကုန်ခါနီးမှာ

အသင်းနဲ့အတူ စာချုပ်ဖို့အတွက် တန်ဟက်ရောက်လာတော့ ကျွန်တော် ဆုံ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က အထုပ်အပိုးတွေပြင်နေတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်အသင်းပြောင်းချင်တယ်လေ။ ဒါပေမဲ့ သူက ကျွန်တော့် ကို အသင်းမှာ ဆက်ရှိနေဖို့ ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက လူတိုင်း ကို

အချိန်ပေးချင်တာမျိုးလေ။ ရာသီကြိုခရီးစဉ်ကို အသင်းနဲ့အတူလိုက်ဖို့ ကျွန်တော် သဘောတူခဲ့တယ်။ သူကလည်း သူ့ကတိ သူတည်တယ်။ ဒါပေမဲ့ ကျွန်တော် နောက်တစ်ကြိမ်ထပ်ပြီး မကစားချင်တော့ဘူး။ ကျွန်တော် အပတ် တိုင်း ကစားချင်ပြီး အရေးပါတဲ့လူလို ဖြစ်ချင်တယ်’’ လို့ ပြောဆိုသွားခဲ့ပါ တယ်။

(zawgyi)

ဂန္းနားေတြရဲ႕ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္မႈကို အိုးလ္ထရစ္ဖို႔ဒ္မွာ အျမစ္ကေနၿပီး ေျမလွန္ေပးလိုက္လို႔ သရဲနီပရိသတ္ေတြ ေပ်ာ္မဆုံး ေမာ္မဆုံးျဖစ္ေနခ်ိန္မွာ ေနာက္ခံလူေဟာင္းတစ္ေယာက္ ထုတ္ေျပာလိုက္တဲ့ အံ့အားသင့္ဖြယ္ရာ စကားတစ္ခြန္းေၾကာင့္ ယူႏိုက္တက္အသင္း အဝတ္လဲခန္းထဲမွာ

ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္မက ရွိခဲ့တာကို မီးေမာင္းထိုးျပလိုက္သလို ျဖစ္ခဲ့ပါတယ္။ မန္ခ်က္စတာကလပ္အေနနဲ႔ အဂၤလန္လက္ေ႐ြးစင္ ကစားသမားေတြကို ဦးစားေပးပြဲထြက္ခြင့္ေပးၿပီး အခြင့္ထူးခံ လူတန္းစားတစ္ရပ္အေနနဲ႔ ဆက္ဆံတာမ်ိဳးအတြက္ သူ႔အေနနဲ႔

မေက်မနပ္ျဖစ္ခဲ့ရတယ္လို႔ အဲရစ္ဘိုင္လီက ထုတ္ေျပာလိုက္တာပါ။ နည္းျပေဟာင္းဆိုးလ္ရွားနဲ႔ ရန္းနစ္တို႔ဟာ အဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူျဖစ္တဲ့ မက္ဂြိဳင္းယားကို ၿပီးခဲ့တဲ့ရာသီမွာ ဦးစားေပးပြဲထြက္ခြင့္ေပးခဲ့လို႔ ဘိုင္လီက ေပါက္ကြဲေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ မန္ယူကေနၿပီး မာေဆးလ္ကို အငွားနဲ႔ သြားကစားေန တဲ့ ဘိုင္လီက ‘’အသင္းဟာ အဂၤလန္ကစားသမားေတြကို ဦးစားေပးတာမ်ိဳး ေရွာင္ရွားသင့္ၿပီး လူတိုင္းကို အခြင့္အေရးတစ္ခုေပးသင့္ပါတယ္။ အဝတ္လဲ ခန္းထဲမွာ ၿပိဳင္ဆိုင္မႈမ်ိဳးကို

အသင္းက တြန္းအားေပးသင့္တယ္။ အဂၤလန္ ကစားသမားေတြကပဲ ဦးစားေပးခံေနရတာမ်ိဳးလို႔ ကြၽန္ေတာ္ ခံစားခဲ့ရတယ္။ ခ်ဲလ္ဆီးနဲ႔ တျခား ပရီးမီးယားလိဂ္အသင္းႀကီးေတြမွာဆိုရင္ အဲဒီလိုမ်ိဳး မျဖစ္ ဘူး။ တခ်ိဳ႕ကစားသမားေတြက

ဦးစားေပးပြဲထြက္လူစာရင္းမွာ ပါဖို႔ အာမခံ ခ်က္ရၿပီးသား။ အဲဒီအခ်က္ကပဲ အသင္းကို အင္အားခ်ိနဲ႔သြားေစတာ။ ကံ ေကာင္းတာက တန္ဟက္မွာ စ႐ိုက္ေကာင္းေတြရွိေနတယ္။ ဒါကို သူေျပာင္း လဲပစ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ကုန္ခါနီးမွာ အသင္းနဲ႔အတူ စာခ်ဳပ္ဖို႔အတြက္ တန္ဟက္ေရာက္လာေတာ့ ကြၽန္ေတာ္ ဆုံ ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္က အထုပ္အပိုးေတြျပင္ေနတာပါ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကြၽန္ေတာ္အသင္းေျပာင္းခ်င္တယ္ေလ။

ဒါေပမဲ့ သူက ကြၽန္ေတာ့္ ကို အသင္းမွာ ဆက္ရွိေနဖို႔ ေျပာခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူက လူတိုင္း ကို အခ်ိန္ေပးခ်င္တာမ်ိဳးေလ။ ရာသီႀကိဳခရီးစဥ္ကို အသင္းနဲ႔အတူလိုက္ဖို႔ ကြၽန္ေတာ္ သေဘာတူခဲ့တယ္။

သူကလည္း သူ႔ကတိ သူတည္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္ ေနာက္တစ္ႀကိမ္ထပ္ၿပီး မကစားခ်င္ေတာ့ဘူး။ ကြၽန္ေတာ္ အပတ္ တိုင္း ကစားခ်င္ၿပီး အေရးပါတဲ့လူလို ျဖစ္ခ်င္တယ္’’ လို႔ ေျပာဆိုသြားခဲ့ပါ တယ္။