
ဗြိတိန်က ပရိသတ်တစ်ဦးဟာ ရာသီကုန်ကျရင် မန်ချက်စတာယူနိုက်တက်
အသင်း ဖလား(၄)လုံးရမယ်ဆိုတဲ့ ဘွတ်ကီဒိုင်တွေရဲ့ ဖွင့်လှစ်မှုအတွက်
(၂၅)ပေါင် လောင်းကြေးထိုးထားပြီး တကယ်လို့ အဲဒီအတိုင်းသာ
ဖြစ်လာမယ်ဆိုရင် သူ့ လောင်းကြေးထက် အဆ(၂၀၀၀)ကျော်ပမာဏ
ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
အဲရစ်တန်ဟက်ရဲ့ ဦးဆောင်မှုနဲ့အတူ ရလဒ်ကောင်းတွေ ရယူပြနေတဲ့
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့ပွဲမှာ (၂-၁)ဂိုးနဲ့အနိုင်ယူပြီး
ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်ခွင့်ရရှိသွားသလို
ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက အာဆင်နယ်နဲ့ (၅)မှတ်သာ ကွာဟနေပြီး
FA ဖလားပြိုင်ပွဲမှာ ပဉ္စမအဆင့်ကို ရောက်ရှိနေတဲ့အပြင် မနက်ဖြန်ကျရင်
လိဂ်ဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်တာကြောင့်
ဒီရာသီ ပထမဆုံးဆုဖလားကိုင်မြှောက်ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေပါပြီ။
ယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်က သူ့အသင်းဟောင်းဟာ
ဒီရာသီမှာ ဖလား(၄)လုံးအထိ ဆွတ်ခူးနိုင်မယ်လို့ အခိုင်အမာပြောထားပြီး
ယူနိုက်တက်တို့ အသင်းသမိုင်းတစ်လျှောက် ဖလား(၄)လုံးရယူနိုင်မယ်လို့
ယုံကြည်နေတာက ပေါလ်စခိုးလ်တစ်ဦးတည်းမဟုတ်ပါဘူး။
ဗြိတိန်နာမည်ကျော် ဘွတ်ကီဒိုင်တစ်ခုဖြစ်တဲ့ Betfair မှာ ယူနိုက်တက်အသင်း
ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ FA ဖလား၊ ယူရိုပါလိဂ်ဖလား ရယူနိုင်မယ်ဆိုတဲ့
ဖွင့်လှစ်မှုအပေါ် ရာသီအစကတည်းက ထိုးကြေးတင်ထားတာက (၁၃)ဦးအထိ
ရှိပြီး အဲဒီထဲက ပရိသတ်တစ်ဦးဟာ (၂၅)ပေါင် လောင်းကြေးထိုးခဲ့ပါတယ်။
Betfair က ယူနိုက်တက်တို့ ဖလား(၄)လုံး ဆွတ်ခူးနိုင်မယ်ဆိုတဲ့ ဖွင့်လှစ်မှု
အတွက် ၂,၅၀၀ လေး/ ၁ လေး သတ်မှတ်ထားပြီး (၂၅)ပေါင် ထိုးခဲ့တဲ့
ပရိသတ်ဟာ ယူနိုက်တက်အသင်း ဖလား(၄)လုံး ရယူနိုင်မယ်ဆိုရင်
မြန်မာကျပ်ငွေ သိန်း(၁,၅၀၀)ကျော် (Google မှာ ဖော်ပြထားတဲ့ တရားဝင်
ဈေးနှုန်းအရ ၁ ပေါင်ကို မြန်မာကျပ်ငွေ ၂,၅၀၇ ကျပ် တန်ဖိုးရှိ)နဲ့ ညီမျှတဲ့
လောင်းကြေးအဖြစ် ပေါင်(၆၂,၅၂၅)ရရှိမှာလည်းဖြစ်ပါတယ်။
[Zawgyi]
ၿဗိတိန္က ပရိသတ္တစ္ဦးဟာ ရာသီကုန္က်ရင္ မန္ခ်က္စတာယူႏိုက္တက္
အသင္း ဖလား(၄)လုံးရမယ္ဆိုတဲ့ ဘြတ္ကီဒိုင္ေတြရဲ႕ ဖြင့္လွစ္မႈအတြက္
(၂၅)ေပါင္ ေလာင္းေၾကးထိုးထားၿပီး တကယ္လို႔ အဲဒီအတိုင္းသာ
ျဖစ္လာမယ္ဆိုရင္ သူ႔ ေလာင္းေၾကးထက္ အဆ(၂၀၀၀)ေက်ာ္ပမာဏ
ပိုင္ဆိုင္ခြင့္ရရွိမွာျဖစ္ပါတယ္။
အဲရစ္တန္ဟက္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ရလဒ္ေကာင္းေတြ ရယူျပေနတဲ့
ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ဘာစီလိုနာနဲ႔ပြဲမွာ (၂-၁)ဂိုးနဲ႔အႏိုင္ယူၿပီး
ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ တက္ေရာက္ခြင့္ရရွိသြားသလို
ပရီးမီးယားလိဂ္မွာ ထိပ္ဆုံးက အာဆင္နယ္နဲ႔ (၅)မွတ္သာ ကြာဟေနၿပီး
FA ဖလားၿပိဳင္ပြဲမွာ ပၪၥမအဆင့္ကို ေရာက္ရွိေနတဲ့အျပင္ မနက္ျဖန္က်ရင္
လိဂ္ဖလားဗိုလ္လုပြဲအျဖစ္ နယူးကာဆယ္နဲ႔ ရင္ဆိုင္ကစားရမွာျဖစ္တာေၾကာင့္
ဒီရာသီ ပထမဆုံးဆုဖလားကိုင္ေျမႇာက္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။
ယူႏိုက္တက္ဂႏၴဝင္ကြင္းလယ္လူ ေပါလ္စခိုးလ္က သူ႔အသင္းေဟာင္းဟာ
ဒီရာသီမွာ ဖလား(၄)လုံးအထိ ဆြတ္ခူးႏိုင္မယ္လို႔ အခိုင္အမာေျပာထားၿပီး
ယူႏိုက္တက္တို႔ အသင္းသမိုင္းတစ္ေလွ်ာက္ ဖလား(၄)လုံးရယူႏိုင္မယ္လို႔
ယုံၾကည္ေနတာက ေပါလ္စခိုးလ္တစ္ဦးတည္းမဟုတ္ပါဘူး။
ၿဗိတိန္နာမည္ေက်ာ္ ဘြတ္ကီဒိုင္တစ္ခုျဖစ္တဲ့ Betfair မွာ ယူႏိုက္တက္အသင္း
ပရီးမီးယားလိဂ္၊ လိဂ္ဖလား၊ FA ဖလား၊ ယူ႐ိုပါလိဂ္ဖလား ရယူႏိုင္မယ္ဆိုတဲ့
ဖြင့္လွစ္မႈအေပၚ ရာသီအစကတည္းက ထိုးေၾကးတင္ထားတာက (၁၃)ဦးအထိ
ရွိၿပီး အဲဒီထဲက ပရိသတ္တစ္ဦးဟာ (၂၅)ေပါင္ ေလာင္းေၾကးထိုးခဲ့ပါတယ္။
Betfair က ယူႏိုက္တက္တို႔ ဖလား(၄)လုံး ဆြတ္ခူးႏိုင္မယ္ဆိုတဲ့ ဖြင့္လွစ္မႈ
အတြက္ ၂,၅၀၀ ေလး/ ၁ ေလး သတ္မွတ္ထားၿပီး (၂၅)ေပါင္ ထိုးခဲ့တဲ့
ပရိသတ္ဟာ ယူႏိုက္တက္အသင္း ဖလား(၄)လုံး ရယူႏိုင္မယ္ဆိုရင္
ျမန္မာက်ပ္ေငြ သိန္း(၁,၅၀၀)ေက်ာ္ (Google မွာ ေဖာ္ျပထားတဲ့ တရားဝင္
ေဈးႏႈန္းအရ ၁ ေပါင္ကို ျမန္မာက်ပ္ေငြ ၂,၅၀၇ က်ပ္ တန္ဖိုးရွိ)နဲ႔ ညီမွ်တဲ့
ေလာင္းေၾကးအျဖစ္ ေပါင္(၆၂,၅၂၅)ရရွိမွာလည္းျဖစ္ပါတယ္။