ယူနိုက်တက်အသင်းရဲ့ မျှော်လင့်ချက်တွေအတွက် အဆုံးအဖြတ်ဖြစ်လာမယ့် ဇန်နဝါရီ ပရီးမီးယားလိဂ်ပွဲကျပ်ကာလ

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အဓိကပစ်မှတ်ထားနေတဲ့ မန်ချက်စတာ

ယူနိုက်တက်အသင်းဟာ အခု ဇန်နဝါရီလအတွင်း ပရီးမီးယားလိဂ်ပွဲကျပ်တွေ
ဆက်တိုက်ကစားရမှာဖြစ်ပြီး အသင်းရဲ့ မျှော်လင့်ချက်တွေအတွက်
အဆုံးအဖြတ်ဖြစ်စေမယ့် ကာလလို့ သတ်မှတ်ရမှာပါ။

အခုလောလောဆယ် ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၇)ပွဲကစား
အပြီးမှာ (၁၁)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၄)ပွဲရှုံး၊ ရမှတ်(၃၅)မှတ်နဲ့ အဆင့်(၄)နေရာမှာ
ရပ်တည်နေပါတယ်။ ထိပ်ဆုံးက အာဆင်နယ်နဲ့ (၉)မှတ်သာ ကွာတော့လို့
ပရီးမီးယားလိဂ်ချန်ပီယံဆုပါ မျှော်လင့်ချက်ရှိနေပေမယ့် အဖြစ်သင့်ဆုံးကတော့

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အဓိက ပစ်မှတ်ထားရမှာပါ။

ရာသီအစပိုင်းက ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း

ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေက အတိုင်းအတာတစ်ခုအထိ ကျေနပ်စရာ
ကောင်းပြီး မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ၊ အက်စတွန်ဗီလာကို အဝေးကွင်းမှာ
ရှုံးခဲ့တာကလွဲလို့ ကျန်တဲ့ပွဲတွေမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရလဒ်ပိုင်ဆိုင်ခဲ့ပါတယ်။

တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ် တားဆီးလို့ မရအောင် ခြေစွမ်းပြနေပြီး ကွင်းလယ်မှာ
ကတ်စ်မဲရိုး၊ အဲရစ်ဆင်တို့ တွဲဖက်မိနေသလို ခံစစ်မှာလည်း လီဆန်ဒရိုမာတီနက်ဇ်၊
ဗာရန်းအတွဲက စိတ်ချရတဲ့အနေအထားဖြစ်ပါတယ်။ နည်းပြအဲရစ်တန်ဟက်
လက်ထက်မှာ ယူနိုက်တက်အသင်းရဲ့ ခြေစွမ်း၊ ကစားသမားတွေရဲ့

စိတ်ဓာတ်ပိုင်းတွေက သိသိသာသာ တိုးတက်ပြောင်းလဲလာပြီး ပရီးမီးယားလိဂ်
နောက်ဆုံး(၄)ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ အဲရစ်တန်ဟက်နဲ့ သရဲနီတပ်ဖွဲ့ဝင်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုက
ရှေ့မှာစောင့်ကြိုနေပါပြီ။ ယူနိုက်တက်အသင်းဟာ နောက်တစ်ပတ်ကျရင်
ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပထမ
အကျော့တုန်းက (၆-၃)ဂိုးနဲ့ မရှုမလှရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို အိုးလ်ထရက်ဖို့ဒ်မှာ
ပြန်ဆပ်နိုင်ဖို့ ယူနိုက်တက် ကြိုးစားရမှာဖြစ်ပြီး အဲဒီပွဲအပြီး ဇန်နဝါရီ(၂၂)ရက်ကျရင်

အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်း ပွဲကျပ် ထပ်ကစားရမှာပါ။

မန်စီးတီး၊ အာဆင်နယ်တို့နဲ့ပွဲတွေက ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်

မျှော်လင့်ချက်အတွက် အဆုံးအဖြတ်ဖြစ်စေနိုင်သလို ပရီးမီးယားလိဂ်ချန်ပီယံဆုရဖို့
တိုက်ပွဲဝင်နေကြတဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့အတွက်လည်း အပြောင်းအလဲ
တစ်ခုဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ဇန်နဝါရီပွဲကျပ်ကာလကို ယူနိုက်တက်တို့
အကောင်းဆုံးကျော်ဖြတ်နိုင်မလား . . ဒါမှမဟုတ် မထင်မှတ်ဘဲ ခြေချော်
သွားမလားဆိုတာကတော့ . . .

[Zawgyi]

လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အဓိကပစ္မွတ္ထားေနတဲ့ မန္ခ်က္စတာ
ယူႏိုက္တက္အသင္းဟာ အခု ဇန္နဝါရီလအတြင္း ပရီးမီးယားလိဂ္ပြဲက်ပ္ေတြ

ဆက္တိုက္ကစားရမွာျဖစ္ၿပီး အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ေတြအတြက္
အဆုံးအျဖတ္ျဖစ္ေစမယ့္ ကာလလို႔ သတ္မွတ္ရမွာပါ။

အခုေလာေလာဆယ္ ယူႏိုက္တက္တို႔ ပရီးမီးယားလိဂ္ပြဲစဥ္(၁၇)ပြဲကစား
အၿပီးမွာ (၁၁)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၄)ပြဲရႈံး၊ ရမွတ္(၃၅)မွတ္နဲ႔ အဆင့္(၄)ေနရာမွာ
ရပ္တည္ေနပါတယ္။ ထိပ္ဆုံးက အာဆင္နယ္နဲ႔ (၉)မွတ္သာ ကြာေတာ့လို႔
ပရီးမီးယားလိဂ္ခ်န္ပီယံဆုပါ ေမွ်ာ္လင့္ခ်က္ရွိေနေပမယ့္ အျဖစ္သင့္ဆုံးကေတာ့
ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အဓိက ပစ္မွတ္ထားရမွာပါ။

ရာသီအစပိုင္းက ဘ႐ိုက္တန္၊ ဘရန႔္ဖို႔ဒ္တို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း
ယူႏိုက္တက္အသင္းရဲ႕ ရလဒ္ေတြက အတိုင္းအတာတစ္ခုအထိ ေက်နပ္စရာ

ေကာင္းၿပီး မန္စီးတီးကို ဂိုးျပတ္ရႈံးနိမ့္ခဲ့တာ၊ အက္စတြန္ဗီလာကို အေဝးကြင္းမွာ
ရႈံးခဲ့တာကလြဲလို႔ က်န္တဲ့ပြဲေတြမွာ ျဖစ္သင့္ျဖစ္ထိုက္တဲ့ ရလဒ္ပိုင္ဆိုင္ခဲ့ပါတယ္။

တိုက္စစ္မွာ ရပ္ရွ္ဖို႔ဒ္ တားဆီးလို႔ မရေအာင္ ေျခစြမ္းျပေနၿပီး ကြင္းလယ္မွာ
ကတ္စ္မဲ႐ိုး၊ အဲရစ္ဆင္တို႔ တြဲဖက္မိေနသလို ခံစစ္မွာလည္း လီဆန္ဒ႐ိုမာတီနက္ဇ္၊
ဗာရန္းအတြဲက စိတ္ခ်ရတဲ့အေနအထားျဖစ္ပါတယ္။ နည္းျပအဲရစ္တန္ဟက္
လက္ထက္မွာ ယူႏိုက္တက္အသင္းရဲ႕ ေျခစြမ္း၊ ကစားသမားေတြရဲ႕
စိတ္ဓာတ္ပိုင္းေတြက သိသိသာသာ တိုးတက္ေျပာင္းလဲလာၿပီး ပရီးမီးယားလိဂ္

ေနာက္ဆုံး(၄)ပြဲဆက္တိုက္ အႏိုင္ရခဲ့ပါတယ္။

ဒါေပမဲ့ အဲရစ္တန္ဟက္နဲ႔ သရဲနီတပ္ဖြဲ႕ဝင္ေတြအတြက္ ႀကီးမားတဲ့စိန္ေခၚမႈက

ေရွ႕မွာေစာင့္ႀကိဳေနပါၿပီ။ ယူႏိုက္တက္အသင္းဟာ ေနာက္တစ္ပတ္က်ရင္
ပြဲႀကီးပြဲေကာင္းအျဖစ္ မန္စီးတီးနဲ႔ မန္ခ်က္စတာဒါဘီပြဲ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ပထမ
အေက်ာ့တုန္းက (၆-၃)ဂိုးနဲ႔ မရႈမလွရႈံးနိမ့္ခဲ့တဲ့ ရႈံးေႂကြးကို အိုးလ္ထရက္ဖို႔ဒ္မွာ
ျပန္ဆပ္ႏိုင္ဖို႔ ယူႏိုက္တက္ ႀကိဳးစားရမွာျဖစ္ၿပီး အဲဒီပြဲအၿပီး ဇန္နဝါရီ(၂၂)ရက္က်ရင္
အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္အေဝးကြင္း ပြဲက်ပ္ ထပ္ကစားရမွာပါ။

မန္စီးတီး၊ အာဆင္နယ္တို႔နဲ႔ပြဲေတြက ယူႏိုက္တက္အသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္
ေမွ်ာ္လင့္ခ်က္အတြက္ အဆုံးအျဖတ္ျဖစ္ေစႏိုင္သလို ပရီးမီးယားလိဂ္ခ်န္ပီယံဆုရဖို႔

တိုက္ပြဲဝင္ေနၾကတဲ့ အာဆင္နယ္နဲ႔ မန္စီးတီးတို႔အတြက္လည္း အေျပာင္းအလဲ
တစ္ခုျဖစ္သြားႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဇန္နဝါရီပြဲက်ပ္ကာလကို ယူႏိုက္တက္တို႔
အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္မလား . . ဒါမွမဟုတ္ မထင္မွတ္ဘဲ ေျခေခ်ာ္
သြားမလားဆိုတာကေတာ့ . . .