ယူနိုက်တက်အသင်းမှာ ဆေးစစ်မှုခံယူတော့မယ့် ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဘတ်လန်

ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဘတ်လန်းဟာ မန်ချက်စတာယူနိုက်တက်

အသင်းကို အငှားနဲ့ပြောင်းရွှေ့ဖို့အတွက် ဒီနေ့မှာ ဆေးစစ်မှုခံယူတော့မှာ
ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။

ဒီရာသီအစပိုင်းက နယူးကာဆယ်ကနေ ယူနိုက်တက်ကို တစ်ရာသီအငှားနဲ့
ပြောင်းရွှေ့ခဲ့သူ ဆလိုဗက်ကီးယားဂိုးသမား ဒူဘရက်ဗ်ကာကို စာချုပ်
မပြည့်ခင်မှာပဲ မိခင်ကလပ် နယူးကာဆယ်အသင်းက ပြန်ခေါ်သွားပြီဖြစ်တဲ့
အတွက် ယူနိုက်တက်အသင်းမှာ အရန်ဂိုးသမားဆိုလို့ တွမ်ဟီတန်၊
နေးလ်ဘစ်ရှော့ပ်တို့သာ ရှိပါတော့တယ်။

အဲဒါကြောင့် နည်းပြအဲရစ်တန်ဟက်ဟာ နံပါတ်(၁)ဂိုးသမား ဒီဂီယာရဲ့နောက်မှာ
အရန်အဖြစ်ထားဖို့ ဝါရင့်ဂိုးသမားတစ်ဦးခေါ်ချင်နေတာဖြစ်ပြီး ဘတ်လန်းကို

အငှားနဲ့ခေါ်ဖို့ ပြီးခဲ့တဲ့တစ်ပတ်က စတင်ကမ်းလှမ်းခဲ့ပါတယ်။

အခုအချိန်မှာတော့ ဘတ်လန်းဟာ ယူနိုက်တက်အသင်းနဲ့ ရာသီကုန်အထိ (၆)လ

အငှားစာချုပ်,ချုပ်ဆိုဖို့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ လာရောက်ဆေးစစ်မှု
ခံယူမှာဖြစ်တယ်လို့ နာမည်ကျော် The Athletic ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းနဲ့ ဘတ်လန်းတို့ စာချုပ်,ချုပ်ပြီးရင် လာမယ့်သောကြာနေ့မှာ
ကစားမယ့် အဲဗာတန်နဲ့ FA ဖလားပွဲ ဒါမှမဟုတ် နောက်တစ်ပတ်မှာ ချာလ်တန်နဲ့
ကစားမယ့် လိဂ်ဖလားပွဲမှာ ဘတ်လန်းတစ်ယောက် ယူနိုက်တက်အတွက်
ပွဲဦးထွက်ကစားခွင့်ရဖို့ရှိပါတယ်။

[Zawgyi]

ခရစၥတယ္ပဲေလ့စ္ဂိုးသမား ဘတ္လန္းဟာ မန္ခ်က္စတာယူႏိုက္တက္
အသင္းကို အငွားနဲ႔ေျပာင္းေ႐ႊ႕ဖို႔အတြက္ ဒီေန႔မွာ ေဆးစစ္မႈခံယူေတာ့မွာ
ျဖစ္တယ္လို႔ သတင္းထြက္ေနပါတယ္။

ဒီရာသီအစပိုင္းက နယူးကာဆယ္ကေန ယူႏိုက္တက္ကို တစ္ရာသီအငွားနဲ႔
ေျပာင္းေ႐ႊ႕ခဲ့သူ ဆလိုဗက္ကီးယားဂိုးသမား ဒူဘရက္ဗ္ကာကို စာခ်ဳပ္

မျပည့္ခင္မွာပဲ မိခင္ကလပ္ နယူးကာဆယ္အသင္းက ျပန္ေခၚသြားၿပီျဖစ္တဲ့
အတြက္ ယူႏိုက္တက္အသင္းမွာ အရန္ဂိုးသမားဆိုလို႔ တြမ္ဟီတန္၊
ေနးလ္ဘစ္ေရွာ့ပ္တို႔သာ ရွိပါေတာ့တယ္။

အဲဒါေၾကာင့္ နည္းျပအဲရစ္တန္ဟက္ဟာ နံပါတ္(၁)ဂိုးသမား ဒီဂီယာရဲ႕ေနာက္မွာ
အရန္အျဖစ္ထားဖို႔ ဝါရင့္ဂိုးသမားတစ္ဦးေခၚခ်င္ေနတာျဖစ္ၿပီး ဘတ္လန္းကို
အငွားနဲ႔ေခၚဖို႔ ၿပီးခဲ့တဲ့တစ္ပတ္က စတင္ကမ္းလွမ္းခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ဘတ္လန္းဟာ ယူႏိုက္တက္အသင္းနဲ႔ ရာသီကုန္အထိ (၆)လ
အငွားစာခ်ဳပ္,ခ်ဳပ္ဆိုဖို႔ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ လာေရာက္ေဆးစစ္မႈ
ခံယူမွာျဖစ္တယ္လို႔ နာမည္ေက်ာ္ The Athletic ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္အသင္းနဲ႔ ဘတ္လန္းတို႔ စာခ်ဳပ္,ခ်ဳပ္ၿပီးရင္ လာမယ့္ေသာၾကာေန႔မွာ
ကစားမယ့္ အဲဗာတန္နဲ႔ FA ဖလားပြဲ ဒါမွမဟုတ္ ေနာက္တစ္ပတ္မွာ ခ်ာလ္တန္နဲ႔

ကစားမယ့္ လိဂ္ဖလားပြဲမွာ ဘတ္လန္းတစ္ေယာက္ ယူႏိုက္တက္အတြက္
ပြဲဦးထြက္ကစားခြင့္ရဖို႔ရွိပါတယ္။