
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့
သြစတြီးယားလက်ရွေးစင် ကွင်းလယ်လူ မာဆယ်ဆာဘစ်ဇာကို
ရာသီကုန်အထိ အငှားနဲ့ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဆာဘစ်ဇာဟာ ၂၀၂၁ ခုနှစ်က
လိုက်ပ်ဇ်စ်ကနေ ဘိုင်ယန်မြူးနစ်ကို ယူရို(၁၆)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး
အသင်းအတွက် (၅၄)ပွဲကစား၊ (၂)ဂိုးသွင်းယူခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့
စနေနေ့က ရက်ဒင်းနဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ
ရရှိခဲ့တာကြောင့် (၃)လလောက်အထိ အနားယူရမှာဖြစ်လို့
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ပိတ်ဖို့ နာရီပိုင်း
အလိုမှာ ကွင်းလယ်လူတစ်ဦးကို အပူတပြင်းရှာဖွေခဲ့ရပြီး
ဆာဘစ်ဇာရဲ့ အပြောင်းအရွှေ့အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့
သဘောတူညီမှုရခဲ့ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ ဆာဘစ်ဇာကို ရာသီကုန်အထိ အငှားနဲ့
ခေါ်ယူခဲ့ပေမယ့် စာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီချက်တော့
မပါဝင်ပါဘူး။ သြတြီးယားလက်ရွေးစင်အသင်းအတွက် (၆၈)ပွဲ
ကစားခဲ့သူ ဆာဘစ်ဇာဟာ ယူနိုက်တက်အသင်းမှာ ကစားခွင့်ရမယ့်
ပထမဆုံးသြစတြီးယားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်စနေနေ့ကျရင် ခရစ္စတယ်ပဲလေ့စ်နဲ့
ပရီးမီးယားလိဂ်အိမ်ကွင်းပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ ဆာဘစ်ဇာ
အသင်းသစ်အတွက် ပွဲဦးထွက်ကစားဖို့ရှိပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕
ၾသစႀတီးယားလက္ေ႐ြးစင္ ကြင္းလယ္လူ မာဆယ္ဆာဘစ္ဇာကို
ရာသီကုန္အထိ အငွားနဲ႔ေခၚယူလိုက္ၿပီျဖစ္ပါတယ္။
အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဆာဘစ္ဇာဟာ ၂၀၂၁ ခုႏွစ္က
လိုက္ပ္ဇ္စ္ကေန ဘိုင္ယန္ျမဴးနစ္ကို ယူ႐ို(၁၆)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး
အသင္းအတြက္ (၅၄)ပြဲကစား၊ (၂)ဂိုးသြင္းယူခဲ့ပါတယ္။
ယူႏိုက္တက္အသင္းရဲ႕ အဓိကကြင္းလယ္လူ အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့
စေနေန႔က ရက္ဒင္းနဲ႔ကစားခဲ့တဲ့ FA ဖလားပြဲမွာ ေျခခ်င္းဝတ္ဒဏ္ရာ
ရရွိခဲ့တာေၾကာင့္ (၃)လေလာက္အထိ အနားယူရမွာျဖစ္လို႔
ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ပိတ္ဖို႔ နာရီပိုင္း
အလိုမွာ ကြင္းလယ္လူတစ္ဦးကို အပူတျပင္းရွာေဖြခဲ့ရၿပီး
ဆာဘစ္ဇာရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔
သေဘာတူညီမႈရခဲ့ပါတယ္။
ယူႏိုက္တက္အသင္းအေနနဲ႔ ဆာဘစ္ဇာကို ရာသီကုန္အထိ အငွားနဲ႔
ေခၚယူခဲ့ေပမယ့္ စာခ်ဳပ္ထဲမွာ အၿပီးသတ္ေခၚယူဖို႔ သေဘာတူညီခ်က္ေတာ့
မပါဝင္ပါဘူး။ ၾသႀတီးယားလက္ေ႐ြးစင္အသင္းအတြက္ (၆၈)ပြဲ
ကစားခဲ့သူ ဆာဘစ္ဇာဟာ ယူႏိုက္တက္အသင္းမွာ ကစားခြင့္ရမယ့္
ပထမဆုံးၾသစႀတီးယားကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဟာ လာမယ့္စေနေန႔က်ရင္ ခရစၥတယ္ပဲေလ့စ္နဲ႔
ပရီးမီးယားလိဂ္အိမ္ကြင္းပြဲကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာ ဆာဘစ္ဇာ
အသင္းသစ္အတြက္ ပြဲဦးထြက္ကစားဖို႔ရွိပါတယ္။