
မန်ချက်စတာယူနိုက်တက် အမျိုးသားအသင်းကွင်းလယ်လူ
ကတ်စ်မဲရိုးနဲ့ အမျိုးသမီးအသင်းဂိုးသမားဖြစ်သူ မယ်ရီအာ့ပ်စ်
တို့ဟာ ၂၀၂၂ FIFA The Best ဆုပေးပွဲမှာ အကောင်းဆုံးဆုတွေ
ရယူခဲ့ပြီး သူတို့အသင်းတွေအတွက် ဂုဏ်ယူစရာဖြစ်အောင်
စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။
အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ကတ်စ်မဲရိုးဟာ ဒီရာသီအစကမှ
ရီးယဲလ်ကနေ ယူနိုက်တက်ကို ပေါင်သန်း(၇၀)နဲ့ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့
တန်ဖိုးနဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်ပြသနေသလို မကြာသေးခင်ကမှ
ယူနိုက်တက်အသင်းအတွက် ပထမဆုံးဆုဖလားအဖြစ် လိဂ်ဖလား
ချန်ပီယံဆု ရယူခဲ့ပါတယ်။
ဒ့ါအပြင် ကတ်စ်မဲရိုးဟာ ၂၀၂၂ ခုနှစ်အတွင်း ရီးယဲလ်အသင်းနဲ့အတူ
(၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါဖလားတွေ ဆွတ်ခူး
ခဲ့တာကြောင့် FIFA FIFPRO ရဲ့ အကောင်းဆုံးကစားသမား(၁၁)ဦးထဲမှာ
တစ်ဦးအပါအဝင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၂၂ FIFA FIFPRO ရဲ့ အကောင်းဆုံးကစားသမား(၁၁)ဦးစာရင်းမှာ
ကတ်စ်မဲရိုးဟာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတာဖြစ်သလို ဒီစာရင်းမှာ
ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော ယူနိုက်တက်ကစားသမားလည်းဖြစ်ပါတယ်။
ကတ်စ်မဲရိုးလိုပဲ ယူနိုက်တက်အမျိုးသမီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်
ဂိုးသမား မယ်ရီအာ့ပ်စ်ကလည်း ၂၀၂၂ ခုနှစ်အတွက် အမျိုးသမီးအကောင်းဆုံး
ဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ မယ်ရီအာ့ပ်စ်ဟာ ယူရို-၂၀၂၂ ပြိုင်ပွဲမှာ
အင်္ဂလန်အမျိုးသမီးအသင်း ချန်ပီယံဖြစ်အောင် လက်စွမ်းပြကာကွယ်မှုတွေ
လုပ်နိုင်ခဲ့ပြီး အမျိုးသမီးအကောင်းဆုံးဂိုးသမားဆု ရရှိခဲ့တဲ့ ပထမဆုံး
ယူနိုက်တက်ကစားသမားအဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ အမ်ိဳးသားအသင္းကြင္းလယ္လူ
ကတ္စ္မဲ႐ိုးနဲ႔ အမ်ိဳးသမီးအသင္းဂိုးသမားျဖစ္သူ မယ္ရီအာ့ပ္စ္
တို႔ဟာ ၂၀၂၂ FIFA The Best ဆုေပးပြဲမွာ အေကာင္းဆုံးဆုေတြ
ရယူခဲ့ၿပီး သူတို႔အသင္းေတြအတြက္ ဂုဏ္ယူစရာျဖစ္ေအာင္
စြမ္းေဆာင္ႏိုင္ခဲ့ၾကပါတယ္။
အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကတ္စ္မဲ႐ိုးဟာ ဒီရာသီအစကမွ
ရီးယဲလ္ကေန ယူႏိုက္တက္ကို ေပါင္သန္း(၇၀)နဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး သူ႔ရဲ႕
တန္ဖိုးနဲ႔ထိုက္တန္တဲ့ စြမ္းေဆာင္ရည္ျပသေနသလို မၾကာေသးခင္ကမွ
ယူႏိုက္တက္အသင္းအတြက္ ပထမဆုံးဆုဖလားအျဖစ္ လိဂ္ဖလား
ခ်န္ပီယံဆု ရယူခဲ့ပါတယ္။
ဒ့ါအျပင္ ကတ္စ္မဲ႐ိုးဟာ ၂၀၂၂ ခုႏွစ္အတြင္း ရီးယဲလ္အသင္းနဲ႔အတူ
(၅)ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားနဲ႔ လာလီဂါဖလားေတြ ဆြတ္ခူး
ခဲ့တာေၾကာင့္ FIFA FIFPRO ရဲ႕ အေကာင္းဆုံးကစားသမား(၁၁)ဦးထဲမွာ
တစ္ဦးအပါအဝင္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။
၂၀၂၂ FIFA FIFPRO ရဲ႕ အေကာင္းဆုံးကစားသမား(၁၁)ဦးစာရင္းမွာ
ကတ္စ္မဲ႐ိုးဟာ ပထမဆုံးအႀကိမ္ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္သလို ဒီစာရင္းမွာ
ပါဝင္ခဲ့တဲ့ တစ္ဦးတည္းေသာ ယူႏိုက္တက္ကစားသမားလည္းျဖစ္ပါတယ္။
ကတ္စ္မဲ႐ိုးလိုပဲ ယူႏိုက္တက္အမ်ိဳးသမီးအသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္
ဂိုးသမား မယ္ရီအာ့ပ္စ္ကလည္း ၂၀၂၂ ခုႏွစ္အတြက္ အမ်ိဳးသမီးအေကာင္းဆုံး
ဂိုးသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မယ္ရီအာ့ပ္စ္ဟာ ယူ႐ို-၂၀၂၂ ၿပိဳင္ပြဲမွာ
အဂၤလန္အမ်ိဳးသမီးအသင္း ခ်န္ပီယံျဖစ္ေအာင္ လက္စြမ္းျပကာကြယ္မႈေတြ
လုပ္ႏိုင္ခဲ့ၿပီး အမ်ိဳးသမီးအေကာင္းဆုံးဂိုးသမားဆု ရရွိခဲ့တဲ့ ပထမဆုံး
ယူႏိုက္တက္ကစားသမားအျဖစ္ သတ္မွတ္ခံလိုက္ရၿပီျဖစ္ပါတယ္။