ယူနိုက်တက်အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေ ပစ်မှတ်ထားနေတဲ့ ယာအိုဖိလစ်ရဲ့အပြောင်းအရွှေ့ကိစ္စအတွက် ဗြိတိန်ကို သွားမယ့် ဂျော့ချ်မန်ဒက်စ်

ပေါ်တူဂီလူငယ်ကြယ်ပွင့် ယာအိုဖိလစ်ရဲ့ နာမည်ကျော်အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ဟာ

သူ့ကစားသမားရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး အခုတစ်ပတ်အတွင်း ဗြိတိန်ကို
လေယာဉ်နဲ့ သွားမှာဖြစ်ပါတယ်။

အသက်(၂၃)နှစ်သာရှိသေးတဲ့ တိုက်စစ်ကစားသမား ယာအိုဖိလစ်ဟာ ပေါ်တူဂီ
အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့ပြီး အခု ကွာတားဖိုင်နယ်က
ထွက်ခဲ့ရပြီဖြစ်တာကြောင့် လာမယ့်ဇန်နဝါရီကျရင် အသင်းပြောင်းဖို့ကိစ္စ အထမြောက်အောင်
အာရုံစိုက်သွားဖို့ရှိပါတယ်။

ယာအိုဖိလစ်ဟာ နည်းပြဖြစ်သူ ဆီမြွန်နီနဲ့ အဆင်မပြေဖြစ်နေပြီး အက်သလက်တီကို
အသင်းမှာ ဆက်ကစားဖို့ ဆန္ဒမရှိတော့တဲ့အတွက် ဂျော့ချ်မန်ဒက်စ်ဟာ ယာအိုဖိလစ်
အသင်းပြောင်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

Sunday Mirror သတင်းစာက ဂျော့ချ်မန်ဒက်စ်ဟာ ဗြိတိန်နိုင်ငံကို သွားပြီးတော့
ယာအိုဖိလစ်ကို ခေါ်ချင်နေတဲ့အသင်းတွေနဲ့ တွေ့ဆုံစကားပြောဆိုသွားမှာဖြစ်တယ်လို့

ဖော်ပြခဲ့ပါတယ်။

ယာအိုဖိလစ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေတယ်လို့

သတင်းထွက်နေပြီး ထူးခြားတာက နယူးကာဆယ်နဲ့ အက်စတွန်ဗီလာအသင်းတို့ကလည်း
ယာအိုဖိလစ်ကို ခေါ်ချင်တဲ့အသင်းတွေထဲမှာ အံ့အားသင့်စရာပါဝင်နေတာဖြစ်ပါတယ်။

[Zawgyi]

ေပၚတူဂီလူငယ္ၾကယ္ပြင့္ ယာအိုဖိလစ္ရဲ႕ နာမည္ေက်ာ္ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္ဒက္စ္ဟာ
သူ႔ကစားသမားရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ပတ္သက္ၿပီး အခုတစ္ပတ္အတြင္း ၿဗိတိန္ကို
ေလယာဥ္နဲ႔ သြားမွာျဖစ္ပါတယ္။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ တိုက္စစ္ကစားသမား ယာအိုဖိလစ္ဟာ ေပၚတူဂီ
အသင္းနဲ႔အတူ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ဆင္ႏႊဲခဲ့ၿပီး အခု ကြာတားဖိုင္နယ္က
ထြက္ခဲ့ရၿပီျဖစ္တာေၾကာင့္ လာမယ့္ဇန္နဝါရီက်ရင္ အသင္းေျပာင္းဖို႔ကိစၥ အထေျမာက္ေအာင္
အာ႐ုံစိုက္သြားဖို႔ရွိပါတယ္။

ယာအိုဖိလစ္ဟာ နည္းျပျဖစ္သူ ဆီႁမြန္နီနဲ႔ အဆင္မေျပျဖစ္ေနၿပီး အက္သလက္တီကို
အသင္းမွာ ဆက္ကစားဖို႔ ဆႏၵမရွိေတာ့တဲ့အတြက္ ေဂ်ာ့ခ်္မန္ဒက္စ္ဟာ ယာအိုဖိလစ္

အသင္းေျပာင္းႏိုင္ေအာင္ စီစဥ္ေဆာင္႐ြက္ေပးရမွာျဖစ္ပါတယ္။

Sunday Mirror သတင္းစာက ေဂ်ာ့ခ်္မန္ဒက္စ္ဟာ ၿဗိတိန္ႏိုင္ငံကို သြားၿပီးေတာ့

ယာအိုဖိလစ္ကို ေခၚခ်င္ေနတဲ့အသင္းေတြနဲ႔ ေတြ႕ဆုံစကားေျပာဆိုသြားမွာျဖစ္တယ္လို႔
ေဖာ္ျပခဲ့ပါတယ္။

ယာအိုဖိလစ္ကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းက စိတ္ဝင္စားေနတယ္လို႔
သတင္းထြက္ေနၿပီး ထူးျခားတာက နယူးကာဆယ္နဲ႔ အက္စတြန္ဗီလာအသင္းတို႔ကလည္း
ယာအိုဖိလစ္ကို ေခၚခ်င္တဲ့အသင္းေတြထဲမွာ အံ့အားသင့္စရာပါဝင္ေနတာျဖစ္ပါတယ္။